အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ ဦးဆောင်တဲ့ NUG အစိုးရ တာဝန်ရှိသူတွေဟာ NUG ထိန်းချုပ်နယ်မြေတွေဆီ သွားရောက်ပြီး ဒေသခံ ပြည်သူလူထုအပါအဝင် တော်လှန်ရေးရဲဘော်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ NUG သမ္မတရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။

အဆိုပါခရီးစဉ်ဟာ NUG ထိန်းချုပ်နယ်မြေတွေရဲ့ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ အခွန်ကောက်ခံရေး ယန္တရားတွေနဲ့ အနီးကပ်ထိတွေ့ပြီး တော်လှန်ရေး အောင်မြင်နိုင်ရေးအတွက် အထောက်အကူပြုနိုင်ဖို့နဲ့ မြေပြင်မှာ ဦးဆောင်နေတဲ့ တာဝန်ခံတွေ၊ တော်လှန်ရေး ရဲဘော်ရဲဘက်တွေနဲ့ ထိတွေ့ပြီး ယုံကြည်မှု၊ ခေါင်းဆောင်မှု၊ စနစ်ကျတဲ့ စီမံခန့်ခွဲမှုတွေ တည်ဆောက်သွားနိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ သွားရောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့​အပြင် ထိန်းချုပ်နယ်မြေအတွင်း ဖြစ်ပေါ်နေတဲ့ စိန်ခေါ်မှုတွေနဲ့ အခက်အခဲ ပြဿနာတွေကို သိရှိပြီး အဖြေ ရှာနိုင်ဖို့နဲ့ မြေပြင်မှာ တော်လှန်ရေးတာဝန် ထမ်းဆောင်နေတဲ့ တော်လှန်ရေး ရဲဘော်ရဲဘက်တွေကို တွေ့ဆုံပြီး တော်လှန်ရေးခွန်အားနဲ့ တော်လှန်စိတ် စွမ်းရည်ကို မြှင့်တင်ပေးနိုင်ဖို့လည်း ရည်ရွယ်တယ်လို့ NUG သမ္မတရုံးက ဆိုပါတယ်။

NUG ယာယီသမ္မတအပါအဝင် NUG တာဝန်ရှိသူတွေဟာ မြေပြင် ပြည်သူလူထုနဲ့ တစ်သားတည်းရှိနေတာကို ပြည်သူလူထုဆီ သတင်းစကားပါးပြီး တော်လှန်ရေး စိတ်ခွန်အား ပိုမိုမြှင့်တင်နိုင်စေဖို့လည်း ရည်ရွယ်ကြောင်း NUG သမ္မတရုံးရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အဆိုပါခရီးစဉ်အတွင်း ဒေသခံလူထုအပါအဝင် မြို့နယ်/ခရိုင် အလိုက် ပြည်သူ့အုပ်ချုပ်ရေး တာဝန်ခံတွေ၊ မြို့နယ်/ခရိုင်အလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံတွေ၊ ခရိုင်အလိုက် ပြည်သူ့ ကာကွယ်ရေးတပ်မတော် တပ်ရင်းမှူးတွေ၊ စစ်ဒေသရုံးက စစ်ဒေသမှူးနဲ့ ရုံးအဖွဲ့တွေ၊ မြို့နေ ရပ်မိရပ်ဖိတွေ၊ သံဃာတော်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

NUG ယာယီသမ္မတ ဒူဝါလရှီးလကလည်း ခရီးစဉ်အတွင်း စစ်ဘေး ရှောင် ပြည်သူလူထုနဲ့ တွေ့ဆုံပြီး ကြုံတွေ့ခံစားနေရတဲ့ အခက်အခဲတွေကို အလေးအနက်ထား နားထောင်ခဲ့သလို စိတ်ဓာတ်ခွန်အား ဝေမျှကာ စစ်ဘေးရှောင် ပြည်သူလူထုအတွက် ကူညီလှူဒါန်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါခရီးစဥ်မှာတော့ NUG ယာယီသမ္မတနဲ့အတူ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ပညာရေးနဲ့ ကျန်းမာ ရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်၊ ကျန်းမာရေး ဒုတိယဝန်ကြီး ဒေါက်တာခင်မောင်လွင်၊ နိုင်ငံတော်သမ္မတရုံး အတွင်းဝန် ဦးဘရန်း၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးကွမ်မင်း၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အတွင်းဝန် ဒေါ်နော်ထီးခူနဲ့ ရုံးအဖွဲ့သားတွေ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ခရီးစဥ်တလျှောက် NUG အစိုးရအဖွဲ့ဝင်တွေနဲ့အတူ PDF အမှတ် (၁) စစ်ဒေသမှူးလည်း ပါဝင်ခဲ့ပြီး အစိုးရ တာဝန် ရှိသူတွေရဲ့ လုံခြုံရေးကို အမှတ် (၁) စစ်ဒေသက အထူး တာဝန်ယူ ကြီးကြပ်ဆောင်ရွက်ပေးခဲ့တယ်လို့ NUG သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

