မြန်မာနိုင်ငံတစ်ဝန်း လေကြောင်းအသုံးပြုပြီး ပြည်သူတွေရှိရာကို ဗုံးကြဲတိုက်ခိုက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေ အမြန်ဆုံး ရပ်တန့်အောင်ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂနဲ့ တရုတ်အပါအဝင် နိုင်ငံတကာအစိုးရတွေကို မေတ္တာရပ်ခံကြောင်း TNLA က ပြောဆိုထားပါတယ်။

ပြည်သူလူထုကို ဦးတည်​ဗုံးကြဲတိုက်ခိုက်နေတဲ့ မြန်မာစစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှုလုပ်ရပ်တွေကို ကန့်ကွတ်ရှုတ်ချကြောင်း ဒီနေ့ ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်မှာ TNLA က မေတ္တာရပ်ခံထားတာဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် ဇွန်လနဲ့ ဇူလိုင်လအတွင်း အကြမ်းဖက်စစ်ကောင်စီဟာ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ မိုင်းလုံ၊ မိုင်းငေါ့၊ မိုးကုတ် စတဲ့မြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာတွေနဲ့ လက်နက်ကြီးတွေ အသုံးပြုပြီး ပြည်သူတွေ ရှိရာ နေရာတွေဖြစ်တဲ့ နေအိမ်၊ စျေး၊ စာသင်ကျောင်း၊ ဟိုတယ်၊ တည်းခိုခန်း စတဲ့နေရာတွေကို အင်အားပြင်းဗုံးတွေ နေ့စဥ်ရက်ဆက် ကြဲချပစ်ခတ်တိုက်ခိုက်နေတယ်လို့ TNLA က ဆိုထားပါတယ်။

နိုင်ငံတစ်ဝန်းရှိ TNLA ထိန်းချုပ်ရာနေရာတွေအပါအဝင် တော်လှန်ရေးတပ်တွေရဲ့ စိုးမိုးနယ်မြေဒေသတွေမှ မြို့တွေနဲ့ ရွာတွေက ပြည်သူတွေအနေနဲ့ စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ ပြည်သူကို ရန်သူသဖွယ် တိုက်ခိုက်ချေမှုန်းနေတဲ့ အန္တရာယ်တွေကနေ လွတ်ကင်း နိုင်ဖို့အတွက် ဗုံးခိုကျင်းတွေ စနစ်တကျ ထားရှိပြီး စစ်ရေးသတိနဲ့ နေထိုင်ဖို့ကိုလည်း TNLA က တိုက်တွန်းထားပါတယ်။

အတုအယောင်ရွေးကောက်ပွဲကို ပြုလုပ်ပြီး နိုင်ငံ့အာဏာကို ရေရှည် ချုပ်ကိုင်ဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီဟာ တိုင်းသူပြည်သားတွေရဲ့ စုပေါင်းတော်လှန်တိုက်ခိုက်မှုကြောင့် အဖက်ဖက်ကနေ ယိုယွင်းပျက်စီးလာနေပြီး ကျဆုံးလုနီးပါးဖြစ်နေတဲ့ စစ်ကောင်စီတပ်ကို တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ၊ နွေဦးတော်လှန်ရေးအင်အားစုတွေအနေနဲ့ အရင်ကထက် မဟာဗျူဟာမြောက်တဲ့ တော်လှန်ရေးစီမံချက်တွေနဲ့ စုပေါင်းပြီး ဝိုင်းဝန်းတော်လှန်တိုက်ခိုက်ဖို့ တောင်းဆိုကြောင်း TNLA ရဲ့ သဘောထားကို ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဝေါလေလမ်းပိုင်းမှာရှိတဲ့ ရွှေအေးမြိုင် ဘုရားကုန်းက အကြမ်းဖက်စစ်တပ် ကာကင်းစခန်းက စစ်သား ၁၆ဦးလတ်နတ်ခဲယမ်းများနဲ့အတူ အလင်းဝင်ရောက်လာ

