မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်က ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးစဉ် ပြည်သူတွေကို ကယ်ထုတ်နေတဲ့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) ရဲ့ ရဲဘော် ၂ ယောက်ဟာ စစ်ကြောင်းနဲ့ တိုးကာ ပစ်ခတ်မှုဖြစ်ပွားပြီး ကျဆုံးခဲ့တယ်လို့ PDA ကနေ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက် ညနေ ၅ နာရီအချိန်မှာ ညောင်ဦးမြို့နယ်၊ ဂန့်ဂေါကျေးရွာကနေ အင်အားအပြည့်ပါတဲ့ စစ်ကောင်စီကား ၂ စီး ထွက်ခွာလာတယ်လို့ သတင်းရရှိတာကြောင့် ပြည်သူတွေကို ကယ်ထုတ်နေစဉ်မှာ စစ်ကောင်စီကားနဲ့တိုးပြီး အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုအတွင်း ရဲဘော်အသေးလေး စတင်ထိမှန်ခဲ့ပြီး ရဲဘော်အောင်ကြီးက ရဲဘော်အသေးလေးကို ပြန်ဆွဲခေါ်ရာမှာ ရဲဘော်အောင်ကြီးလည်း ထိမှန်သွားကာ ၂ ယောက်စလုံး နေရာမှာတင် မြင့်မြတ်စွာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

“ကျနော်တို့ ရဲဘော် ၂ ဦးရဲ့ အလောင်းကို ပြန်ရခဲ့ပါတယ်။ ပြည်သူတွေကိုလည်း ဘေးလွတ်ရာ ကယ်ထုတ်နိုင်ခဲ့ပါတယ်” လို့ PDA ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။

ဒါ့အပြင် PDO တပ်ဖွဲ့ရဲ့ MA 1 (၁) လက်နဲ့ BA 94 (၁) လက်တို့ ဆုံးရှုံးခဲ့ရပြီး စစ်ကောင်စီဘက်ကလည်း ၂ ယောက် သေဆုံးခဲ့သလို စစ်ကြောင်းမှူး အဆင့်ရှိသူ ၁ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိသွားတာကို သတင်းရရှိထားတယ်လို့ သိရပါတယ်။

အဆိုပါရဲဘော် ၂ယောက်ဟာ အသက်ရှိစဉ် ကာလအတွင်း တပ်တော်က ပေးအပ်တဲ့ တာဝန်တွေကို မကြောက်မရွံ့ ရဲဝင့်စွာထမ်းဆောင်ရင်း အဖိနှိပ်ခံ ပြည်သူလူထုဘက်က မားမားမတ်မတ် ရပ်တည်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးမှာ လက်နက်စွဲကိုင် တိုက်ပွဲဝင်ကာ ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့ရတယ်လို့ PDA က ဆိုပါတယ်။

PDA တပ်ဖွဲ့အနေနဲ့လည်း ကျဆုံးရဲဘော်တို့ ယုံကြည်ခဲ့တဲ့ ပြည်သူလူထုအားကို အားကိုးကာ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အမြစ်ပြတ်တဲ့အထိ တော်လှန် တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြုကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

0 Shares:
You May Also Like
Read More

ထီးချိုင့်က ဆုတ်ခွာလာတဲ့ အင်အား ၆၀ ပါ စစ်ကြောင်းကို PDF ကြားဖြတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ထီးချိုင်မြို့က ဆုတ်ခွာလာတဲ့ စစ်ကောင်စီရဲ့ အင်အား ၆၀ လောက်ပါတဲ့ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း ရရှိကာ စစ်ကောင်စီဘက်က သေဆုံးသူအမြောက်အမြားရှိခဲ့ကြောင်း အမှတ် (၁) စစ်ဒေသက အသိပေးထုတ်ပြန်ပါတယ်။
Read More

ပွင့်ဖြူမြို့နယ်ထဲက စစ်ရှောင်ပြည်သူတွေကို စားနပ်ရိက္ခာနဲ့ ကျန်းမာရေးလိုအပ်ချက်တွေ ထောက်ပံ့ကူညီ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတစ်ရွာက စစ်ရှောင်ပြည်သူတွေကို မင်းဘူးခရိုင် PDF ရဲ့ တာဝန်ရှိသူက ဒီနေ့ ဒီဇင်ဘာ ၁၇ ရက်မှာ စားနပ်ရိက္ခာနဲ့ ကျန်းမာရေး လိုအပ်ချက်တွေ ထောက်ပံ့ကူညီခဲ့တယ်လို့ ပကဖအသံက သတင်းဖော်ပြထားပါတယ်။
Read More

ရှမ်းမန်းစစ်ဆင်ရေးမှာ ကျဆုံးခဲ့တဲ့ ရဲဘော်တွေရဲ့ မိသားစုတွေကို ကျန်တဲ့တပ်ဖွဲ့ဝင်တွေ လိုက်လံကန်တော့ပြီး ထောက်ပံ့ကူညီခဲ့

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အခြေစိုက် ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က  ရှမ်းမန်း စစ်ဆင်ရေးအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်တွေရဲ့ ကျန်ရစ်သူ မိသားစုတွေကို ကျန်ရှိတပ်ဖွဲ့ဝင်တွေက သီတင်းကျွတ်ကာလမှာ လိုက်လံကန်တော့ခဲ့တယ်လို့ DOUNG NI People Defence Force-DNPDF က မနေ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဆိပ်ဖြူအခြေစိုက် လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဒုတပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အခြေစိုက် လေကြောင်းရန် ကာကွယ်ရေးတပ်က ဒုတပ်ကြပ် ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့ ဆိုင်ကယ် ၁ စီး ယူဆောင်ပြီး အလင်းဝင်ရောက်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ပန်းတောင်းတပ်နယ်ထဲကို မင်းအောင်လှိုင်လာမည်ဟု သတင်းများထွက်ပေါ်နေ

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ပန်းတောင်းတပ်နယ်ထဲကို မင်းအောင်လှိုင်ကိုယ်တိုင် မြေပြင်ဆင်းမယ်လို့ ဆိုကာ တပ်လှန့်တာတွေ လုပ်ဆောင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ရွှေကုက္ကိုလ်ကျားဖြန့်မှ သုံးရက်အတွင်း နိုင်ငံခြားသား ၁၀၀၀ ကျော် ဖမ်းဖိဟု ကျားဖြန့်တိုက်ဖျက်ရေး ဟန်ပြလုပ်နေသည့် စစ်အုပ်စု ထုတ်ပြန်

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မှာရှိတဲ့ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းတွေကို ဝင်ရောက်ရှင်းလင်းရာ သုံးရက်အတွင်း နိုင်ငံခြားသား ၁၀၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းရမိခဲ့တယ်လို့ အကြမ်းဖက်စစ်အုပ်စုက ထုတ်ပြန်ပါတယ်။