မကွေးတိုင်း၊ စလင်းမြို့နယ်က တညောင်တိုက်နယ်ရဲစခန်းကို ဒီနေ့ (ဇူလိုင် ၃၀) မနက်အစောပိုင်းမှာ စလင်းပကဖတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ကာ စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဆင်ဖြူကျွန်း – ဆိပ်ဖြူ- ချောက်လမ်းပိုင်းမှာရှိတဲ့ တညောင်ရဲစခန်းကို စလင်းပကဖ ချေမှုန်းရေးနဲ့ ကာပစ်အင်အားတွေက ဒီနေ့မနက် ၄နာရီ မိနစ် ၅၀လောက်ကစလို့ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေနဲ့ စခန်းအတွင်းဆောက်လုပ်ထားတဲ့ ကင်းဘန်ကာတွေကိုပါ ချေမှုန်းနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ -စလင်း(ပကဖ) က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ရဲ ၈ယောက် သေဆုံးကာ စစ်သုံ့ပန်းအဖြစ် ၂ယောက်ကို ဖမ်းဆီးရမိခဲ့သလို ကျန်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကတော့ တညောင်လျှပ်စစ်ဓာတ်အားခွဲရုံဆီ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ အဲ့ဒီနောက်မှာ ရဲစခန်းတစ်ခုလုံးကို စလင်းပကဖ က သိမ်းပိုက်ရရှိပြီး မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

“တညောင်စခန်းက ရဲအင်အား ၃၀ ဝန်းကျင်လောက် ခန့်မှန်းရှိပါတယ်။ ကျနော်တို့က အဲ့ဒီစခန်းကို အပြီးသတ်ချေမှုန်ရေး စီစဥ်ထားတာမို့ စစ်ကောင်စီ နောက်ထပ်မထိုင်နိုင်ရေးအတွက် မီးရှို့ဖျက်ဆီးခဲ့တာပါ။” လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ -စလင်း(ပကဖ) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒါ့အပြင် သေဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင်တွေဆီက G3 သေနတ် ၅လက်၊ MA 13 သေနတ် ၁လက်နဲ့ ကျည်ဆန်တွေကို ပကဖတပ်ဖွဲ့ဝင်တွေက သိမ်းဆည်းရရှိခဲ့ပြီး ရဲ မိသားစုဝင်တွေကိုလည်း လက်ရဖမ်းဆီးထိန်းသိမ်းထားကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ -စလင်း(ပကဖ) က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု ၃ကြိမ် လုပ်ဆောင်ခဲ့သလို ရဲတပ်ဖွဲ့ဝင်တွေ ထွက်ပြေးဆုတ်ခွာသွားရာ တညောင်လျှပ်စစ်ဓာတ်အားခွဲရုံမှာလည်း လက်ရှိအခြေအနေတွေအရ ကပစ ၂၁ နဲ့ ၂၂ ကနေ စစ်ကူအင်အားတွေ ထပ်မံဖြည့်တင်းထားကြောင်း သိရပါတယ်။

တညောင်ရဲစခန်းအား သိမ်းပိုက်ခဲ့သည့် စလင်းပကဖတပ်ဖွဲ့ဝင်များနှင့် သိမ်းဆည်းရမိသည့် လက်နက်များ၊ ဖမ်းဆီးရမိသည့် သုံ့ပန်းများ (ဓာတ်ပုံ စလင်းပကဖ)

0 Shares:
You May Also Like
Read More

KNU မြိတ်ထားဝယ်ခရိုင် ကရင်လူငယ်အစည်းအရုံးနှစ်ပတ်လည်အစည်းအဝေး ပြုလုပ်၊ လူငယ်နှင့် နိုင်ငံရေးအခန်းကဏ္ဍ၊ လူငယ်နှင့်တော်လှန်ရေး အခန်းကဏ္ဍ၊ လူငယ်နှင့်အမျိုးသားရေးအခန်းကဏ္ဍများ ဆွေးနွေးခဲ့

ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ မြိတ်ထားဝယ်ခရိုင်မှာ ဇူလိုင်လ(၁၀)ရက် မနေ့က မြိတ်ထားဝယ်ခရိုင် ကရင်လူငယ်အစည်းအရုံး နှစ်ပတ်လည်အစည်းအဝေးပြုလုပ်ခဲ့တယ်လို့ KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကေတုမတီလေတပ်စခန်းကို ရှော့တိုက်ဒုံး ၈လုံး အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်၊ ထိခိုက်မှုများနိုင်

စစ်ကောင်စီရဲ့ တောင်ငူ (ကေတုမတီ) လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ၈လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။
Read More

နာမည်ကြီး BGF ခေါင်းဆောင် စောချစ်သူနဲ့ ဗိုလ်မှူးအချို့ အပါအဝင် ချစ်လင်းမြိုင်ကုမ္ပဏီကို အီးယူက ဒဏ်ခတ်ပိတ်ဆို့ကြောင်း ကြေညာ

တရားမဝင်လုပ်ငန်းတွေနဲ့ မြ၀တီမှာ နာမည်ကြီးတဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်က ဗိုလ်မှူးကြီးဖြစ်သူ စောချစ်သူ အပါအဝင် ဗိုလ်မှူးအချို့နဲ့ ချစ်လင်းမြိုင်ကုမ္ပဏီကို ဥရောပသမဂ္ဂ အီးယူက ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ပြီဖြစ်ကြောင်း အီးယူက သတင်းထုတ်ပြန်ပါတယ်။
Read More

မန္တလေးနန်းတွင်းထဲမှ လက်နက်ကြီး ရမ်းကားပစ်ခတ်မှုကြောင့် ထိခိုက်သူများကို စစ်အုပ်စု လျော်ကြေးပေးပြီး သတင်းဖုံးရန် ကြိုးပမ်း

မန္တလေးနန်တွင်း ထပရ-၁၂၁ တပ်ကနေ စစ်တပ် ရမ်းသမ်းပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကို စစ်အုပ်စုက အိမ်တိုင်ရာရောက် လိုက်လံနှုတ်ပိတ်ပြီး အခြေအနေမှန်ကို သတင်းဖုံးဖို့ ကြိုးပမ်းခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။
Read More

စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် KNDF ထံခိုလှုံလာလို့ ကောင်းမွန်စွာ စောင့်ရှောက်ထား

ကရင်နီပြည် KNDF ထံ ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် အလင်းဝင်ခဲ့ပြီး KNDF က ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့ ဒီဇင်ဘာလ ၂၁ ရက်နေ့ မနေ့ကထုတ်ပြန်ပါတယ်။
Read More

Y12 လေယာဉ်တွေ ထိခိုက်၊ အရာရှိအပါ ၉ယောက် သေခဲ့တဲ့ မှော်ဘီလေတပ်စခန်း တိုက်ခိုက်ခံရမှုကို စစ်ကောင်စီ သတင်းဖုံးဖို့ ကြိုးစားနေ

စစ်လေယာဥ်တွေ ထိခိုက်ပျက်စီးပြီး သေဆုံးသူ ၉ယောက်အထိရှိခဲ့တဲ့ မှော်ဘီလေတပ်စခန်းတိုက်ခိုက်ခံရမှုကို စစ်ကောင်စီက သတင်းဖုံးဖိဖို့ကြိုးစားနေပြီး လေဆိပ်အနီးအနား ဖမ်းဆီးစစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။