ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုကို KIA နဲ့ ပူးပေါင်းတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သင်္ဘော ၂ စီး ထိမှန်ပျက်စီးခဲ့ပြီး ရွှေကူမြို့ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။

ဇူလိုင် ၂၉ ရက်က ရွှေကူမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်မြို့သို့ ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုကို KIA နဲ့ ပူးပေါင်းတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သင်္ဘော ၁စီးနဲ့ ရိက္ခာတွဲသင်္ဘော ၁ လက်နက်ကြီး ထိမှန်ခဲ့တဲ့ ရုပ်သံဖိုင်တွေ လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။

စစ်သင်္ဘောဟာ လက်နက်ကြီးတွေ ထိမှန်ကာ တိမ်းစောင်းသွားပြီး ရိက္ခာတွဲသင်္ဘောကလည်း လက်နက်ကြီးတွေ ထိမှန်ပြီး ဆက်လက်ခုတ်မောင်းသွားတာကို ရုပ်သံဖိုင်အတွင်း တွေ့မြင်ရပါတယ်။ 

အဆိုပါစစ်ကောင်စီသင်္ဘောအုပ်စုဟာ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ရွှေကူမြို့ဆိပ်ကမ်းသို့ ပြန်လှည့်ကာ ဆိုက်ကပ်ထားတယ်လို့ သိရပါတယ်။

Video – Htet Myat

0 Shares:
You May Also Like
Read More

ဖြူးမြို့နယ် စိုးမိုးနယ်မြေများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ လုံခြုံရေးကင်းလှည့် (ရုပ်/သံ)

ပဲခူးတိုင်း၊ ဖြူမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ်မြေအတွင်း လုံခြုံရေး ကင်းလှည့်စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ပကဖအသံက ဖော်ပြထားပါတယ်။
Read More

ရေဖြူမြို့နယ် ဆင်စွယ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး စစ်သား ၆ ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ မင်းသားကျေးရွာအုပ်စု၊ ဆင်စွယ်ကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်သား ၆ ယောက် သေဆုံးခဲ့တယ်လို့ Mon State Revolutionary Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

နတ်မောက်-စိုင်းကောင်းလမ်းပိုင်းတွင် ကင်းပုန်းလာဝပ်သည့် အကြမ်းဖက်စစ်သားများကို လိုက်လံတိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ နတ်မောက်-စိုင်းကောင်းလမ်းပိုင်းမှာ ကင်းပုန်းလာဝပ်တဲ့ အကြမ်းဖက်စစ်သားတွေကို လိုက်လံတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ ငါးပြေမပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

“သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးပါနဲ့!”

“အဲ့ဒါ ထွက်ပေါက် မဟုတ်ဘူး၊ အဲ့ဒါ ထောင်ခြောက်ကြီး!” “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးပါနဲ့!” “ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက်” “မဲမပေးနဲ့၊ သပိတ်မှောက်!” “လူရွေးမှားနေတုန်းလား? ဒီတစ်ခါ မှားရင် နှစ် ၅၀ လောက် ထပ်ကြာသွားမယ်!”
Read More

ချောင်းဦးမြို့နယ် ကင်းမွန်းတော်ရွာမှာ အကြမ်းဖက်စစ်တပ် အထိုင်ချထားတဲ့ နေရာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကင်းမွန်းတော်ရွာမှာ အကြမ်းဖက်စစ်တပ်အထိုင်ချထားတဲ့ နေရာကို အောက်တိုဘာ ၁၇ ရက် ညနေပိုင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဒရုန်းတွေနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ 5/Fighter Group အဖွဲ့ထံက သိရပါတယ်။
Read More

မိုးကုတ်မြို့ အရပ်သားနေအိမ်တွေကို စစ်ကောင်စီတပ်ရဲ့ ပစ်မှတ်ထား လေကြောင်းဗုံးကြဲမှုကြောင့် ပြည်သူ ၃ ယောက်သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို နိုဝင်ဘာ ၁၁ ရက် မနေ့က ညနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားနေအိမ်တွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးအများအပြားကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။