တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်‌ကောင်စီရဲ့ ခမရ တပ်ရင်း (၄၀၃) ဝင်းဝတပ်စခန်းက စစ်သား ၁ ယောက် အလင်းဝင်ဘက်ပြောင်းခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်အရုံး – KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ (၂၉) ရက် မနေ့က ခမရ တပ်ရင်း(၄၀၃) ဝင်းဝတပ်စခန်းက စစ်သား ၁ ယောက်ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်မဟာ (၄)၊ တပ်ရင်း (၁၂)၊ တပ်ခွဲ (၂) ဆီ အလင်းဝင်တာဖြစ်တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်သားဟာ အထက်က တပ်ဗိုလ်တွေအပြင် တပ်ဖွင့်ဝင်အချင်းချင်းပါ ဖိနှိပ်ညှင်းပန်းမှုတွေ ပြုလုပ်တာကြောင့် စခန်းကနေ ထွက်ပြေးလာပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်ခွဲ (၂) ခေါင်းဆောင်တွေနဲ့ ချိတ်ဆက်ကာ ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်စစ်သားဟာ အသက် (၃၈)နှစ် ဖြစ်ပြီး သင်တန်းအမှတ်စဉ် ၆/၂၀၀၆ ရေနီ၊ ဧရာဝတီတိုင်းမှာ သင်တန်းတက်ရောက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ဖြစ်လာသူ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အညာဒေသ ရာသီနဲ့ ကိုက်ညီတဲ့ ပင်နီရောင်ယူနီဖောင်းနဲ့ တိုက်ပွဲဝင်နေတဲ့ အမှတ် (၈) စစ်ကြောင်း…

ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)နဲ့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) တို့ တပ်ဖွဲ့ ၂ ဖွဲ့ ပေါင်းစုတိုက်ပွဲဝင်နေတဲ့ အမှတ် (၈) စစ်ကြောင်းဟာ အညာဒေသ ရာသီနဲ့ ကိုက်ညီတဲ့ ယူနီဖောင်းတွေနဲ့ တိုက်ပွဲဝင်ခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

နမ္မတူမြို့တွင် အကြမ်းဖက်စစ်တပ် လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီး‌ကျောင်း‌ဆောင် (၄) ဆောင် ထိမှန်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း‌ဆောင် (၄)ဆောင် ထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လားရှိုးက ရိုးရာ ဆန်အရက်ချက်စက်ရုံကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

လားရှိုးက ရိုးရာ ဆန်အရက်ချက်စက်ရုံကို စစ်ကောင်စီက လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ စက်ရုံထိခိုက်ပျက်စီးခဲ့ရပြီး လူထိခိုက်မှုတော့ မရှိခဲ့ကြောင်း MNDAA က အသိပေးထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက် ၅၈၇ လက်နက်ကြီးတပ်ရဲ့ လမ်းပြဖြစ်သူကို ရေးဘီလူးအဖွဲ့ ဖမ်းဆီး

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာရှိတဲ့ ၅၈၇ လက်နက်ကြီးတပ်ရဲ့ လမ်းပြဖြစ်သူကို ရေးဘီလူးအဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က အတည်ပြု ပြောဆိုပါတယ်။
Read More

စစ်ကောင်စီ၏ ပစ်ခတ်မှုများကြောင့် တစ်လအတွင်း ကော့ကရိတ်-ကျုံဒိုးအနီးတဝိုက် ပြည်သူ (၁၄) ဦး သေဆုံးခဲ့

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှု ကြောင့် နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့…

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပျဉ်းကတိုးကုန်ကာကျေးရွာအုပ်စု၊ ပိန္နဲကုန်းကျေးရွာအနီးတဝိုက်သို့ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှု ကြောင့် နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားစည်းရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။