ပဲခူးတိုင်း၊ တောင်ငူမြို့မှာ ရေကြီးရေလျှံမှု ဖြစ်ပွားလျက်ရှိပြီး လူထောင်ပေါင်းများစွာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၅၀၀၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရပြီး ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေရကာ အရေးပေါ်သုံး ဆေးဝါးနဲ့ စားနပ်ရိက္ခာ၊ အဝတ်အ ထည်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။

စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့မှာ စိုးရိမ်ရေမှတ်အထက် ၂ ပေခန့်၊ မဒေါက်မြို့မှာ စိုးရိမ်ရေမှတ်အထက် ၅ ပေခွဲခန့် ကျော်လွန်နေတဲ့အပြင် ထပ်မံမြင့်တက်လာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

Video-ဒေသခံ

0 Shares:
You May Also Like
Read More

ဆားလင်းကြီးလက်နက်ကြီးတပ်ပေါင်းစုက မြို့ပေါ်ရှိ စစ်စခန်း ၃ ခုကို ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အခြေစိုက် လက်နက်ကြီးတပ်ပေါင်းစု မဟာမိတ်ညီနောင်များ ပူးပေါင်းပြီး ဒီဇင်ဘာ ၁၉ ရက်က မြို့ပေါ်ရှိ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ မြို့ပေါ်စခန်း၊ ကံစွယ်ဘုန်းကြီးကျောင်းနဲ့ မြို့နယ်ခန်းမတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

သပြေတော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရမုတ်ဖြင့် ထိန်းချုပ်နိုင်သည့် ကားကို ထုတ်ဖော်ပြသ (ရုပ်/သံ)

သပြေတော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရမုတ်နဲ့ ထိန်းချုပ်မောင်းနှင်နိုင်တဲ့ ကားကို ထုတ်ဖော်ပြသလိုက်ပါတယ်။
Read More

တိုက်ပွဲပြင်းထန်တဲ့ ပုလဲမြို့ပေါ်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးမှုတွေ ရှိနေပြီး အရပ်သားတွေကို တော်လှန်ရေးတပ်တွေ ဘေးလွတ်ရာ ပို့ဆောင်ပေးနေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့မှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး  စစ်ကောင်စီတပ်က မြို့မကျရေး လေကြောင်းကနေ ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
Read More

ဘူဂေးရီးယားနိုင်ငံမှာ မိုးအပြင်းအထန်ရွာသွန်းပြီး ရေကြီးမှုကြောင့် လူ ၃ ယောက်သေဆုံး (ရုပ်/သံ)

ဘူဂေးရီးယားနိုင်ငံ Black Sea ကမ်းရိုးတန်းရှိ Elenite ခရီးသွားမြို့မှာ အောက်တိုဘာ ၃ ရက်က မိုးအပြင်းအထန်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ပြီး လူ ၃ ယောက်သေဆုံးခဲ့ပါတယ်။ အာဏာပိုင်တွေက အရေးပေါ်ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပြီး ဒုက္ခသည်စခန်းများဖွင့်လှစ်ကာ ပြည်သူများ နေထိုင်ရေး အဆင်ပြေစေဖို့ လုပ်ဆောင်ပေးလျက်ရှိတယ်လို့ သိရပါတယ်။ မိုးဆက်လက်ရွာသွန်းနိုင်ပြီး ရေကြီးမှု ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်းကိုလည်း မိုးလေဝသပညာ ရှင်တွေက ခန့်မှန်းထားပါတယ်။
Read More

ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ်ခွဲရှိ စစ်ကောင်စီဌာနရုံးတွေကို တော်လှန်ရေးရဲဘော်တွေ ဝင်ရောက်ရှင်းလင်း (ရုပ်/သံ)

မန္တလေးတိုင်း ‌ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ်ခွဲရှိ စစ်ကောင်စီလက်အောက်ခံ ဌာနရုံးတွေကို နို ဝင်ဘာ ၂၅ ရက် နံနက်ပိုင်းက တော်လှန်ရေးရဲဘော်တွေ ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ Popa Production & Guerilla Force အဖွဲ့ထံက သိရပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောနှင့် တွဲယာဉ်များအား ရှေ့ထွက်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတွင်း ဆန်တက်လာတဲ့ စစ်သင်္ဘောနဲ့ တွဲယာဉ်တွေကို ရှေ့ထွက်မိုင်း‌တွေ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Group က သတင်းထုတ်ပြန်ထားပါတယ်။