ရှမ်းပြည်နယ်မှာ ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ ၅၁ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ ဇူလိုင်လ ၂၉ ရက်အထိ ရှမ်းပြည်နယ်မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၂၂) ယောက်နဲ့ အမျိုးသား (၂၉) ယောက် စုစုပေါင်းအရပ်သား (၅၁) ယောက် သေဆုံးခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ ၅ နှစ်အရွယ် ကလေးငယ်တစ်ယောက် အပါအဝင် အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၃) ယောက် ပါဝင်တယ်လို့ AAPP က ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ (၃၄) ယောက်က အကြမ်းဖက်စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပြီး (၁၅) ယောက်ကတော့ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၂၀ ရက် နေ့လယ်ပိုင်းအချိန်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ နောင်ပြစ်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက ဒရုန်းနဲ့ ဗုံကြဲတိုက်ခိုက်ခဲ့တဲ့အပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် နောင်ချိုမြို့ပေါ်ရှိ သပြေရေရပ်ကွက်ကနေ လာရောက်စစ်ရှောင်နေတဲ့ စစ်ဘေးရှောင် သားအမိ ၂ ယောက် ကျည်စထိမှန်ပြီး နေရာမှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

NUG စာသင်ကျောင်းတစ်ကျောင်းမှာ မတ္တရာ ပကဖ က လေကြောင်းအန္တရာယ် အသိပညာပေးမှု ပြုလုပ်ခဲ့…

အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ မြေပြင်စာသင်ကျောင်းတစ်ကျောင်းက ကျောင်းသားလူငယ်တွေကို လေကြောင်းအန္တရာယ်အသိပညာပေးမှု ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - မတ္တရာမြို့နယ်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်တပ်အလိုကျ ပြည်သူကို ပေါ်တာဆွဲကူနေသည့် ပျော်ဘွယ်နယ်က ရပ်ကျေးဥက္ကဌ ပစ်ခတ်ရှင်းလင်းခံရ

စစ်ကော်မရှင်အလိုကျ ပြည်သူတွေကို ပေါ်တာဆွဲကူပေးနေတဲ့ မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ်ထဲက ရပ်ကျေးဥက္ကဌတစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ နတ်မောက်ဂဠုန်PDFအဖွဲ့ဆီက သိရပါတယ်။ တောင်ကျောင်းကျေးရွာမှာ ရပ်ကျေးဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဦးသောင်းဝင်း(ခေါ်) ဦးသန်းဝင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရတာပါ။
Read More

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်) ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့် အခမ်းအနား (ဓာတ်ပုံသတင်း)

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်) ဖွဲ့စည်းတည်ထောင်ခြင်း (၄)  နှစ်ပြည့် အထိမ်းအမှတ် လှုပ်ရှားမှု အခမ်းအနားတွေကို CDF - Daai ရဲ့ ဗဟိုဌာနချုပ်နဲ့ တပ်ရင်းအခြေစိုက်ရာ တပ်စခန်းအသီးသီးမှာ စက်တင်ဘာလ ၂၁ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

၃ လကြာ ပိတ်မိခဲ့သည့် အင်အားထောင်ချီပါ အကြမ်းဖက်စစ်ကြောင်း ပေါက်မြို့အတွင်း ဆက်လက် ဝင်ရောက်နေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူ- ကမ္မ-ပေါက်လမ်းပိုင်းမှာ လနဲ့ချီ ပိတ်မိနေတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ရိက္ခာကားတန်းဟာ မြေပြင်ဝေဟင် အကူအညီတွေ အသည်းအသန်သုံးရင်း ပေါက်မြို့ထဲ ဆက်လက်ဝင်ရောက်နေတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။ 
Read More

လက်နက်စွန့်ဖို့ မင်းအောင်လှိုင် ဖိတ်ခေါ်အပြီး တောင်ကုတ်မြို့တစ်ခုလုံးကို AA သိမ်းပိုက်ထိန်းချုပ်

အာရက္ခတပ်တော် AA က တောင်ကုတ်က အမှတ်(၅) စစ်ဆင်ရေးဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ကာ တောင်ကုတ်မြို့တစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း AA ရဲ့ စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။ 
Read More

တောကျီးကန်းတပ်ရင်း စိုးမိုးနယ်မြေအတွင်း လေကြောင်းရန်ကာကွယ်ရေး အသိပညာပေး (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောကျီးကန်းတပ်ရင်းရဲ့ တာဝန်ရှိသူတွေဟာ စိုးမိုးနယ်မြေတွေအတွင်းက ကျေးရွာနေပြည်သူတွေ စစ်ကောင်စီလေကြောင်းအန္တရာယ်ကြောင့် အသက်၊ အိုးအိမ်၊ စည်းစိမ် ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ ကင်းဝေးစေဖို့အတွက် လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးဆွေးနွေးမှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။