တောင်ငူခရိုင်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၂) ယောက် ဒဏ်ရာရပြီး နေအိမ် (၆) လုံး ထိခိုက်ပျက်စီးခဲ့

ပဲခူးတိုင်း၊ တောင်ငူခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၂) ယောက် ဒဏ်ရာရပြီး နေအိမ် (၆) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ယင်းမာပင်ခရိုင် ပကဖ ရဲဘော်တွေရဲ့ သီတင်းကျွတ်လပြည့်ည ဆီမီးပူဇော်ကုသိုလ်ယူနေတဲ့ ပုံရိပ်များ (ဓာတ်ပုံသတင်း)

အောက်တိုဘာ ၁၇ ရက် မနေ့က ကျရောက်တဲ့ သီတင်းကျွတ်လပြည့် ဗုဒ္ဓအခါသမယနေ့မှာ ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေရဲ့ ဆီမီးပူဇော်ကုသိုလ်ယူနေတဲ့ ပုံရိပ်တွေကို ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ကပစ-၂၁ က စစ်ကားတွေ​ ဆော-ဆိပ်ဖြူလမ်းပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃ပွင့်ဗိုလ်အပါ ၄ယောက် သေ၊ ၅ယောက် ဒဏ်ရာရ

မကွေးတိိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ ကပစ ၂၁က ထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၃ပွင့်အရာရှိ အပါအဝင် စစ်သား ၄ ယောက်သေပြီး ထိခိုက်ဒဏ်ရာရသူ ၅ ယောက်ရှိခဲ့ကြောင်း ပခုက္ကူခရိုင်တပ်ရင်း (၄) ၊ တပ်ခွဲ (၁) သတင်းထောက်လှမ်းရေးက မောင်းကို ပြောပါတယ်။
Read More

ဒီဇင်ဘာ ၁၀ ရက်နေ့ အပြင်မထွက်၊ အသံတိတ်သပိတ် ပြုလုပ်မည်

“လူ့အခွင့်အရေးပျောက်ဆုံးနေတဲ့ နိုင်ငံတစ်နိုင်ငံက နိုင်ငံသားတွေရဲ့ တိတ်ဆိတ်ခြင်းနဲ့ ကြွေးကြော်သံကို ကမ္ဘာတစ်ဝှမ်းက ကြားအောင် လုပ်ဆောင်ရမယ်” လို့ GSCB က ဆိုပါတယ်။
Read More

စစ်တောင်းမြစ်အရှေ့ခြမ်းမှာ စစ်ကောင်စီတပ်နဲ့ PDF တပ်တွေ ၂ ရက်ဆက်တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၁၂ယောက်သေ…

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စစ်​ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ၂ရက်တာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်တွေထိခိုက်သေဆုံးကာပြန်လည်ဆုတ်ခွာသွားတယ်လို့ နေပြည်တော် PDF စစ်ကြောင်း တပ်ရင်း ၉၀၁ တာဝန်ရှိသူက မောင်းသတင်းဌာနကိုပြောပါတယ်။
Read More

မန္တလေးငလျင်ကြီးဟု အတူတူ ခေါ်ဝေါ်ကြဖို့ ဇော်မင်းထွန်း ပြော

မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၇ ရစ်ချ်တာစကေးရှိ ငလျင်ကြီးနဲ့ ပတ်သက်ပြီး ခေါ်ဝေါ် ရည်ညွှန်းရာမှာ မန္တလေးငလျင်ကြီးလို့ သုံးနှုန်းကြဖို့ အာဏာသိမ်း စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက ပြောဆိုလိုက်ပါတယ်။