ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ချောင်းဂေါင်းအုပ်စုကနေ ဓားစာခံတွေဖမ်းပြီး ထွက်လာတဲ့ စစ်အုပ်စုကို ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၅) ထံက သိရပါတယ်။

ဆယ်ရွာက ဒေသခံတွေကို ဖမ်းဆီးလာတဲ့ စစ်ကောင်စီအင်အား ၇၀ ဝန်းကျင်ဟာ ဇူလိုင် ၂၄ရက် နေ့လယ် ၃နာရီကျော်လောက် ပဲခူးရိုးမထဲရှိ မြို့ချောင်း-စိန်ကန့်လန့်ရိုးမဖြတ်လမ်း ၄၈ ပေါက် ဖုတ်တက်ကြီးအနီး ကားလမ်းအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

ဒီလို ကြားဖြတ်တိုက်ခိုက်မှုကြောင့် အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ ခန့်ကြာ ဖြစ်ပွားကာ စစ်ကောင်စီဘက်က ၁၅ ယောက်သေဆုံး၊ ၃ယောက် ထိမှန်ဒဏ်ရာရခဲ့သလို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်လာတဲ့ ဒေသခံ ၇ယောက်လည်း ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။
“ကလေးငယ်တွေအပါအဝင် အမျိုးသမီးနဲ့ အမျိုးသား ၄၀ လောက်ကို ဖမ်းတယ်။ ၂၃ရက်နေ့မှာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ ပြန်လွှတ်ပေးတယ်။ ၂၄ရက်နေ့ကျ ဘန့်ဘွေးကုန်းရွာက စခ စခန်းဆီ အမျိုးသားတွေ ဖမ်းခေါ်လာတယ်သတင်းရလို့ စောင့်တိုက်တာ။ ဘန့်ဘွေးကုန်းက စခ စခန်းကို မသာ ၁၅လောင်းနဲ့ ဒဏ်ရာရ ၃ကောင် သယ်လာတယ်လို့ ကြားသိရတယ်” လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၅) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အထိနာသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဘန့်ဘွေးကုန်းရွာထဲကို ဖရိုဖရဲ ဆုတ်ခွာထွက်‌ပြေးသွားပြီး တိုက်ပွဲဖြစ်ပွားရာနေရာကို တော်လှန်ရေးရဲဘော်တွေ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ အသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဆက်လက်ပြီး တိုက်ပွဲတွေဖြစ်ပွားလာနိုင်သလို စစ်ကောင်စီတပ်သားတွေက လူသားဒိုင်းအဖြစ် ပေါ်တာဆွဲခြင်း၊ မော်တော်ယာဉ်တွေကို ချောဆွဲခြင်းတွေ ပြုလုပ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ ရိုးမအတွင်း သွားလာလှုပ်ရှားမှု မပြုလုပ်ကြဖို့လည်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ (၅) က အသိပေးထုတ်ပြန်ထားပါတယ်။

ပုံစာ – စစ်အုပ်စု ကျန်ခဲ့သည့် အသုံးအဆောင်အချို့နှင့် တိုက်ပွဲဖော်ဆောင်နေသည့် တော်လှန်ရေးရဲဘော်အချို့
0 Shares:
You May Also Like
Read More

ယင်းမာပင်မြို့နယ်က ကျေးရွာတစ်ရွာမှာ တော်လှန်ရုပ်ရှင်ပြ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ သပိတ်ကော်မတီဝင်တွေနဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၁ ရဲဘော်တွေက ပြည်သူတွေကို တော်လှန်ရုပ်ရှင်တွေ ပြသခဲ့တယ်လို့ သိရပါတယ်။
Read More

ဇွဲကပင်တောင် တောမီးလောင်ကျွမ်းမှု ဟိုတယ်ဇုန်နှင့် နီးကပ်လာ 

ကရင်ပြည်နယ်၊ ဘားအံမြို့က ဇွဲကပင်တောင်မှာ တောမီးလောင်ကျွမ်းမှု များပြားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရှမ်းပြည် (တောင်ပိုင်း) ဒေသခံ တော်လှန်ရေးတပ်ပေါင်းစု (SSLRU) ရဲ့ အပတ်စဉ် (၃) တိုက်ခိုက်ရေးတန်းမြှင့် စစ်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ရှမ်းပြည် (တောင်ပိုင်း) ဒေသခံ တော်လှန်ရေးတပ်ပေါင်းစု (SSLRU) က ကြီးမှူးကျင်းပတဲ့ အပတ်စဉ် (၃) တိုက်ခိုက်ရေးတန်းမြှင့် စစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ကရင်နီဒေသတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မတ္တရာစစ်ရှောင်စခန်းကို လေကြောင်းတိုက်ခိုက်မှု ဂုဏ်သိက္ခာကင်းမဲ့တဲ့ တိုက်ခိုက်မှုဟု MDY-PDF ရှုတ်ချ

မန္တလေးတိုင်း၊ မတ္တရာမြို့က စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဟာ ဂုဏ်သိက္ခာကင်းမဲ့တဲ့ စစ်ရာဇဝတ်မှုကိုပြောင်‌ပြောင်တင်းတင်း ကျူးလွန်လိုက်ခြင်းဖြစ်ကြောင်း မန္တလေး PDF က မနေ့က အောက်တိုဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

MDY-PDF ထိန်းချုပ်နယ်မြေရှိ စစ်ဘေးရှောင်စခန်းတွေကို စားနပ်ရိက္ခာ ထောက်ပံ့လှူဒါန်း… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) - MDY-PDF နဲ့ အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (AFCC - Mdy) တို့ ပူးပေါင်းပြီး MDY-PDF ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ဘေးရှောင်စခန်းတွေကို စားနပ်ရိက္ခာတွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ MDY-PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အင်းလေး PDF က တောင်ရိုး အမျိုးသားများ၏ (၁၆)ကြိမ်မြောက်အမျိုးသားနေ့ ဂုဏ်ပြုအခမ်းအနား ပြုလုပ်…

မတ်လ(၁)ရက်၊ တပေါင်းလဆန်း(၃)ရက် ဒီနေ့မှာ ကျရောက်တဲ့ တောင်ရိုး အမျိုးသားတွေရဲ့ (၁၆) ကြိမ်မြောက်အမျိုးသားနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ၊အမှတ်(၁၀၀၉)တပ်ရင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တောင်ရိုးအမျိုးသားနေ့ ဂုဏ်ပြုအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။