ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ လေကြောင်းတိုက်ခိုက်ခံရတာဟာ တအာင်းတပ်မတော် TNLA ရဲ့ ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်တာဘုန်းကျော် ကွတ်ခိုင်မြို့ကို ရောက်ရှိနေတာကြောင့် စစ်တပ်က တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေမှုအပေါ်  TNLA က ငြင်းဆိုလိုက်ပါတယ်။

စစ်ကောင်စီက ဒီနေ့ မနက်အစောပိုင်း ၁နာရီဝန်းကျင် အများပြည်သူ အိပ်မောကျနေချိန်မှာ ကွတ်ခိုင်မြို့၊ ရပ်ကွက် (၂) ရှိ ရာစုသစ်ဟိုတယ်ကို လေကြောင်းကနေ ပေါင် ၂၅၀ ဗုံး (၂) လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာပါ။

အဆိုပါတိုက်ခိုက်မှုကြောင့် ကလေးငယ် (၁) ယောက်အပါအဝင် အရပ်သားပြည်သူ ၆ ယောက် သေဆုံးခဲ့ပြီး ၇ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၂လုံးနဲ့ တည်းခိုဆောင်တချို့လည်း ပျက်စီးခဲ့ရတာ ဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်တာဘုန်းကျော်က မနေ့က ဇူလိုင် ၂၉ ရက်မှာ ကွတ်ခိုင်မြို့ကို ရောက်ရှိလာပြီး လေကြောင်းတိုက်ခိုက်မှုအတွင်း ပျက်စီးသွားတဲ့ ရာစုသစ်ဟိုတယ်မှာ တည်းနေကြောင်း သတင်းပေါက်ကြားခဲ့တာကြောင့် စစ်ကောင်စီတပ်တွေက လာရောက်တိုက်ခိုက်တာ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကတော့ ဗိုလ်ချုပ်တာဘုန်းကျော်ဟာ ကွတ်ခိုင်မြို့ကို လာရောက်ခြင်းမရှိခဲ့ကြောင်း အခိုင်အမာ ငြင်းဆိုထားပါတယ်။

ကွတ်ခိုင်မြို့ လေကြောင်းတိုက်ခိုက်ခံရပြီး တွေ့ရသည့် အပျက်အစီးများ

“မနေ့က သန်းခေါင်းယံအချိန်မှာ စစ်ကောင်စီဘက်က ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှု ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မှ ကျမတို့ ခေါင်းဆောင် ဗိုလ်ချုပ်က ကွတ်ခိုင်မှာ ရှိလို့ဆိုတာက မမှန်ကန်ဘူး။ ကျမတို့ ခေါင်းဆောင်သွားရောက်တာ မရှိပါဘူး။  စစ်ကောင်စီက အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်တာ ဖြစ်ပါတယ်” လို့ လွေးယေဦးက မောင်းကို ပြောပါတယ်။

ဇူလိုင်လ (၂၉)ရက် မနေ့ကလည်း မိုးကုတ်နဲ့ မိုင်းလုံမြို့နယ်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးတွေ ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၃) ယောက်နဲ့ အမျိုးသမီး (၁) ယောက် သေဆုံးခဲ့ပြီး အမျိုးသား (၁၁) ယောက်နဲ့ အမျိုးသမီး(၇) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က အခုလအတွင်း ကျောက်မဲ၊ မိုင်းငေါ့၊ နောင်ချို၊ သီပေါနဲ့ မိုးကုတ်မြို့နယ်တွေမှာ လေကြောင်းကနေ စုစုပေါင်း (၂၈)ကြိမ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် (၁၅) ယောက် သေဆုံးခဲ့ပြီး (၄၈) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ထုတ်ပြန်ချက်အရ သိရပါတယ်။မြန်မာနိုင်ငံတစ်ဝန်း လေကြောင်းအသုံးပြုပြီး ပြည်သူတွေရှိရာကို ဗုံးကြဲတိုက်ခိုက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေ အမြန်ဆုံး ရပ်တန့်အောင် ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂနဲ့ တရုတ်အပါအဝင် နိုင်ငံတကာအစိုးရတွေကို မေတ္တာရပ်ခံကြောင်းလည်း TNLA က ထုတ်ပြန်ထားပါတယ်။

ကွတ်ခိုင်မြို့ လေကြောင်းတိုက်ခိုက်ခံရပြီး တွေ့ရသည့် အပျက်အစီးများ
0 Shares:
You May Also Like
Read More

ဒီပဲယင်း စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးများ သေဆုံးသည့်အပေါ် ကုလက များစွာ စိုးရိမ်ပူပန်နေပြန်…

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကြားကာလပညာရေး စာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်များ သေဆုံးရမှုအပေါ် များစွာစိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။
Read More

KIA ဖမ်းဆီးခဲ့တဲ့ သတင်းထောက် ၂ ယောက် ပြန်လည်လွတ်မြောက်လာ

ကချင်ပြည်နယ် ဖားကန့်အခြေစိုက် သတင်းထောက် ၂ယောက်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ပြီးခဲ့တဲ့ စက်တင်ဘာ လကုန်ပိုင်းမှာ ဖမ်းဆီးသွားပြီးနောက် ဒီနေ့ အောက်တိုဘာ ၂၇ ရက်မှာ ပြန်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။
Read More

ဂျပန်နိုင်ငံ ပါတီပေါင်းစုံ လွှတ်တော်အမတ်များသမဂ္ဂရဲ့နှစ်ပတ်လည် အစည်းအဝေးကို NUG တက်ရောက် (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံး တာဝန်ရှိသူတွေဟာ မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံအားပေးတဲ့ ပါတီပေါင်းစုံပါဝင်တဲ့ လွှတ်တော်အမတ်များသမဂ္ဂ (Giren)ရဲ့ နှစ်ပတ်လည် အစည်းအဝေးကို တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကော့ကရိတ်မှာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲ ပြင်းထန်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး-ကော့ကရိတ် အာရှလမ်းတလျှောက်မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲတွေ ပြင်းထန်လျက်ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံမှ သိရပါတယ်။
Read More

အောင်လံတွင် ရွေးကောက်ပွဲအတု ပြုလုပ်ချိန် ဆပ်ဆူဝရွာ စစ်တပ်ဂိတ်စခန်းကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲလုပ်နေချိန် ဆပ်ဆူဝရွာ စစ်တပ်ဂိတ်စခန်းကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရိုးမဖိုက်တာ စစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မုံရွာတွင် ကျေးရွာ ၂ ရွာ မီးရှို့လာသည့် အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၃ ဦး မျက်မြင်သေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ကျေးရွာတွေကို မီးရှို့လာတဲ့ စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။