ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ လူနေရပ်ကွက်အတွင်းကို ဒီနေ့မနက်အစောပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးငယ်အပါအဝင် ပြည်သူ ၅ ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇူလိုင်လ ၃၀ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ကွတ်ခိုင်မြို့ပေါ် အမှတ် ၂ ရပ်ကွက်ရှိ ရာစု ၂ ဟိုတယ်နဲ့ အနီးဝန်းကျင်ကို လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ဟိုတယ်နဲ့ အနီးနား နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပြီး ကလေးငယ်အပါအဝင် ပြည်သူ ၆ ယောက်သေဆုံးကာ ၇ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Video – ဆဏ်းမောင် ကွတ်ခိုင်

0 Shares:
You May Also Like
Read More

ဒီမော့ဆိုမြို့နယ်အတွင်း စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် KSP ရဲဘော် ၅ ဦး ကျဆုံး (ရုပ်/သံ)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းရှိ ကရင်နီပြည်ရဲဌာန (KSP) ကို အကြမ်းဖက်စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် KSP ရဲဘော် ၅ယောက် ကျဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မြိုင်မြို့နယ် စက်မှု ၂ က ထွက်လာတဲ့ စစ်ကောင်စီတပ်ခြေလျင်စစ်ကြောင်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ် စက်မှု ၂ မှ ဘုန်းကံရွာသို့ ထွက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ခြေလျင်စစ် ကြောင်းကို ဇန်နဝါရီ ၃၀ ရက်က ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘာမထီ လက်နက် ကြီးပြောက်ကျားတပ်ဖွဲ့ မြိုင်ထံက သိရပါတယ်။
Read More

ရှမ်း-မန်းစစ်ဆင်ရေးပြန် ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်း ရဲဘော်တွေကို ပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

ရှမ်း-မန်စစ်ဆင်ရေးအတွင်း မြို့သိမ်းတိုက်ပွဲတွေ ပါဝင်တိုက်ခိုက်ပြီး စစ်ကိုင်းတိုင်းအတွင်း ပြန် လာကြတဲ့ ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်း ရဲဘော်တွေကို အောင်သပြေပန်းတွေနဲ့ သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

Myingyan Black Tiger (MBT)မြင်းခြံခရိုင်အမှတ်(၉)တပ်ရင်းရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁၄) သင်တန်းဆင်းပွဲမှာ ဗိုလ်မိုက်ခဲပြောကြားချက် (ရုပ်/သံ)

''ကျွန်တော်တို့ ခံယူချက်ရှိရတယ်။ သေချာတာ တစ်ခုကတော့ ကျွန်တော်တို့ လွတ်လွတ်လပ်လပ် နေချင်တယ်။ အိမ်ပြန်နေချင်တယ်။ ဘီယာသောက်ချင်တယ်။ အကုန်လုပ်ချင်တယ်ဗျာ လွတ်လပ်စွာနေချင်တယ်။ အဲလိုမျိုးအနေအထားရောက်ဖို့အတွက် ဒီအာဏာရှင်စနစ်ကို အမြစ်ပြတ်အောင် တိုက်မှာရမယ်။ တိုက်ရဲဖို့လည်း လိုသလို တိုက်မယ်လို့ ဆုံးဖြတ်ချက် ချထားပြီးရင်လည်း နောက်ပြန်ဆုတ်လို့မရဘူး''
Read More

ရွာမီးရှို့ပြီး ထွက်လာသည့် စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၈ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း၊ နတ်မြောက်မြို့နယ်၊ ကုလားရှင်ကျေးရွာကို မီးရှို့ပြီး ထွက်လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းနဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်မြို့နယ် ပကဖထံက သိရပါတယ်။