စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ အကြမ်းဖက် စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ၂ ရက်ဆက် ဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်မှုရှိကာ စစ်ကြောင်းတွေ ပြန်လည်ဆုတ်ခွာသွားတယ်လို့ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဇူလိုင်လ ၂၈ ရက်နေ့က စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရဲစခန်းကနေ ထွက်ခွာ‌လာတဲ့ စစ်ကိုင်းတပ်မ ၃၃ နဲ့ ပူးပေါင်း အင်အား ၁၅၀ နီးပါးရှိတဲ့ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ဝက်လက်မြို့နယ် စဉ့်ကိုင်မြောက်ရွာနဲ့ တပ်ရွာကြားအရောက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာသွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင် တပ်ရင်းတွေဖြစ်တဲ့ အမှတ်(၁၊ ၂၊ ၅၊ ၁၅၊ ၁၇၊ ၁၈၊ ၂၃၊ ၂၆၊ ၁၇၀၁၊ ၉၇၀၆) စတဲ့ တပ်ရင်းတွေနဲ့ ဝက်လက်မြို့နယ် ပကဖ၊ ရှိမ်းမကားတိုက်နယ်ပကဖ၊ လှတောတိုက်နယ် ပကဖ၊ ဗိုလ်လင်းမြွေ LPDF၊ ပြည်သူ့အ‌စေခံတော်လှန်‌ရေးတပ်ဖွဲ့နဲ့ အမှတ် (၂) ရွှေဘိုခရိုင် ဒရုန်းတပ်ဖွဲ့၊ Phoenix Wing ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။

အထိနာသွားတဲ့စစ်ကောင်စီတပ်အတွက် နောက်တစ်နေ့ ဇူလိုင်လ ၂၉ ရက်မှာ ဝက်လက်မြို့နယ်၊ ရှိမ်းမကား စစ်အထိုင်စခန်းကနေ စစ်ကူလာကြိုတဲ့ အင်အား ၇၀ ပါ အကြမ်းဖက်စစ်ကြောင်းကိုလည်း တော်လှန်ရေးတပ်တွေက ငါးရယ်ရွာနားအရောက်မှာ ဖြတ်တောက်တိုက်ခိုက်ရင်း ထိတွေ့မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိပြီး စစ်ကြောင်း ၂ ခုလုံး ပြန်လည်ဆုတ်သွားခဲ့သလို ရှိမ်းမကားတိုက်နယ် ပကဖအဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့တယ်လို့လည်း ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်

“စစ်ကိုင်းဘက်ကနေ ဝက်လက်အရှေ့ခြမ်းကို စစ်ကြောင်းထိုးလာတာပါ။ စဉ့်ကိုင်မြောက်ဘက် ဝက်လက်နဲ့ စစ်ကိုင်း အဆက်မှာ ကျနော်တို့ စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။ ၂၈ ရက်နဲ့ ၂၉ ရက်နေ့ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပြီး သူတို့တွေအထိနာလို့ စစ်ကိုင်းဘက်ကို ပြန်ဆုတ်သွားပါတယ်။ ၂၈ ရက်နေ့မှာပဲ ရှိမ်းမကား အထိုင်စခန်းကနေ တောင်ဘက်ကို ထွက်ပြီး ငါးရယ်ရွာကိုဝင်စီးတယ်။ အရပ်သားတွေကို ပစ်ခတ်ဖမ်းဆီးရာမှာ ၃ ယောက် ထိခိုက်မိပါတယ်။”  လို့ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့ကတော့ တိုက်ပွဲတွေကို နောက်တန်းကနေ ကူညီပံ့ပိုးပေးခဲ့ကြတဲ့ ဝက်လက်မြို့နယ်ပကဖ၊ ပအဖနဲ့ ဝက်လက်မြို့နယ် လူကယ်ပြန်၊ ဝက်လက်မြို့နယ်သပိတ်ကော်မတီတို့ကို ကျေးဇူးအထူးတင်ကြောင်း ပြောကြားထားပြီး စစ်ကြောင်းအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များ စောင့်ကြိုတိုက်ခိုက်နေစဥ် (ဓာတ်ပုံ People’s Servant Revolution – Wetlet)

0 Shares:
You May Also Like
Read More

မန္တလေးမှာ စစ်သားသစ် စုဆောင်းခံရသူ စစ်ကောင်စီတပ်သားသစ်တစ်ဦး စလင်း ပကဖ ထံ ခဲယမ်းများနှင့် အလင်းဝင်

မကွေးတိုင်း၊ စလင်းမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ကနေ စစ်မှုထမ်းဆင်း စစ်ကောင်စီတပ်သားသစ် ၁ ယောက် ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စလင်း (စလင်း ပကဖ)က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေဦးနှင့် ဒီပဲယင်းကိုတက်မည့် စစ်တပ်စစ်ကြောင်း ဘုတလင်တွင် ရက် ၂၀ ကြာ ပိတ်မိပြီး နမခကို ပြန်ဆုတ်သွား

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ရက် ၂၀ကြာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့ အကြမ်းဖက်စစ်ကြောင်း ထိခိုက်သေဆုံးများပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစု စစ်ကြောင်းမှူး ကိုကြွက်ကလေးက မောင်းကို ပြောပါတယ်။
Read More

ပုပ္ပါးတောင် ဆက်သွယ်ရေးစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ပြီးနောက် အကြမ်းဖက်စစ်တပ်က တောင်တက်ခွင့် ပိတ်ပင်

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်မကြီးပေါ်က စစ်ကောင်စီတပ်ရဲ့ ဆက်သွယ်ရေးစခန်း တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်ဟာ ပုပ္ပါးတောင်ခြေကိုစစ်ကြောင်းထိုးဝင်ရောက်လာပြီး ပုပ္ပါးတောင်တက်ခွင့်ကို ပိတ်လိုက်ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။
Read More

ကျိုက်ထိုမြို့နယ်မှာစစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူ (၂၇၂၁) ဦး တိမ်းရှောင်နေရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ပြည်သူလူထုကို ပစ်မှတ်ထားတဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဓေသခံပြည်သူ (၂၇၂၁ ဦး တိမ်းရှောင်နေရတယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဝက်လက်မြို့နယ်တွင် စစ်အုပ်စု ၅ ရက်တာ လေကြောင်းတိုက်ခိုက်မှုကြောင့် ရဟန်း ၁ ပါး အပါအဝင် ဒေသခံ ၁၇ ဦး သေဆုံးခဲ့

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ၅ ရက်တာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ရဟန်း ၁ ပါး အပါအဝင် ဒေသခံ ၁၇ ယောက် သေဆုံးပြီး ၂၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ Wetlet Informational Network ထံက သိရပါတယ်။
Read More

အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၃ အတွက် ပြင်ဆင်နေတဲ့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး… (ဓာတ်ပုံသတင်း)

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) က ရဲဘော်တွေအနေနဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၃) အတွက် ပြင်ဆင်စုဖွဲ့နေကြတဲ့ ပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။