တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်အခြေစိုက် အမှတ် (၄၃၁) ခြေမြန်တပ်ရင်းကနေ  စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၁ ယောက် အလင်းဝင်လာတယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား အေးမင်းထွန်းဟာ ဇူလိုင်လ ၂၉ ရက် မနေ့က ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ကို ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံဝင်ရောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အလင်းဝင်စစ်သားဟာ ရွှေဘိုမြို့ အမှတ်(၈) လေ့ကျင့်ရေးသင်တန်း ကျောင်းဆင်းဖြစ်ပြီး ကော့သောင်းမြို့နယ် အခြေစိုက် အမှတ် (၄၃၁) ခြေမြန်တပ်ရင်းဆီ ပို့ဆောင်ခံခဲ့ရကာ တစ်နှစ်ကျော်စစ်မှုထမ်းခဲ့ပြီး အခုအခါ အခွင့်သာခိုက် ထွက်ပြေး အလင်းဝင်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာသူဟာ စစ်တပ်ကနေ ၂ ကြိမ်တိုင် ထွက်ပြေးခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့ဘဲ အခု ၃ ကြိမ် မြောက်မှာတော့ အောင်မြင်စွာ အလင်းဝင်နိုင်ခဲ့တာဖြစ်ပြီး အလင်းဝင်စစ်သားရဲ့ ပြောပြချက်အရ စစ်တပ်ထဲကနေ ထွက်ပြေးချင်တဲ့ စစ်သားအများအပြားရှိနေကြောင်း ကောလင်းမြို့နယ် ပကဖ က ဆိုပါတယ်။

ကော့သောင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီယန္တရားမှာ ပါဝင်ဆောင်ရွက်နေတဲ့ ဝန်ထမ်းတွေအားလုံး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုလှုံကြဖို့ ကော့သောင်းမြို့နယ် ပကဖ က အသိပေးတိုက်တွန်းထားပါတယ်။

ပြည်သူ့ဘက် မရပ်တည်တဲ့ စစ်ကောင်စီထောက်တိုင်မှန်သမျှကိုလည်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က လုပ်ထုံးလုပ်နည်းနဲ့အညီ ထိရောက်စွာ လုပ်ဆောင်သွားမယ်လို့ သတိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ခန္တီးတွင် ပေါ်တာဆွဲ ဖမ်းဆီးခံရမှု အန္တရာယ်ကြုံနေရသည့် အရပ်သားများကို ပကဖ ကူညီကယ်ထုတ်

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်မှုထမ်း ပေါ်တာဆွဲစုဆောင်းမှု တိမ်းရှောင်လိုတဲ့ အရပ်သားတွေကို စိုးမိုးနယ်မြေအထိရောက်အောင် သွားရောက်ကူညီခေါ်ထုတ်ပေးခဲ့ကြောင်း ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် အကြီးအကျယ် ပျက်စီးခဲ့သည့် နေပြည်တော် လွှတ်တော်အဆောက်အဦ

ပြီးခဲ့တဲ့ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ဒဏ်ကြောင့် နေပြည်တော်မှာရှိတဲ့ လွှတ်တော်အဆောက်အဦများ အကြီးအကျယ် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Read More

AA ရဲ့ ယာယီအကျဉ်းစခန်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း AA တရားဝင်ထုတ်ပြန်၊ မကြာခင် ပြန်လွှတ်ပေးတော့မယ့် ကလေးငယ်နှင့် အမျိုးသမီး စုစုပေါင်း (၂၈) ယောက် သေဆုံးပြီး (၂၅) ယောက် ဒဏ်ရာရရှိခဲ့

ရက္ခိုင့်တပ်တော် AA ရဲ့ ယာယီအကျဉ်းစခန်းကို စစ်ကောင်စီက ဂျက်ဖိုက်တာ (၁) စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်နဲ့ အမျိုးသမီး စုစုပေါင်း (၂၈) ယောက် သေဆုံးပြီး (၂၅) ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ AA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင် ဖျက်သိမ်းလိုက်တဲ့ ကစထ (၆) ဆိုတာ ဘာလဲ

အကြမ်းဖက်စစ်တပ်ဟာ နေပြည်တော်ကို တာဝန်ယူရတဲ့ အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့- ကစထ ၆ ကို ဖျက်သိမ်းလိုက်တယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေထံက သိရပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေး ၂ နှစ်ပြည့်ချိန် စစ်ကော်မရှင်နှင့် စစ်ရေးရပ်စဲမှုဟာ ဧကန် ငြိမ်းချမ်းရေး မဟုတ်သေးကြောင်း MNDAA စစ်ဦးစီးမှူးချုပ် ပြောကြား

အကြမ်းဖက် အာဏာသိမ်းစစ်တပ်ကို များစွာအထိနာစေခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ဒီနေ့ အောက်တိုဘာ ၂၇ ရက်မှာ ၂နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိအချိန် ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်အထူးဒေသ ၁ မှာ စစ်ကော်မရှင်နဲ့ သဘောတူညီထားတဲ့ စစ်ရေးရပ်စဲမှုဟာ နောက်ဆုံးဧကန် ငြိမ်းချမ်းရေး မဟုတ်သေးဘူးဆိုတာ အားလုံးသိထားရမယ်လို့ MNDAA စစ်ဦးစီးမှူးချုပ်က ပြောကြားခဲ့ကြောင်း MNDAA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကာကွယ်ရေးတပ်သားများ စစ်ဆေးရေးပြုလုပ်နေသည့်လမ်းပိုင်းတွင် ပစ်ခတ်မှုဖြစ်ပြီး အကြမ်းဖက်စစ်တပ် အရာရှိတစ်ဦးအပါ ၂ ဦး သေဆုံး

မကွေးတိုင်း နတ်မောက် - ပျော်ဘွယ်လမ်းဟောင်းပိုင်းမှာ ကာကွယ်ရေးတပ်ဖွဲ့တွေ စစ်‌ဆေးရေးပြုလုပ်နေချိန် ပစ်ခတ်ခဲ့တဲ့အတွက် အကြမ်းဖက်စစ်တပ် အရာရှိတစ်ယောက် အပါအဝင် ၂ ယောက် သေဆုံးခဲ့တယ်လို့ နတ်မောက်မြို့နယ် ပကဖ တာဝန်ခံဆီက သိရပါတယ်။