အမျိုးသားညီညွတ်ရေးအစိုးရ NUG စွမ်းဆောင်ရည် ပိုမိုတိုးတက်စေရေးအတွက် ပြုပြင်ပြောင်းလဲရေးတွေ ဆက်လက်လုပ်ဆောင်နိုင်ရေးမှာ ကဏ္ဍအလိုက် ပညာရှင်တွေရဲ့ အကြံပြုချက်တွေ ရယူနေ တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားလိုက်ပါတယ်။

ဒီနေ့ ထုတ်လွှင့်ခဲ့တဲ့ “ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ် – ၁၄/၂၀၂၅” မှာ အခုလို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

“အမျိုးသားညီညွတ်ရေးအစိုးရကို စွမ်းဆောင်ရည် ပိုမိုတိုးတက်စေဖို့နဲ့ ကိုယ်စားပြုပါဝင်မှု ပိုမိုမြင့်တက်စေဖို့အတွက် ယခုထက်ပိုမိုတဲ့ ပြုပြင်ပြောင်းလဲရေးတွေ ဆက်လက်လုပ်ဆောင်နိုင်ရေးကိုလည်း လေ့လာဆန်းစစ်သုံးသပ်လျက်ရှိသလို ကဏ္ဍအလိုက် ပညာရှင်တွေရဲ့ အကြံဉာဏ်တွေကိုလည်း ရယူ စုဆောင်းလျက်ရှိနေပါတယ်။ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး လုပ်ကိုင်ဆောင်ရွက်နေမှုတွေကို ထူးခြားမှုရှိရင် ရှိသလို ပြည်သူလူထုကို အသိပေးတင်ပြသွားမှာ ဖြစ်ပါတယ်။” လို့ ပြောကြားထားပါတယ်။

ဒါ့အပြင် အချိန်အခါနဲ့ ကိုက်ညီတဲ့ ပြည်ထောင်စုအစိုးရတစ်ရပ်အဖြစ် ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ NUG အစိုးရအဖွဲ့ဝင်တိုင်းက နားလည်သဘောပေါက်ထားတယ်လို့လည်း ဦးနေဘုန်းလတ်က ပြောပါတယ်။

“အမျိုးသားညီညွတ်ရေးအစိုးရ ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်လို့ အပြုသဘော ဝေဖန် ထောက်ပြ အကြံပြုသူများ အားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ၂၀၂၁ မှာ စတင်ခဲ့တဲ့ ပြည်သူ့နွေဦးတော်လှန်ရေးဟာ အခုဆိုရင် ၅ နှစ်တာ ကာလကို ချဉ်းကပ်ဝင်ရောက် လာခဲ့ပြီဖြစ်သလို လွန်ခဲ့သော ၅ နှစ်ခန့်ကနဲ့ မတူညီတဲ့ အခြေအနေ အခင်းအကျင်းတွေလည်း ပေါ်ပေါက်လာနေပြီဖြစ်ပါတယ်။ ဒီလို ပြောင်းလဲနေတဲ့ အခြေအနေ အချိန်အခါနဲ့ ကိုက်ညီသော ပြည်ထောင်စုအစိုးရတရပ်အဖြစ် မိမိကိုယ်ကို လေ့လာသုံးသပ်ဖို့နဲ့၊ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ကို နိုင်ငံတော်ယာယီသမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ်အပါအဝင် အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ဝင်တွေ အားလုံးအနေနဲ့ နားလည်သဘောပေါက်ထားပါတယ်။” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။
NUG အစိုးရအဖွဲ့အတွင်း လုပ်ငန်းတွေ ပိုမိုကျစ်လျစ် ထိရောက်စေဖို့အတွက် ဝန်ကြီးဌာနတွေကို ကဏ္ဍကြီး (၆) ရပ်အပေါ်အခြေခံပြီး စုဖွဲ့ဆောင်ရွက်တဲ့ ပုံစံကို ပြောင်းလဲဆောင်ရွက်နေတာလည်းရှိသလို အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီး တိုင်း သို့မဟုတ် ဖယ်ဒရယ်ယူနစ် အုပ်ချုပ်ရေး အစိုးရ အဖွဲ့တွေ ပေါ်ပေါက်လာရေးအတွက် အထူးအလေးပေး ဆောင်ရွက်နေတယ်လို့ ဝန်ကြီးချုပ်ရုံး ပြောခွင့်ရက ပြောကြားထားပါတယ်။
0 Shares:
You May Also Like
Read More

ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်အတည်ပြု

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်  အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားပြု သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်အတည်ပြုခဲ့တယ်လို့ သိရပါတယ်။
Read More

ပြီးခဲ့တဲ့လမှာ စစ်မှုထမ်းဖို့ စုဆောင်းခံရသူ (၃၁) ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့ ထုတ်ပြန်

မတရားစစ်မှုထမ်းဖို့ စုဆောင်းခံရသူတွေထဲက တပ်သားသစ် (၃၁) ယောက်ကို ဇန်နဝါရီလထဲမှာ ကယ်ထုတ်နိုင်ခဲ့ကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့က (People's Embrace) က အသိပေးထုတ်ပြန်ပါတယ်။ 
Read More

ရွာငံမြို့နယ်၊ မင်းပလောင်ကျေးရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ မင်းပလောင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေး တပ်တော် - DSNDA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲကျင်းပပြီး အာဏာလွှဲအပ်မယ်၊ စစ်မြေပြင်မှာ အသက်နဲ့လဲ တာဝန်ထမ်းကြပါဟု ဗိုလ်လောင်းတွေကို မင်းအောင်လှိုင်ပြော

နိုင်ငံအတွက် စစ်မြေပြင်မှာ အသက်နဲ့လဲပြီး တာဝန်ထမ်းဆောင်ပေးဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

“ဝ” ထိန်းချုပ်ရာဒေသမှာ မြေရှားသတ္တုတူးဖော်မှု ၁၀ နှစ်အတွင်း ၈ ဆခန့်အထိ များလာ…

“မြေရှားသတ္တုကနေ စွန့်ထုတ်တဲ့ ဓာတုစွန့်ပစ်ရေက မြေအောက်အထိ စိမ့်ဝင်ပါတယ်… အဲ့ဒီမြေအောက်ရေရဲ့ ညစ်ညမ်းမှုက တကယ်လို့ သတ္တုတူးပြီး ဆယ်နှစ်ကြာသည်အထိ မပျောက်သွားဘူး၊ ဒါကို ကချင်ဘက်က သုတေသနတချို့ လုပ်ထားတာရှိပါတယ်။ အဲ့ဒီအဆိပ်သင့်ရေကို သုံးစွဲမိတဲ့ ပြည်သူတွေက ကျောက်ကပ်၊ ကင်ဆာလို ရောဂါတွေ ခံစားရပါတယ်” လို့ SHRF မှ ယိင်းလျန်းဟန်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကြိုတင်ချိတ်ဆက်ခြင်း မရှိဘဲ တာဝန်ကျချိန် ရုတ်တရက် ထွက်ပြေးအလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ နွယ်တမယ်တံတားမှာ ဝာာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၁ယောက် စစ်တပ်ကနေ ကိုယ်လွတ်ရုန်းထွက်ပြေးပြီး အလင်းဝင်ရောက်လာကြောင်း ဒေါင်းစစ်အောင် (LPDF) တာဝန်ခံ ကိုထူးလေးက မောင်းကို ပြောပါတယ်။