မန္တလေးတိုင်း၊ မိုးကုတ်မြို့ပေါ်ကို စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၅ယောက်ထက်မနည်း သေဆုံးပြီး အယောက် ၂ဝ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ဒီနေ့ ဇူလိုင် ၂၉ ရက် မနက်ပိုင်းမှာ လေကြောင်းကနေ မိုးကုတ်မြို့ လူနေရပ်ကွက်အတွင်းကို ‌ဗုံး ၇ လုံးကြဲချခဲ့တာဖြစ်ပြီး မိုးကုတ်မြို့အရှေ့ပိုင်း မင်းတံတား မိဘမေတ္တာ ရေကူးကန်ရှေ့ တည့်တည်ကို တစ်လုံး၊ တော်ဝင်ဆီဆိုင်ရှေ့ ပျိုးဥယျာဥ်အနီး တစ်လုံး၊ Kingbridge Hotel အလယ်ဝင်ပေါက် လမ်းဘေးတစ်လုံး၊ မင်းတံတား လယ်စိုက်ခင်းရှေ့တည်တည့် PH ဖုန်းဆိုင်နားတစ်လုံး စသဖြင့် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များစွာ ထိမှန်ပျက်စီးသွားပြီး ဒေသခံ ၅ယောက်ထက်မနည်း သေဆုံးကာ အယောက် ၂၀ ဝန်းကျင် ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

စစ်ကောင်စီဟာ မိုးကုတ်မြို့ကို ပြန်လည်သိမ်းပိုက်ချင်တာကြောင့် အခုလို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ ဒေသခံတွေက ယူဆပြောဆိုမှုတွေ ရှိနေပါတယ်။

Video-လူမှုကွန်ရက်
0 Shares:
You May Also Like
Read More

နွားထိုးကြီးမြို့နယ်နဲ့ မြင်းခြံမြို့နယ်အတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေကို Fixed Wing Drone တွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်နဲ့ မြင်းခြံမြို့နယ်အတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေကို အောက်တိုဘာ ၃ ရက်က Shar Htoo WOW နည်းပညာသုံး Fixed Wing Drone တွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်းထံက သိရပါတယ်။
Read More

မုံရွာမြို့နယ် ပေါ်တာဆွဲဖို့ အိမ်စီးကားနဲ့ ကင်းပတ်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်မှု ၄ ယောက်သေပြီး ၁ ယောက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်မှာ ဇန်နဝါရိ ၁၆ ရက် ညပိုင်းက ပေါ်တာဆွဲဖို့ အိမ်စီးကားနဲ့ ကင်းပတ်လာ တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင်အမှတ် ၂၂ နတ်ဆိုးတပ်ရင်းထံက သိရပါတယ်။
Read More

မင်းတပ်မြို့သိမ်း တိုက်ပွဲပြန်ရဲဘော်တွေကို ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

မင်းတပ်မြို့သိမ်းတိုက်ပွဲအပြီး စစ်ဆင်ရေးအပြန် ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ်ရဲ့ တပ်ရင်းတစ်ခုကို ပြည်သူတွေ ကြိုဆိုဂုဏ်ပြုနေတဲ့ ရုပ်သံဖိုင်ကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက ဖော်ပြလာပါတယ်။
Read More

ပခုက္ကူမြို့နယ် ကံရပ်ကြီးကျေးရွာကို အကြမ်းဖက်စစ်တပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် ကံရပ်ကြီးကျေးရွာကို အကြမ်းဖက်စစ်တပ်ဟာ အင်အားအများအပြားသုံးပြီး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရွာလုံးကျွတ်ပျက်စီးသွားခဲ့တယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဗန်းမော် K.PDF ရဲ့ စခန်းသိမ်းတိုက်ပွဲမှတ်တမ်းကို ထုတ်ပြန် (ရုပ်/သံ)

ဗန်းမော် K.PDF ရဲဘော်များ ကြိုးစားလုပ်ဆောင်ခဲ့တဲ့ စခန်းသိမ်း တိုက်ပွဲတစ်ခုရဲ့ ရုပ်သံမှတ်တမ်းကို  ဗန်းမော် PDF က ရုပ်သံနဲ့တကွ ထုတ်ပြန်လာပါတယ်။
Read More

ကောလင်း-ဝန်းသိုလမ်းပိုင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြားသေ (ရုပ်/သံ)

ကောလင်းခရိုင် အမှတ်၂တပ်ရင်း ထိန်းချုပ်စိုးမိုးထားတဲ့ စစ်ကိုင်းတိုင်း ကောလင်း-ဝန်းသိုလမ်းပိုင်းကုထ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးကာ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ကောလင်းခရိုင်တပ်ရင်း၂ ထံက သိရပါတယ်။