ဇူလိုင်လ ၂၈ ရက်က မလေးရှားမှာ ပြုလုပ်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲမှာ အိမ်ရှင်အဖြစ်နဲ့ သက်သေတွေအဖြစ် တက်ရောက်ခဲ့ကြတဲ့ မလေးရှား၊ အမေရိကန်နဲ့ တရုတ်တို့ကို ကမ္ဘောဒီးယားရဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ချိုးဖောက်ခဲ့တဲ့အကြောင်း အစီရင်ခံစာ တင်သွင်းခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန်ဂီယန်ပွန်က ဇူလိုင်လ ၂၉ ရက်မှာ ပြောပါတယ်။

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှာ အပစ်ရပ်စတင်ချိန် ဇူလိူင်လ ၂၈ ရက် ညသန်းခေါင်ကနေ ဇူလိုင် ၂၉ ရက် မနက် ၁၀ နာရီအတွင်း ချိုးဖောက်မှုတွေကို ထိုင်းဘက်က အစီရင်ခံထားတာ ဖြစ်ပါတယ်။

တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ မလေးရှားဝန်ကြီးချုပ် အန်ဝါက ကမကထလုပ် ကျင်းပပေးခဲ့တာကြောင့် သူ့ရဲ့နိုင်ငံခြားရေးဝန်ကြီးကတဆင့် မာရစ်က အစီရင်ခံခဲ့‌တာပါ။

အမေရိကန်နဲ့ တရုတ် သံတမန်တွေကလည်း ငြိမ်းချမ်းရေးဆွေနွေးပွဲမှာ အသိသက်သေအဖြစ် တက်ရောက်ခဲ့ကြတာကြောင့် မာရစ်က အလားတူ အစီရင်ခံချက်တွေကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ထံ ပေးပို့ခဲ့ကြောင်း သိရပါတယ်။

“သန်းခေါင်ယံမှာ အပစ်အခတ်ရပ်စဲထားပေမယ့် ကျနော်တို့နယ်မြေအတွင်းက ထိုင်းတပ်စခန်းတွေကို ကမ္ဘောဒီးယားတပ်သားတွေက အဆက်မပြတ် တိုက်ခိုက်ခဲ့တဲ့ အစီရင်ခံစာတွေနဲ့ သတင်းတွေ ဆက်ရနေသေးတာကြောင့် ဒီအစီရင်ခံစာတွေကို တင်ဖို့ ဆုံးဖြတ်ခဲ့တာပါ” လို့ မာရစ်က ပြောပါတယ်။

“ကမ္ဘောဒီးယားတပ်တွေရဲ့ ဒီမနက် တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ကျနော်တို့က အချိုးကျ ခုခံကာကွယ်ပိုင်ခွင့်ကို ကျင့်သုံးရတယ်ဆိုတဲ့ အကြောင်းရင်းပါပဲ” လို့ သူက ဆိုပါတယ်။

တချိန်တည်းမှာပဲ အခြေအနေတွေက ကျေနပ်ရလောက်အောင် ပြေလျော့မသွားခင်အချိန်ထိ စစ်တပ်အနေနဲ့ နယ်စပ်ကနေ တပ်သားတွေ ရုပ်သိမ်းဖို့ ဒါမှမဟုတ် ဆက်ချထားဖို့ကို ဆုံးဖြတ်နိုင်ရေး အစိုးရအဖွဲ့အနေနဲ့ စစ်တပ်ကို လုပ်ပိုင်ခွင့်အပြည့်အဝပေးဖို့ သဘောတူညီခဲ့ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ Jirayu Huangsub က အပတ်စဉ် အစိုးရအဖွဲ့အစည်းအဝေးအပြီးမှာ ပြောပါတယ်။

ထိုင်းတပ်တွေအနေနဲ့ လက်ရှိမှာ Preah Vihear၊ Ta Muen Thom နဲ့ Ta Kwai ရှေးဟောင်း ဘုရားကျောင်းတွေအပြင် Preah Vihear ဘုရားကျောင်းအနား ဗျူဟာမြောက် Pha Makua တောင်ထိပ်ကို ထိန်းချုပ်ထားပါတယ်။

