မလေးရှားနိုင်ငံမှာ နှစ်ဖက် ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ ရလဒ်အရ ဇူလိုင် ၂၈ ရက် ညသန်းခေါင်ယံအချိန်တိတိမှာ ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်ဖက်စလုံး အပစ်ရပ်ရမယ်လို့ သဘောတူထားခဲ့ပေမယ့် ဇူလိုင် ၂၉ ရက် မနက်အစောပိုင်းအထိ ကမ္ဘောဒီးယားဖက်က သဘောတူညီမှုကို ချိုးဖောက်မှုတွေ ရှိနေတယ်လို့ ထိုင်းစစ်တပ်က ပြောဆိုလိုက်ပါတယ်။

ထိုင်းစစ်ဦးစီးချုပ်ဌာနချုပ်မှ ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဝင်ထိုင်းဆူဗာရီက ကမ္ဘောဒီးယားအနေနဲ့ ရည်ရွယ်ချက်ရှိရှိ ယုံကြည်မှု ဖောက်ဖျက်တဲ့ လုပ်ရပ်မျိုးကို လုပ်ဆောင်နေပြီး ထိုင်းအနေနဲ့ ကတိကဝတ်တွေကို လေးစားလိုက်နာနေဆဲ ဖြစ်ပေမယ့် ကမ္ဘောဒီးယားစစ်တပ်က မရပ်တန့်ဘူးဆိုရင် ကာကွယ်တဲ့အနေနဲ့ ပြန်လည်လက်တုံ့ပြန်ရလိမ့်မယ်လို့လည်း ပြောဆိုကြေညာခဲ့ပါတယ်။

အပစ်ရပ် သဘောတူညီမှု စတင်အသက်ဝင်ပြီးတဲ့ နောက်ပိုင်းအချိန်ထိ ကမ္ဘောဒီးယား စစ်တပ်က အချို့နယ်စပ်ဒေသတွေမှာ ထိုင်းပိုင်နက်ကို ဆက်လက်တိုက်ခိုက်နေတာတွေ စိတ်ပျက်ဖွယ် ထောက်လှမ်း တွေ့ရှိခဲ့ရပြီး ကမ္ဘောဒီးယားရဲ့ လုပ်ရပ်တွေကို ထိုင်းစစ်တပ်အနေနဲ့ ရှုတ်ချကန့်ကွက်ကြောင်း သူက ပြောကြားသွားပါတယ်။
ဇူလိုင် ၂၈ ရက် ညသန်းခေါင်ယံအချိန် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် မစတင်ခင်အချိန်အထိ နှစ်ဖက်စလုံးက စစ်ရေးလှုပ်ရှားမှုတွေ ဆက်လက် လုပ်ဆောင်ခဲ့ပြီး ထိုင်းလေတပ်ကလည်း တာကွိုင် ရှေးဘုရားကျောင်းအနီးရှိ ကမ္ဘောဒီးယားရဲ့ လက်နက်ကြီး တပ်တွေဆီ ဆက်သွယ်ထားတဲ့ ရိက္ခာလမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ F-16 တိုက်လေယာဉ်တွေကို စေလွှတ်ဗုံးကြဲစေခဲ့တယ်လို့လည်း သိရပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နှစ်နိုင်ငံ အပစ်မရပ်ဘူးဆိုရင် အမေရိကန်အနေနဲ့ ဆွေးနွေးထားတဲ့ ကုန်သွယ်ရေးသဘောတူညီမှုတွေကို လက်မှတ်ထိုးမှာမဟုတ်ဘူးလို့ သတိပေးပြောဆိုခဲ့ပြီးနောက် အာဆီယံဥက္ကဌ မလေးရှားက ကမကထ လုပ်ကာ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ရဲ့ ငြိမ်းချမ်းရေးစကားဝိုင်းကို မနေ့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ ဆွေးနွေးပွဲမှာ မနေ့က ဇူလိုင် ၂၈ရက် ညသန်းခေါင်ယံအချိန်ကစလို့ ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံ အပစ်ရပ်ဖို့၊ ဒီနေ့ ဇူလိုင် ၂၉ရက် မနက်ပိုင်းမှာ နှစ်နိုင်ငံ စစ်တပ်အရာရှိတွေ အလွတ်သဘော တွေ့ဆုံကာ သြဂုတ်လ ၄ရက်နေ့မှာတော့ တရားဝင် တွေ့ဆုံကြဖို့ သဘောတူညီထားတာ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