ကရင်ပြည်နယ်၊ ဝေါလေလမ်းပိုင်းမှာရှိတဲ့ ဥကရစ်ထစခန်းရဲ့ ကာကင်းကုန်းဖြစ်တဲ့ ရွှေအေးမြိုင်ဘုရားကုန်းစခန်းမှာရှိတဲ့ အကြမ်းဖက်စစ်တပ်က ဗိုလ်ကြီးအဆင့်အပါအဝင် စခန်းတခုလုံးက စစ်သားတွေ KTLA စစ်ကြောင်းဆီကို လက်နတ်ချအလင်းဝင်ရောက်ခဲ့တယ်လို့ KTLA တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

လေးနှစ်တိုင် CDM ဝန်ထမ်းများ တိုက်ပွဲဝင်နေမှုအပေါ် အပြည့်အ၀မကူညီနိုင်ခဲ့ဟု NUG ပြော

CDM လှုပ်ရှားမှုတွေထဲက ပြည်သူ့ဘက်တော်သားတွေရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေဟာ ကြီးမားတဲ့ကဏ္ဍက ပါဝင်နေလို့ CDM သူရဲကောင်းအားလုံးကို ဦးညွတ်အ‌လေးပြုကြောင်း NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
Read More

SSNDF/ KNDF ဗျူဟာအမှတ် (၉) ဖွဲ့စည်းခြင်းနဲ့ စစ်သင်တန်းဆင်းပွဲ ကျင်းပကြောင်း KNDF တရားဝင်ထုတ်ပြန်…

SSNDF/ KNDF ဗျူဟာအမှတ် (၉) ကို ယခင်ရှမ်းတောင်မှာ လှုပ်ရှားခဲ့တဲ့ တပ်ရင်းတွေနဲ့ ဒရုန်းအဖွဲ့ကို ပေါင်းစည်းပြီး SSNDF / KNDF B - 101, SSNDF / KNDF B - 102, SSNDF / KNDF B-103 တွေအဖြစ် ပြောင်းလဲဖွဲ့စည်းထားတယ်လို့ ကရင်နီအမျိုသားများကာကွယ်ရေးတပ်-KNDF က ဒီကနေ့မှာ တရားဝင် ထုတ်ပြန်ပါတယ်။
Read More

မင်းလှတွင် စစ်ကောင်စီ ဖမ်းဆီးထားသူ ၉ ဦး ၁၀ ရက်ဝန်းကျင် ကြာသည်အထိ ပြန်မလွတ်သေး

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက ဒေသခံ ၉ ယောက်ကို ဖမ်းဆီးထားပြီး ၁၀ ရက်ဝန်းကျင်ကြာတဲ့တိုင်အောင် ပြန်မလွှတ်ပေးသေးဘူးလို့ မင်းလှ ပကဖ ထံက သိရပါတယ်။
Read More

သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီ စစ်သုံ့ပန်း ၅၀ ထက်မနည်း ဖမ်းဆီးရမိပြီး စစ်သား အလောင်း ၃၀ ကျော်တွေ့ရှိ၊ ၁၂၀ မမ လက်နက်ကြီးအပါ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီရဲ့ သေ့ဘောဘိုးတပ်စခန်း တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်သုံ့ပန်း ၅၀ ထက်မနည်းဖမ်းဆီးရမိပြီး ၁၂၀ မမ လက်နက်ကြီးအပါအဝင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ Cobra Column 2 (Venom Column) ရဲ့ ထုတ်ပြန်ချက်နဲ့ တော်လှန်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

စစ်ကောင်စီက သူ့တပ်ဖွဲ့ဝင် စစ်သုံ့ပန်းတွေရှိတဲ့နေရာကို ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်လို့ စစ်ကောင်စီ ဗိုလ်မှူးအပါအဝင် ၄ ယောက် သေဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲ့ စစ်သုံ့ပန်းတွေထားရှိရာ အချုပ်ဆောင်ကို စစ်ကောင်စီက လေကြောင်းကနေ ဒုတိယအကြိမ်မြောက် တိုက်ခိုက်ခဲ့တယ်လို့ MDY-PDF က ထုတ်ပြန်ပါတယ်။