ပဲခူးတိုင်း အုတ်ဖိုမြို့နယ်အတွင်း ပြည်သူတွေကို ဖမ်းဆီးဓားစာခံလုပ်ထားတဲ့ စစ်ကောင်စီစစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးပြီး ပြည်သူ ၇ ယောက်ကို ကယ်နိုင်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ထံက သိရပါတယ်။

ပြည်သူတွေကို ဖမ်းဆီးဓားစာခံလုပ်ထားတဲ့ အင်အား ၇၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းကို ဇူလိုင် ၂၄ ရက် နေ့လယ်ပိုင်းက ပဲခူးရိုးမထဲရှိ မြို့ချောင်း-စိန်ကန့်လန့်ရိုးမဖြတ်လမ်း ၄၈ ပေါက် ဖုတ်တက် ကြီးအနီး တော်လှန်ရေးရဲဘော်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲ မိနစ် ၂၀ ကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားအများအပြားသေဆုံးကာ ၃ ယောက် ထိ ခိုက်ဒဏ်ရာရရှိသွားပြီး ဓားစာခံအဖြစ် ဖမ်းဆီးခံထားရတဲ့ ပြည်သူ ၇ ယောက် ထွက်ပြေးလွတ် မြောက်လာတယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဘန့်ဘွေးကုန်းရွာထဲကို ဆုတ်ခွာထွက်‌ပြေးသွားပြီး တိုက်ပွဲဖြစ်ပွားရာနေရာကို တော်လှန်ရေးရဲဘော်တွေ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ အသုံး အဆောင်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဆက်လက်ပြီး တိုက်ပွဲများဖြစ်ပွားလာနိုင်တာကြောင့် စစ်ကောင်စီတပ်သားတွေဟာ လူသားဒိုင်းအဖြစ် ပေါ်တာဆွဲခြင်း ၊ မော်တော်ယာဉ်များအား ချောဆွဲခြင်းများ ပြုလုပ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ ရိုးမအတွင်းသွားလာလှုပ်ရှားမှုမပြုလုပ်ကြဖို့ကိုလည်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ (၅) ကအသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကမ္မတပ်ပေါင်းစု KMDF စခန်း မီးရှို့ဖျက်ဆီးခံရပြီး သိန်း ၄၀၀ ဖိုးခန့် ပျက်စီးဆုံးရှုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီတပ်ဝင်ရောက်ကာ ကမ္မတပ်ပေါင်းစု KMDF စခန်းကို မီးရှို့ဖျက်ဆီးမှုကြောင့် ကျပ်သိန်း ၄၀၀ ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ကမ္မကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ငလျင်လှုပ်ခတ်ပြီးနောက်ဆက်တွဲ မန္တလေးသံလျှက်မှောက်အနောက်ရပ်ကွက် မီးလောင်ပြာကျခဲ့ရ (ရုပ်/သံ)

မန္တလေးမြို့ သံလျှက်မှောက်အနာက်ရပ်ကွက်ဟာ ငလျင်လှုပ်ပြီးနောက်ဆက်တွဲ အကျိုးဆက် အဖြစ် မီးလောင်ခဲ့ရာ ရပ်ကွက်တစ်ခုလုံး ပြာကျခဲ့ရတယ်လို့ ဒေသခံများထံက သိရပါတယ်။
Read More

ပန်ဝါမြို့ရှိ စစ်တပ်လက်အောက်ခံတပ်စခန်း ၄ ခုကို KIA ဦး‌ဆောင်တဲ့ တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီး စစ်သားအလောင်း၊ စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ (ရုပ်/သံ)

ကချင်ပြည်နယ် ပန်ဝါမြို့ရှိ အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ဌာနချုပ်နဲ့ ကာကင်းစခန်း ၄ ခုကို KIA ဦး‌ဆောင်တဲ့ တော်လှန်ရေးတပ်တွေက အောက်တိုဘာ ၁၄ ရက်နဲ့ အောက်တိုဘာ ၁၅ ရက် မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ထားဝယ်ခရိုင် အမှတ်(၂)တပ်ရင်း ရဲ​ဘော်တွေရဲ့ မြို့ပြစစ်ဆင်​ရေးပုံစံ စစ်​ရေး​လေ့ကျင့်မှု (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်း ရဲဘော်တွေရဲ့ မြို့ပြစစ်ဆင်ရေးပုံစံ စစ်ရေးလေ့ကျင့်မှု ရုပ်သံမှတ်တမ်းကို PDF Dawei District Battalion 2 - P23302 က ဒီနေ့ ဒီဇင်ဘာ ၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ဒီမော့ဆိုမြို့နယ် ငွေတောင်ရွာသစ်တွင် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ချေမှုန်းခံရ (ရုပ်/သံ)

ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ ငွေတောင်ရွာသစ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကော်မရှင် တပ်သားတွေကို တိုက်ခိုက်ချေမှုန်းခဲ့တဲ့ မှတ်တမ်းရုပ်သံကို ရှမ်းတောင်၊ ကရင်နီစစ်တိုင်း၊ ဗျူဟာ - ၁၁ က ထုတ်ပြန်လိုက်ပါတယ်။
Read More

ပြည်သူတွေအပေါ် အနိုင်ကျင့်ရမ်းကားနေတဲ့ ရှမ်းတပ်ရဲတပ်စခန်းအား ၄၀ မမ လက်နက်ကြီး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း အထက်မင်းလှမြို့နယ်ရှိ အကြမ်းဖက်စစ်သားနဲ့ ရဲ ပူးပေါင်းစခန်းချထားတဲ့ ရှမ်းတပ် ရဲစခန်းအား ဇန်နဝါရီ ၂၉ ရက်က ညနေ ၅ နာရီဝန်းကျင်ခန့်က ၄၀ မမ လက်နက်ကြီး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ United States Of Burma Army - USBA ထံက သိရပါတယ်။