စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ထပရ-၉၂၉ ကနေ ထွက်ပြေးအလင်းဝင်ရောက်လာတဲ့ စစ်မှုထမ်းတပ်သား ၁ယောက်ကို အခက်အခဲတွေကြားထဲကနေ သွားရောက်ခေါ်ဆောင်ခဲ့ရကြောင်း Golden Target Force အဖွဲ့ တာဝန်ရှိသူ၁ယောက်က မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ရက်နေ့က မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီး၊ ထောက်ပို့တပ်ရင်း (၉၂၉) မှာ တာဝန်ထမ်းဆောင်နေတဲ့ အထက်ပါ စစ်မှုထမ်းတပ်သားကို Golden Target Force (GTF) နဲ့ မုံရွာမြို့နယ် တိုက်နယ်(၁) ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တွေက အကြမ်းဖက်စစ်တပ် စိုးမိုးထားရာနေရာအထိ သွားရောက်ခေါ်ဆောင်ခဲ့ရတာဖြစ်ကြောင်း သိရပါတယ်။

အလင်းဝင်တပ်သားဟာ သူကိုင်ဆောင်ရတဲ့ MA-1 သေနတ်ကို အခက်အခဲတွေကြောင့် မယူဆောင်နိုင်ခဲ့ပေမယ့်လည်း ကာယကံရှင်ဆန္ဒအတိုင်း လုပ်ဆောင်ပေးသွားမယ်လို့ Golden Target Force အဖွဲ့တာဝန်ရှိသူ ၁ယောက်က ပြောပါတယ်။

“သူကတော့ နေရပ်ကို ပြန်ရင် ပြန်ဆွဲခံရမှာကြောက်လို့ ဒီမှာပဲနေပြီး စကစကိုပြန်တိုက်မယ် ပြောပါတယ်။ အသက်က ၁၉နှစ်ပဲရှိပါသေးတယ်။ နောက်ထပ်အလင်းဝင်လိုတဲ့သူတွေလည်း ကျနော်တို့ကိုဆက်သွယ်ပါ။ ရအောင်ခေါ်ထုတ်ပေးပါမယ်” လို့ Golden Target Force အဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
အလင်းဝင် စစ်မှုထမ်းတပ်သားရဲ့ ပြောပြချက်အရ သူဟာ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်အတွင်း ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်မှာ ညနေပိုင်း အကြော်ထွက်ဝယ်ရင်း ပေါ်တာဆွဲ ဖမ်းခံခဲ့ရတာဖြစ်ကြောင်းနဲ့ တိုက်ကြီးမြို့နယ် ဂျိုးဖြူသင်တန်းကျောင်းဆီ မတရားပို့ဆောင်ခံရကာ ၂လခွဲကြာ စစ်သင်တန်းတက်ရောက်ခဲ့ရကြောင်း၊ အဲ့ဒီနောက်မှာတော့ ပဲခူးအခြေစိုက် (၁၀၅)တပ်ရင်းနဲ့ ထောက်ပို့(၉၂၉)တပ်ရင်းတွေဆီ အဆင့်ဆင့် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရကြောင်း သိရပါတယ်။
ဒါ့အပြင် အထက်ပါ ထပရ-၉၂၉ တပ်ရင်းထဲမှာ တပ်ကြပ်ကြီးအဆင့်ရှိသူ ၁ယောက်က လက်အောက်ငယ်သားတွေကို မူးယစ်ဆေးဝါး (ရာမ) ပြား (၁)ပြားကို ၁သောင်းကျပ်နဲ့ စီးပွားဖြစ် ရောင်းချနေတယ်လို့လည်း သိရပါတယ်။

ပုံစာ – အလင်းဝင် စစ်ကောင်စီတပ်သား
0 Shares:
You May Also Like
Read More

လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ စစ်ကောင်စီ လေတပ်ဗိုလ်ကြီးကို PLA ပစ်ခတ်ရှင်းလင်း

စစ်ကောင်စီရဲ့ လေတပ်ဗိုလ်ကြီးတစ်ယောက်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဒီနေ့ ဒီဇင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ထန်းတပင်မြို့နယ်မှာ စစ်တပ်ရဲ့ ထောက်ပို့စစ်ကြောင်းကို တိုက်ခိုက်ရာ လက်နက် ၅ လက် သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ထောက်ပို့စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ လက်နက် ၅ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး -KNU တပ်မဟာ (၂) စစ်ရေးလှုပ်ရှားမှုအတွက် ရံပုံငွေ ရှာဖွေပေးနေတဲ့ စစ်တောင်းကမ်ပိန်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရဲဘော် ရာဇာနှင့် ရဲဘော် သီဟလေး သင်သွားလိုရာကို လွတ်လပ်စွာ သွားနိုင်ပါပြီ

ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် (SF/SAF) က ရဲဘော် ရာဇာနဲ့ ရဲဘော် သီဟလေးတို့ဟာ တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်ရင်း ရှေ့ဆင့်နောက်ဆင့်ပဲ ရဲဝင့်စွာ အသက်ပေးလှူသွားခဲ့တယ်လို့ သိရပါတယ်။
Read More

ဒေါနစစ်ကြောင်း (၃) နှင့် မွန်၊ ကရင်၊ ထားဝယ် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ရေးမဟာမိတ်အဖြစ် ပူးပေါင်းတိုက်ခိုက်မည်

ဒေါနစစ်ကြောင်း ၃ နဲ့ မွန်၊ ကရင်၊ ထားဝယ်က လက်နက်ကိုင်တပ်ဖွဲ့တွေ မဟာမိတ်အဖြစ်  ပူးပေါင်းကာ စစ်ရေးဖော်ဆောင်မှုတွေ လုပ်ဆောင်သွားမယ်လို့ Kanbauk Defense Force က သတင်းထုတ်ပြန်ပါတယ်။ 
Read More

ဂန့်ဂေါမြို့ရှိ ခလရ ၅၀ တပ်နဲ့ စစ်တပ်အထိုင်ဂိတ်တွေကို တော်လှန်ရေးတပ်များ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့က စစ်တပ်ရဲ့ ခလရ (၅၀) တပ်ရင်းအပါအဝင် အထိုင်ချထားတဲ့ ဂိတ်တွေနဲ့ ရုံးစိုက်ရာနေရာတွေကို ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့၊ မနက် ၆နာရီဝန်းကျင်အချိန်မှာ အဆိုပါ စစ်တပ်နေရာတွေကို ၁၀၇ မမ ရှော့တိုက်ဒုံး (၆) လုံးနဲ့ ပစ်ခတ်ခဲ့ပြီး (၆) လုံးစလုံး ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
Read More

နိုင်ငံကူးလက်မှတ်ပြုလုပ်ရာမှာ လိုအပ်တဲ့ UID ကတ် အတုပြုလုပ်သူ ၂၃ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးထားဟုဆို

နိုင်ငံကူးလက်မှတ် (Passport) ပြုလုပ်ရာမှာ လိုအပ်တဲ့  UID (Unique ID) ကတ် အတုပြုလုပ်သူ ၂၃ ယောက်ကို ဖမ်းဆီးအမှုဖွင့် တရားစွဲဆိုထားတယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။