မြန်မာမှာ အပစ်ရပ် သက်တမ်းတိုးဖို့ မလေးရှားတိုက်တွန်း

လူသားချင်းစာနာမှုလုပ်ငန်းတွေကို အထူးသဖြင့် ငလျင်ဒဏ်သင့်နေရာတွေမှာ လုံခြုံဘေးကင်းပြီး အဟန့်အတားမရှိ လုပ်ကိုင်နိုင်ဖို့အတွက် ဗုဒ္ဓဟူးနေ့က သက်တမ်းကုန်သွားခဲ့တဲ့ မြန်မာပြည်ရဲ့ လက်ရှိ အပစ်အခတ်ရပ်စဲရေးကို ထပ်မံ တိုးချဲ့ဖို့နဲ့ သက်တမ်းတိုးဖို့ မလေးရှားက တောင်းဆိုလိုက်ပါတယ်။
Read More

ရုရှားဩဇာခံ ဘယ်လာရုစ်နိုင်ငံသို့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် ထွက်ခွာ၊ စစ်ခေါင်းဆောင်၏ ဘယ်လာရုစ်နှင့် ရုရှားခရီးစဉ်တွင် ခရိုနီစီးပွားရေးသမားများလည်း လိုက်ပါဟု သိရ

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

အရပ်သားများကို ဗုံးကြဲနေသည့် စစ်အုပ်စု၏ ရွေးကောက်ပွဲ စိတ်ကူးလို့တောင်မရဘူးဟု ကုလသမဂ္ဂ လူ့အခွင့်အရေးအရာရှိ ဆို

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ်က မြန်မာပြည်ရဲ့ လက်ရှိအခြေအနေကို ထောက်ပြပြီး အရပ်သားတွေကို ဗုံးကြဲနေတဲ့ စစ်အုပ်စုက နောက်လမှာလုပ်မယ့် ရွေးကောက်ပွဲကို စိတ်ကူးလို့တောင်မရဘူးလို့ နိုဝင်ဘာ ၁၀ ရက်မှာ ပြောလိုက်ပါတယ်။
Read More

၂၀၁၁ ခုနှစ်မှာ အဖွဲ့ဝင်ဖြစ်ဖို့ လျှောက်ထားခဲ့သည့် အရှေ့တီမောနိုင်ငံ အာဆီအဖွဲ့ဝင် ဖြစ်လာမှုကို ကြိုဆိုကြောင်း NUG ထုတ်ပြန် 

အရှေ့တီမောနိုင်ငံလို့ အများက သိတဲ့ တီမောလက်စ်တေနိုင်ငံ အာဆီအဖွဲ့ဝင်နိုင်ငံ ၁၁ နိုင်ငံမြောက် ဖြစ်လာတာကို ကြိုဆိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မနေ့က ထုတ်ပြန်ပါတယ်။ 
Read More

မြန်မာအချင်းချင်း ကလဲ့စားချေဖို့ဆိုပြီး လက်နက်စုဆောင်းသူနဲ့ သယ်ယူပေးသူကို ထိုင်းစစ်တပ် ဖမ်းဆီး

ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်မှာ နေထိုင်သူ မြန်မာနိုင်ငံသားတစ်ယောက်ဟာ မြန်မာအချင်းချင်းကလဲ့စားချေဖို့အတွက် လက်နက်စုဆောင်းနေတုန်းမှာပဲ ဖမ်းဆီးခံခဲ့ရကြောင်း မဲဆောက်မြို့ခံတွေဆီက သိရပါတယ်။
Read More

ထိုင်ဝမ်အရေး တရုတ်ဘက်က ထောက်ခံရပ်တည်မယ်လို့ အကြမ်းဖက်စစ်အုပ်စု ပြောခွင့်ရ ဇော်မင်းထွန်း ဆို

"ဂျပန်ဝန်ကြီးချုပ်သစ်ရဲ့ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး ပြောကြားချက်များကို ကျွန်တော်တို့ နိုင်ငံတကာမီဒီယာတွေမှာ တွေ့လိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့သဘောထားကတော့ မြန်မာနိုင်ငံ အစိုးရသည် တရုတ်နိုင်ငံရဲ့ တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy)ကို ခိုင်မာစွာ ထောက်ခံရပ်တည်လျက်ရှိပါတယ်” လို့ ဇော်မင်းထွန်းက ဆိုလိုက်တာပါ။