ဘေးကင်းရာတွေမှာ ခိုလှုံနေကြတဲ့ ထိုင်းအရပ်သား တစ်သိန်းကျော်နဲ့ပတ်သက်ပြီး နယ်စပ်အခြေအနေ စီမံခန့်ခွဲရေးစင်တာက သူတို့ လုံခြုံစွာ ပြန်နိုင်မယ့်အချိန်ကို ဆုံးဖြတ်ပေးမယ်လို့ Jirayu က ပြောပါတယ်။

မူရင်းသတင်း – Bangkok submits ceasefire violation reports to Malaysia, US, and China

0 Shares:
You May Also Like
Read More

တရားရုံး ရက်ချိန်းမတိုင်မီ သက်ဆင် ထိုင်းပြန်ရောက်လာ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာဟာ ၎င်းရဲ့ အငြင်းပွားဖွယ် ဆေးရုံတက်မှုအတွက် တရားရုံးဆုံးဖြတ်ချက်ချမယ့် ရက်ချိန်းမတိုင်မတိုင်မီ စက်တင်ဘာလ ၈ ရက် မွန်းလွဲပိုင်းမှာ စင်္ကာပူကနေ ဘန်ကောက်ကို ပြန်ရောက်လာပါတယ်။
Read More

စစ်ကောင်စီ၏ရွေးကောက်ပွဲ နိုင်ငံရေးဟန်ပြသာဖြစ်၍ အာဆီယံဥက္ကဋ္ဌ လက်မခံ

အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားဟာ မြန်မာနိုင်ငံ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ တောင်းဆိုခဲ့ပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအစီအစဉ်ကိုလည်း နိုင်ငံရေးဟန်ပြတစ်ခုအဖြစ် ပယ်ချခဲ့တယ်လို့ ထိုင်းသတင်း Thai Enquirer က မေလ ၂၆ ရက်မှာ ဖော်ပြပါတယ်။
Read More

တောင်ကိုရီးယားနိုင်ငံမှာ အကြမ်းဖက်စစ်တပ်ကို အကြမ်းဖက်စစ်တပ်ကို တရားစွဲဆိုနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေဟု NUG လူ့အခွင့်အရေးဝန်ကြီး ပြော

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေရဲ့ “လူထုတွေ့ဆုံဆွေးနွေးပွဲ”ကို မေလ ၁၈ ရက် မနေ့က ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့၊ အလုပ်သမားဘက်စုံဖူလုံရေး ရိပ်သာခန်းမမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဘုရားသုံးဆူက တရုတ်ငွေလိမ်ဂိုဏ်းတွေ နေရာပြောင်း

ထိုင်းနိုင်ငံကနေ လျှပ်စစ်ဓာတ်အား၊ လောင်စာနဲ့ အင်တာနက် ဖြတ်တောက်ပြီး ရက်ပိုင်းအကြာမှာ ဘုရားသုံးဆူက တရုတ်စီးပွားရေးလုပ်ငန်းတွေဟာ နေရာပြောင်းရွှေ့သွားတယ်လို့ ထိုင်းလုံခြုံရေးသတင်းရင်းမြစ်တွေက ပြောဆိုကြောင်း Bangkok Post က ဖေဖော်ဝါရီလ ၁၃ ရက်မှာ ရေးသားဖော်ပြထားပါတယ်။
Read More

မဲဆောက်မှာ ဟိုတယ်၊ မိုတယ်နဲ့ လူနေတန်းလျား ၁၃၁ နေရာကို ထိုင်းအာဏာပိုင်တွေ စီမံချက်နဲ့ ဝင်ရောက်စစ်ဆေး

ထိုင်းနိုင်ငံ၊ တာခ်ခရိုင်၊ မဲဆောက်မြို့မှာရှိတဲ့ ဟိုတယ်၊ မိုတယ် အပါအဝင် လူနေအိမ်တန်းလျားပေါင်း ၁၃၁ နေရာကို ထိုင်း လဝက အပါအဝင် ထိုင်းအာဏာပိုင်တွေက ဇန်နဝါရီ ၂၂ ရက်နေ့မှာ ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ထိုင်းနိုင်ငံတွင် တရားမဝင် မြန်မာနိုင်ငံသား ၃၀ ကျော်ကို ထိုင်းအာဏာပိုင်များ ဖမ်းဆီးထားကြောင်း ထုတ်ပြန်

ထိုင်းနိုင်ငံမှာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၀ ကျော်ကို ဖမ်းဆီးရရှိထားတယ်လို့ ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။