တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ဇူလိုင်လ ၂၉ရက် ဒီမနက် ၉နာရီကျော်လောက်မှာ မိုးကုတ်မြို့အရှေ့ပိုင်း မင်းတံတား မိဘမေတ္တာ ရေကူးကန်ရှေ့ တည့်တည်ကို တစ်လုံး၊ တော်ဝင်ဆီဆိုင်ရှေ့ ပျိုးဥယျာဥ်အနီး တစ်လုံး၊ Kingbridge Hotel အလယ်ဝင်ပေါက် လမ်းဘေးတစ်လုံး၊ မင်းတံတား လယ်စိုက်ခင်းရှေ့တည်တည့် PH ဖုန်းဆိုင်နားတစ်လုံး စသဖြင့် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များစွာ ထိမှန်ပျက်စီးသွားပြီး ဒေသခံ ၅ယောက်ထက်မနည်း သေဆုံးကာ အယောက် ၂၀ ဝန်းကျင် ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

“ဒဏ်ရာရတဲ့သူက ၁၅၊ ၂၀ ဝန်းကျင်လောက်ရှိတယ်။ သေဆုံးတာက လောလောဆယ်သိရတာ ၅ယောက်။ ရှာလို့မရသေးတာတွေလည်း ရှိနေသေးတယ်”လို့ မိုးကုတ်မြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

စစ်ကောင်စီဟာ မိုးကုတ်မြို့ကို ပြန်လည်သိမ်းပိုက်ချင်တာကြောင့် အခုလို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ ဒေသခံတွေက ယူဆကြပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ရက်နေ့ကလည်း မိုးကုတ်မြို့ ရွှေလိပ်ပြာ ဟိုတယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတစ်ယောက် သေဆုံးပြီး ၃ယောက် ထိမှန်ဒဏ်ရာရခဲ့ပါသေးတယ်။

“လောလောဆယ်မှာတော့ တခြားမြို့တွေမှာ သွားရှောင်နေလို့ မရဘူးဗျ။ လမ်းတွေပိတ်ထားတော့ မိုးကုတ်မြို့ထဲ ဘေးကင်းနိုင်မယ်ထင်တဲ့ နေရာတချို့ကိုတော့ ရှောင်နေတဲ့သူတွေ ရှိကြတယ်” လို့ အထက်ပါ ဒေသခံက ဆိုပါတယ်။
0 Shares:
You May Also Like
Read More

ဂွမြို့နယ် ကူတို့လေးကျေးရွာကို အကြမ်းဖက်စစ်တပ် လေယာဉ်ဗုံးကြဲလို့ ဒေသခံ ၃ ယောက် သေဆုံး

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကူတို့လေးကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၁ ယောက် အပါအဝင် အရပ်သား ၃ ယောက် သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

PDF တပ်ရင်း ၁၀၀၇ – မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (၂) ရဲ့ ၄၅ ရက်တာ စွမ်းရည်မြှင့်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အလယ်ပိုင်းတိုင်းစစ်ဌာန၊ အမှတ် ၃ ရှမ်းတောင်စစ်ဒေသ၊ ဗျူဟာ (၁) ​လက်အောက်ခံ တပ်ရင်းအမှတ် ၁၀၀၇ - မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (၂) ရဲ့ ၄၅ ရက်တာ စွမ်းရည်မြှင့်သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

မင်းတုန်းမြို့နယ် တိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၃၀ ခန့် သေပြီး စစ်သုံ့ပန်း ၁ ယောက် ဖမ်းမိ၊ လက်နက်ခဲယမ်းတွေအပြင် ပြည်သူတွေဆီက ခိုးယူထားတဲ့ လက်ဝတ်ရတနာတချို့ သိမ်းဆည်းရမိ…

မကွေးတိုင်း ၊ မင်းတုန်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ် ညအိပ်စခန်းချနေချိန် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်တပ်က စစ်သား ၃၀ ခန့် သေဆုံးပြီး စစ်သုံ့ပန်း ၁ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်အမှတ် ၄ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်ဦးက တပ်ရင်းရိက္ခာအတွက် တပိုင်တနိုင် စပါးခင်းရိတ်သိမ်း (ဓာတ်ပုံသတင်း)

ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်ဦးအနေနဲ့ တပ်တွင်းရိက္ခာဖူလုံစေဖို့အတွက် ပြည်သူလူထုရဲ့အကူအညီတချို့ကိုယူပြီး စိုက်ပျိုးခဲ့တဲ့ တနိုင်တပိုင် စပါးခင်းတွေကို ရိတ်သိမ်းခဲ့တဲ့ မှတ်တမ်းပုံရိပ်တွေကို ထုတ်ပြန်လာပါတယ်။
Read More

နိုင်ငံရေးမတည်ငြိမ်မှုကြောင့် တရုတ်ဇနီးမယားအဖြစ် အတင်းအဓမ္မ ရောင်းစားခံရတဲ့ ပြဿနာ ကြီးထွားလာနေ…

မြန်မာနိုင်ငံတဝှမ်းမှာ ယခုလို မတည်မငြိမ်ကာလတွေအတွင်း အမျိုးသမီးငယ်တွေကို ဇနီးမယားများအဖြစ် တရုတ်နိုင်ငံကို အတင်းအဓမ္မ ရောင်းစားနေမှုဟာ စိုးရိမ်ဖွယ် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာနေတယ်လို့ ကချင် အမျိုးသမီး အစည်းအရုံး - ထိုင်းနိုင်ငံ (KWAT) က ထုတ်ဝေထားတဲ့ “တရုတ် ဇနီးမယား အဖြစ် အတင်းအဓမ္မ ရောင်းစားခံရခြင်း” အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။
Read More

လောင်းလုံးမှာ စစ်ကောင်စီတပ်က မောင်းမကန်ရွာသား ၃ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ရေတွင်းထဲ အလောင်းများ စွန့်ပစ်သွားခဲ့

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီက မောင်းမကန်ရွာသား ၃ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ကာ ရေတွင်းထဲ အလောင်းတွေ ပစ်ချမြုပ်နှံသွားတယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DMSCD) ရဲ့ပြန်ကြားရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။