လူမှုကွန်ရက်မှာ လတ်တလော ပျံ့နှံ့နေတဲ့ ထိုင်းနိုင်ငံ၊ ပထုန်ဌာနီရှိ ပထုံဆေးရုံအနီး မြန်မာနိုင်ငံသားကို ထိုင်းအမျိုးသားက ထိုးကြိတ်ခဲ့မှုအတွက် ကူညီဖြေရှင်းဆောင်ရွက်ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၁ ရက်မှာ နစ်နာသူ မြန်မာအမျိုးသားဟာ ထိုင်းနိုင်ငံ၊ ပထုန်ဌာနီရှိ ပထုံဆေးရုံအနီး ဆိုင်ကယ်ဘီးပေါက်ခဲ့ရာ အနီးနားရှိ ဆိုင်မှာ ပြင်ခဲ့ပြီးနောက် ပြင်ဆင်ခ ထိုင်းဘတ်ငွေ ၁၄ဝ ကုန်ကျခဲ့ရာ ဘတ် ၅ဝဝ တန်၊ ဘတ် ၁ဝဝဝ တန်ကိုသာ ပေးချေခဲ့တာဖြစ်ပါတယ်။ ဆိုင်ကယ်ပြင်ဆိုင်က အကြွေလဲပေးဖို့ တောင်းဆိုရာ ညီမဖြစ်သူဆီ အကြွေယူဖို့ ထွက်လာခဲ့ပေမယ့် ဆိုင်ကယ်ပြင်ဆိုင်ကနေ ကားတစ်စီး၊ ဆိုင်ကယ်တစ်စီးနဲ့ လိုက်လာကာ လိမ်ပြေးတယ်လို့ ပြောဆိုပြီး ဆိုင်ကယ်ပြင်ဆိုင်ပိုင်ရှင်က ထိုးကြိတ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါဖြစ်စဥ်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားရဲ့ စိတ်ထိခိုက်နစ်နာမှုအတွက် တရားမျှတမှု ရရှိဖို့ MHAC မဟာမိတ်အဖွဲ့ဆီ အကူအညီ တောင်းခံလာရာ ဇူလိုင်လ ၂၇ ရက်မှာ အဆိုပါ မြန်မာအလုပ်သမားကို သွားရောက်တွေ့ဆုံကာ နှစ်သိမ့်စကားပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် အလုပ်ရှင်သူဌေးအကူအညီနဲ့ ဇူလိုင်လ ၂၉ ရက် မနေ့က သက်ဆိုင်ရာနယ်မြေ ရဲစခန်း Mueang Pathumthani Provincial Police Station မှာ NUG အစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ဦးဆောင်ပြီး MHAC (မဟာမိတ်အဖွဲ့)နဲ့ အလုပ်ရှင်ရဲ့ ရှေ့နေတို့အတူလိုက်ပါကာ နစ်နာမှုကို အမှုဖွင့်တိုင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။

ကျူးလွန်သူ ထိုင်းအမျိုးသားဘက်ကလည်း နယ်မြေခံရဲစခန်းရဲ့ ရဲအရာရှိတွေရှေ့မှာ ဝန်ခံခဲ့ပြီး ကာယကံရှင် မြန်မာအမျိုးသားရဲ့ ဆန္ဒအတိုင်း နစ်နာသူ မြန်မာအမျိုးသားကို တောင်းပန်ကာ လျော်ကြေးအဖြစ် ထိုင်းဘတ်ငွေ ၅ သောင်း ပေးဆောင်စေကာ နောက်ထပ်ပြဿနာမျှ ထပ်မရှာတော့ကြောင်း ခံဝန်လက်မှတ်ရေးထိုးပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် နစ်နာသူ မြန်မာအမျိုးသားကို ကျူးလွန်သူ ထိုင်းအမျိုးသားက အွန်လိုင်းမှတစ်ဆင့် ပြန်လည်တောင်းပန်သွားမယ်လို့လည်း ကတိပေးခဲ့ပြီး အဆိုပါအမှုဖြစ်စဥ်ကို ပြေလည်မှုရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ NUG အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကျဆုံး ကျောင်းသားရဲဘော်များအား Daly City ကျောင်းသားသမဂ္ဂမှ ဂုဏ်ပြု

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Daly City မှာ Daly City ကျောင်းသားသမဂ္ဂက ဇူလိုင် ၂၇ ရက်မှာ ပြုလုပ်တဲ့ လူထုရံပုံငွေစျေးရောင်းပွဲမှာ ပါဝင်ခဲ့ပြီး ကျဆုံးသွားတဲ့ ကျောင်းသားရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ဗကသများ အဖွဲ့ချုပ်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထိုင်းနိုင်ငံတွင် တရားမဝင် မြန်မာနိုင်ငံသား ၃၀ ကျော်ကို ထိုင်းအာဏာပိုင်များ ဖမ်းဆီးထားကြောင်း ထုတ်ပြန်

ထိုင်းနိုင်ငံမှာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၀ ကျော်ကို ဖမ်းဆီးရရှိထားတယ်လို့ ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြန်မာစစ်အုပ်စုကို စစ်လက်နက် တစိုက်မတ်မတ် ရောင်းချပေးနေသည့် တရုတ်အစိုးရပိုင် NORINCO ကုမ္ပဏီအား အရေးယူပေးရန် တောင်းဆို

မြန်မာစစ်အုပ်စုကို စစ်လက်နက် တစိုက်မတ်မတ် ရောင်းချပေးနေသည့် တရုတ်အစိုးရပိုင် NORINCO ကုမ္ပဏီအား အရေးယူပေးရန် Justice For Myanmar (JFM) အဖွဲ့က ယနေ့ထုတ်ပြန် တောင်းဆိုလိုက်သည်။
Read More

အီဖယ်တာဝါမှ ထီးသပိတ်လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

ပြင်သစ်နိုင်ငံ၊ ပါရီမြို့ကနေ ပေးပို့လာတဲ့ ၃၇ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ်အကြို ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံတွေကို ရန်ကုန်လူထုသပိတ်က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စစ်တပ်၏ ရွေးကောက်ပွဲအတုကို လက်မခံကြောင်း တောင်ကိုရီးယားရောက် တော်လှန်ပြည်သူများ ဆန္ဒပြ

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း၊ ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ကြောင်း တောင်ကိုးရီးယားနိုင်ငံရောက် တော်လှန်ပြည်သူတွေက "နိုင်ငံလုံးဆိုင်ရာ ချီတက်ဆန္ဒပြပွဲ" အနေနဲ့ ဆန္ဒပြခဲ့ကြတယ်လို့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) ထံက သိရပါတယ်။
Read More

ထိုင်းအစိုးရက စစ်ကောင်စီကို ဘဏ္ဍာရေးနှင့် သံတမန်ရေးရာအပိုင်းမှာ တက်တက်ကြွကြွ ထောက်ခံအားပေးနေဟု Blood Money ပြော

ထိုင်းအစိုးရဟာ အာဏာသိမ်းစစ်အုပ်စုထံ ဘဏ္ဍာရေးနဲ့ သံတမန်ရေးရာအပိုင်းမှာ အထောက်အပံ့ပြုနေပြီး စစ်ကောင်စီရဲ့ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေမှာ ပါဝင်ခဲ့တယ်လို့ Blood Money သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။