ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ပေါ် လူနေရပ်ကွက်ကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုဟာ “စစ်ပြေငြိမ်းရေး” ကို စစ်မက်အရိပ်အာဝါသ ဖုံးလွှမ်းသွားခဲ့တယ်လို့ ကိုးကန့်တပ်မတော် (MNDAA) က ဒီနေ့မှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

မြန်မာစစ်အာဏာသိမ်းတပ်ဖွဲ့တွေက ဒီနေ့ မနက်အစောပိုင်း ၁ နာရီခန့် အများပြည်သူ အိပ်မောကျနေချိန်မှာ ကွတ်ခိုင်မြို့၊ ရပ်ကွက် (၂)ရှိ ရာစုသစ်ဟိုတယ်ကို လေကြောင်းကနေ ပေါင်(၂၅၀)ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ရာ ကလေးငယ် (၁) ယောက်အပါ ပြည်သူ (၇) ယောက် သေဆုံးခဲ့ပြီး အသက် ၂၀ အရွယ် တရုတ်နိုင်ငံသား (၁) ယောက်အပါအဝင် အရပ်သား (၁၃) ယောက် ထိမှန်ဒဏ်ရာရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ စစ်ပြီးကာလ ပြန်လည်တည်ဆောက်ရေးကို တက်ကြွစွာဆောင်ရွက်နေတဲ့ ကွတ်ခိုင်မြို့ပြကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ခက်ခဲစွာရရှိထားတဲ့ “စစ်ပြေငြိမ်းရေး” ကို စစ်မက်ရဲ့ အရိပ်အာဝါသ ဖုံးလွှမ်းသွားခဲ့ပြီဖြစ်တယ်လို့ MNDAA က ဆိုပါတယ်။

အခုနှစ်အစောပိုင်းက တရုတ်အစိုးရရဲ့ စေ့စပ်ညှိနှိုင်းမှုတွေကြောင့် MNDAA နဲ့ မြန်မာ စစ်အာဏာရှင်အဖွဲ့အကြား အကြိမ်ကြိမ် ဆွေးနွေးပြီးနောက် စစ်ပြေငြိမ်းရေး သဘောတူညီချက် (ဟိုင်ဂင်းဘဘောတူစာချုပ်) ရရှိခဲ့ပြီး  MNDAA က ဒေသခံပြည်သူတွေကို ဦးဆောင်ကာ စစ်ပြီးကာလပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့ ပြည်သူ့အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ စီမံကိန်းတွေကို အားဖြည့်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုရဲ့  လေကြောင်းတိုက်ခိုက်မှုဟာ ခက်ခဲစွာရရှိထားတဲ့ စစ်ပြေငြိမ်းရေး သဘောတူညီချက်ကို ပြင်းထန်စွာ ချိုးဖောက်လိုက်တာဖြစ်ပြီး စစ်ပြေငြိမ်းရေးဆိုင်ရာ ယုံကြည်မှုကို ပြင်းထန်စွာ ထိခိုက်စေခဲ့ကာ မြန်မာနိုင်ငံ ရှမ်းပြည်မြောက်ပိုင်း စစ်မီးပြန်လည်လောင်ကျွမ်းမှု အန္တရာယ်ကို တိုက်ရိုက် မြှင့်တင်လိုက်တာ ဖြစ်တယ်လို့ MNDAA ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ကွတ်ခိုင်မြို့ကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ ရှမ်းပြည်မြောက်ပိုင်း ငြိမ်းချမ်းရေးအတွက် တက်ကြွစွာ ဆောင်ရွက်နေတဲ့ နိုင်ငံတကာနဲ့ ဒေသဆိုင်ရာ ပါဝင်ပတ်သက်သူတွေကိုလည်း လျစ်လျူရှုရုံသာမက ရှုတ်ချတာ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ ပိုမိုမဆိုးရွားလာစေဖို့ ဆက်လက်ထိန်းသိမ်းထားပြီး တင်းတင်းမာမာရှိမနေဘဲ ထိန်းချုပ်မှုနဲ့သာ တုံ့ပြန်နေတယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပြည်ပသွင်းကုန်များ လျှော့ချကာ စိုက်ပျိုးရေးဖြင့် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြော

ပြည်ပကနေ တင်သွင်းနေသမျှ ကုန်ပစ္စည်းတွေကို တတ်နိုင်သမျှလျှော့ချပြီး စိုက်ပျိုးရေးနဲ့ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။
Read More

အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ပြည်သူ ၃.၄ သန်းကျော် ရှိလာ

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာပြည်သူ ဦးရေဟာ ၃.၄ သန်းရှိလာပြီဖြစ်တယ်လို့ UNOCHA က နိုဝင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ပုဂံမြို့သစ်တွင် စစ်အုပ်စုကင်းပုန်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိတွေ့မှုဖြစ်

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ပုဂံမြို့သစ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ မနေ့က သြဂုတ်လ ၂၇ ရက်မှာ ပစ်ခတ်မှုဖြစ်ပွားပြီး စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီတပ်သား ၁ ဦး အလင်းဝင်၊ ပြည်သူ့စစ် ၁ ဦး အရှင်ဖမ်းမိ

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာပြီး ပြည်သူ့စစ် ၁ ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပွင့်ဖြူတွင် အကြမ်းဖက်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုဘက်က ၂၁ ဦး မျက်မြင်သေဆုံး၊ နှစ်ဖက်စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြိုနယ်မှာ အင်အား ၂၀၀ ကျော်ပါ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက်က ၂၁ ယောက် မျက်မြင်သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ပကဖ က သတင်းထုတ်​ပြန်ပါတယ်။
Read More

ကြို့ပင်ကောက်မှာ သင်္ကန်းဝတ် စစ်တပ်ထောက်လှမ်းရေးကို ဖမ်းဆီးနိုင်ခဲ့ပေမယ့် ထွက်ပြေးတာကြောင့် ရှင်းလင်းခဲ့ရ

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ သင်္ကန်းဝတ်နဲ့ စစ်ကောင်စီအတွက် ထောက်လှမ်းသတင်းပို့နေသူကို ဖမ်းဆီးရမိခဲ့မယ့် ထွက်ပြေးတာကြောင့် ရှင်းလင်းပစ်ခတ်လိုက်ရတယ်လို့ BTZM GBK PDF ထံက သိရပါတယ်။