ကချင်ပြည်နယ်ရှေ့တန်းစစ်ဆင်ရေးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့အတူ စစ်ဆင်ရေးတာဝန်တွေ ထမ်းဆောင်ရင်း ရဲဘော် ၁ ဦး ကျဆုံးခဲ့တယ်လို့ မိခင်တပ်ဖွဲ့ဖြစ်တဲ့ ဗမာ့တပ်တော်က မနေ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက် ကချင်ပြည်နယ် ရှေ့တန်းစစ်ဆင်ရေး နယ်မြေတစ်နေရာမှာ KIA နဲ့အတူ တိုက်ပွဲဝင်ရင်း ဗမာ့တပ်တော်ရဲ့ အမှတ်( ၄၀၄) တပ်ရင်းက တပ်သား ဟိန်းသူလွင် ( ခ) ငဒေါင်း ဟာ ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ပေါ်ပေါက်ရေးနဲ့ အာဏာရှင်စနစ်အမြစ်ပြတ် ချေမှုန်းနိုင်ရေးအတွက် စစ်ဆင်ရေးတာဝန်တွေ ထမ်းဆောင်ရင်း အသက်ပေးလှူခဲ့တဲ့ ရဲဘော် ဟိန်းသူလွင်(ခ) ငဒေါင်းကို ဗမာ့တပ်တော်မှ လေးစားစွာဦးညွတ်အလေးပြုကြောင်း ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ကျားဖြန့် အဆောက်အအုံများ နေ့စဥ် ဖြိုခွဲပြနေကြောင်း စစ်ကော်မရှင် ဆက်တိုက်ထုတ်ပြန်နေ၊ KK Park အဆောက်အဦး ၆၀၀ ကျော်အနက် ၂၀၀ ကျော် ဖျက်ဆီးပြီးပြီဟု ဆို

ထိုင်း-မြန်မာနယ်စပ်၊  မြဝတီ-မဲထော်သလေး (KK Park) နယ်မြေရှိ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်း လုပ်ဆောင်ရာမှာ အသုံးပြုခဲ့တဲ့ အဆောက်အအုံ ၆၀၀ ကျော်ထဲက ၂၀၀ ကျော်ကို ဖြိုချဖျက်ဆီးခဲ့ပြီး ဖြစ် တယ်လို့ အကြမ်းဖက်စစ်တပ်က ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲအတွင်း ဗိုလ်ကြီးသေပြီး ဦးဆောင်သူမရှိတော့တဲ့ စစ်သား ၃ ယောက် TNLA ထံ အလင်းဝင်

အာဏာသိမ်း စစ်တပ်ရဲ့ တပ်သား (၃) ယောက် တအာင်းတပ်မတော် TNLA တပ်ဖွဲ့ထံ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်ရောက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်အသိပေးပါတယ်။
Read More

တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့ ထီးလင်းမြို့ကနေ စွန့်ခွာကြဖို့ အရပ်သားတွေကို ပအဖ အသိပေး

၂၀၂၅ ခုနှစ်အတွင်း ထိတွေ့တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့ ထီးလင်းမြို့ကနေ အရပ်သားတွေ ဘေးလွတ်ရာတိမ်းရှောင်ကြဖို့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလင်းဝင်ရောက်ဖို့ ထီးလင်းမြို့နယ် ပအဖ က သတိပေးစာတစ်ခုကို မနေ့က ဒီဇင်ဘာ ၅ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

မြေလတ်အသံ သတင်းထောက် ကိုသန်းထိုက်မြင့် ထောင်ဒဏ် ၅ နှစ်ချခံရ

မြေလတ်အသံသတင်းဌာနရဲ့ သတင်းထောက်ဖြစ်သူ ကိုသန်းထိုက်မြင့်ကို စစ်ကောင်စီက ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တယ်လို့ သူနဲ့ အလုပ်အတူ တွဲလုပ်ဖူးသူ လုပ်ဖော်ကိုင်ဖက်တွေထံက သိရပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် သေဆုံးသူများခဲ့သည့် အိုးဘိုထောင်တွင်း နိုင်ငံရေးအကျဥ်းသားများစာရင်း စစ်အုပ်စုဖုံးကွယ်ထား…

"အထူးသဖြင့် အာဏာမသိမ်းခင်ကတည်းကအဆောင်တွေကအိုဟောင်းနေပါပြီ။ အာဏာသိမ်းပြီးတော့ နိုင်ငံရေးအကျဥ်းသားတွေအများကြီးစုပြုံပြီးထည့်ထားတယ်။ ဒီတော့ ငလျင်ကြောင့်ဆိုတာထက်အဆောက်အအုံခိုင်ခန့်မှုမရှိတာကို လူတွေစုပြုံပြီးထည့်ထားတာမို့ စီမံခန့်ခွဲမှုညံ့ဖျင်းတာလို့ပြောချင်ပါတယ်။" လို့ PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦး က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

တိုင်းစစ်ဌာနချုပ် အဆင့်ရှိ(နပခ) ကို တိုက်ခိုက်သိမ်းပိုက်နိုင်မှုဟာ သမိုင်းဝင် အောင်ပွဲတစ်ရပ်ဖြစ်လို့ ဝမ်းမြောက်ဂုဏ်ယူကြောင်း NUG က အာရက္ခတပ်တော်ကို သဝဏ်လွှာပေးပို့

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အာရက္ခတပ်တော် AA က  အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) ကို အပြီးသတ်သိမ်းပိုက်နိုင်ခြင်း အောင်ပွဲအတွက်  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတက  ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာတစ်ရပ်ကို ပေးပို့လိုက်ပါတယ်။