ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို အဓိကသွားလာတဲ့ လမ်းမကြီး ၂ခုကို စစ်ကောင်စီက ပိတ်ဆို့ထားမှုကြောင့် ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်နေပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်လာကာ ဒေသခံတွေ အခက်တွေ့နေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။

ဖားကန့်မြို့ကို အဓိကထား သွားလာရတဲ့ လမ်းပိုင်း ၂ခုရှိတဲ့အနက် တစ်ခုဖြစ်တဲ့ ဖားကန့်-ကာမိုင်းလမ်းကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ မေလကတည်းက စစ်ကြောင်းထိုးခဲ့တာကြောင့် လမ်းပိတ်သွားခဲ့တာပဲ ဖြစ်ပါတယ်။

ကျန်ရှိနေသေးတဲ့ ဝှေခါ-အင်းတော်ကြီးလမ်းပိုင်းကိုလည်း အခုလကစတင်ပြီး စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတာကြောင့် ကုန်စည်စီးဆင်းမှုရပ်တန့်ကာ ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ဒီလမ်း ၂ခုကနေပဲ ကုန်စည်ရော.. ခရီးသည်တွေရော လာရောက်လို့ရတာပါ။ အခုက ၂ဖက်စလုံးကို ပိတ်ထားတာပါ။ ဝှေခါ-အင်းတော်ကြီးလမ်းပိုင်းကို လာလို့ရတဲ့ နေရာမှာရှိတဲ့ နန့်မွန်းစကစဂိတ်တို့၊ လုံးတုံစကစ ဂိတ်တို့မှာ ခရီးသည်တင်ယာဉ်တွေရော ကုန်စည်ကားတွေရော ရပ်တန့်ထားရတဲ့ အခြေအနေပါ” လို့ ဖားကန့်မြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အဲဒီလို လမ်းပိတ်လိုက်ပြီး ကုန်တင်ကားတွေကို ဖြတ်သန်းခွင့်မပြုတာကြောင့် အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါးကအစ ဈေးနှုန်းတွေ မြင့်တက်လာဖြစ်တယ်လို့ သူကဆိုပါတယ်။

လက်ရှိ ဖားကန့်ဒေသမှာ ကြက်ဥ ၁လုံး ၃ထောင်ကျပ်၊ ခရမ်းချဉ်သီး ၅၀သား- ၃သောင်းကျပ်၊ ကြက်သား ၁ပိဿာ – ၁သိန်းကျပ်နဲ့ ဆန် ၁အိတ်ကို သိန်း ၂၀ နီးပါးအထိ ဈေးတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။

အခုလို အခြေခံစားသောက်ကုန်ကအစ ဈေးနှုန်းတွေ မြင့်တက်လာတဲ့အပြင် ဖားကန့်မြို့ကို လျှပ်စစ်မီးဖြတ်ထားတာလည်း ရက်ပေါင်း ၂၀ ကျော်လာပြီ ဖြစ်တာကြောင့် ဒေသခံတွေမှာ ပိုပြီး အခက်အခဲတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ပေးပို့
0 Shares:
You May Also Like
Read More

တောင်သာမှာ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့ အနောက်ဘက်၊ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းဆီက သိရပါတယ်။
Read More

ကလေးတောင်ပိုင်း ကြံသာရွာမှ တော်လှန်ရေးတပ်များ ပြန်ဆုတ်ထား

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ကြံသာရွာကို စစ်အုပ်စု အင်အားအလွန်အကျွံသုံး စစ်ကြောင်းထိုးနေမှုကြောင့် တော်လှန်ရေးတပ်တွေ ဆုတ်ထားပေးရတာ မှန်ကန်ကြောင်း စစ်ရေးသတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။
Read More

မြိုင်နှင့် ပခုက္ကူနယ်အစပ် စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များ လက်ဦးမှုယူကာ တိုက်ခိုက်နိုင်ခဲ့

မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ ပခုက္ကူမြို့နယ်တဝိုက်မှာ စစ်ကြောင်းပတ်ထိုးနေတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရမှု အယောက် ၃၀ ကျော်ရှိနိုင်ပြီး လက်နက်တချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ Earthquake People's Defence Force ထံက သိရပါတယ်။
Read More

မြဝတီမြို့မှာ ဗုံး မတော်တဆ ပေါက်ကွဲမှုကြောင့် လင်မယား ၂ ဦးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး ၏ ဗိုက်ထဲက ကလေးပါ သေဆုံး

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၅ရပ်ကွက်၊ ရေပူကျေးရွာက နေအိမ်တစ်ခုမှာ ဇန်နဝါရီ ၆ရက် နေ့လည်ပိုင်းက ဗုံး မတော်တဆ ပေါက်ကွဲမှုဖြစ်ပြီး အိမ်ရှင်လင်မယား ၂ ယောက် သေဆုံးခဲ့သလို ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ယောက်ရဲ့ ဗိုက်ထဲက ကလေးပါ သေဆုံးခဲ့ကြောင်း ရပ်ကွက်နေ ပြည်သူတွေဆီက သိရပါတယ်။
Read More

ဆိပ်ဖြူတွင် ကပစ ကိုလာသည့် စစ်ကားများကို စောင့်ကြိုတိုက်ခိုက်၊ အကြမ်းဖက်စစ်သား ၁၁ ဦး သေဆုံး

မကွေးတိုင်း ၊ ဆိပ်ဖြူမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ကပစ ၂၁ ကို လာတဲ့ စစ်ကောင်စီကားတွေကို စောင့်ကြိုတိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၁၁ ယောက်သေဆုံးပြီး ၃ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ်(၄)တပ်ရင်း၊ တပ်ခွဲ (၁) - Caf SpuPDF က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပေါင်းတလည်မှာ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ဒလန်လင်မယားကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတလည်မြို့၊ အုပ်ဆွဲအုပ်စု၊ ရေကြည်ကုန်းရွာက ရာအိမ်မှူး ဒလန်လင်မယားကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ၃၆၀၁ PPDFတပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။