မကွေးတိုင်း၊ မြိုင်မြို့နယ် စီမံကိန်းရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသခံပြည်သူတွေက ဝိုင်းဝန်းရိုက်နှက်တဲ့အတွက် တော်လှန်ရေးရဲဘော်တွေက တားဆီးခဲ့ရတဲ့ ရုပ်သံဖိုင်တစ်ခုကို ပခုက္ကူခရိုင် တပ်ရင်း-၁၅ က ထုတ်ပြန်ခဲ့ပါတယ်။

မြိုင်မြို့နယ် စီမံကိန်းရုံးစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်စဉ် စစ်သားနဲ့ ရဲ ၁၂ ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ပြီး ကားနဲ့ ခေါ်ဆောင်လာစဉ် ဒေသခံတွေက ဝိုင်းဝန်းရိုက် နှက်ဖို့လာကြတဲ့အတွက် တော်လှန်ရေးရဲဘော်တွေက တားဆီးခဲ့ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက် မနက်ပိုင်းက စီမံကိန်းရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာ ညပိုင်းမှာ စခန်းကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

တိုက်ပွဲအတွင်း ရဲအုပ် သောင်းထွေးစိုး၊ ရဲအရာခံ ထွန်းမင်းဇော်၊ ရဲတပ်ကြပ် ဇော်ဝင်းနိုင်၊ ရဲဒုတိယတပ်ကြပ် တင်မျိုးထွန်း၊ ရဲတပ်သား ဇော်နိုင်၊ ရဲတပ်သား ရဲရင့်အောင်၊ ရဲတပ်သား သန်းတိုးအောင်၊ ရဲဒုတိယတပ်ကြပ် မင်းမင်းထွန်း၊ ရဲတပ်သား မင်းမင်းဇော်၊ ရဲဒုတိယတပ်ကြပ် သက်ကိုကို၊ တပ်ကြပ် ဦးထွန်းနဲ့ တပ်သား မျိုးနိုင်ဝင်း တို့ကို ဖမ်းမိခဲ့ပြီး G-3 ​သေနတ် (၁၀) လက်၊ MA-3 (၁) လက်၊ MA-4 (၁) လက်၊ M-79 (၁) လက်၊ ကျည်အိမ် (၁၇) ခု၊ ကျည်မျိုးစုံ (၂၀၀) ကျော်၊ လက်ပစ်ဗုံး (၉) လုံး၊ ၄၀ မမ ဗုံးသီး (၆) လုံး၊ ကျည်ကာဦးထုပ် (၅) လုံး၊ ဖုန်း (၃) လုံး၊ စစ်ချပ်ဝတ်တန်ဆာ (၇) ခု နဲ့ ငွေသား (၂၂) သိန်း တို့ကို သိမ်းဆည်းရရှိခဲ့တာ ဖြစ်ပါတယ်။

Video-ပခုက္ကူခရိုင် တပ်ရင်း-၁၅
0 Shares:
You May Also Like
Read More

မင်းအောင်လှိုင်က နိုင်ငံ့ဝန်ထမ်းဖြစ်တာကြောင့် သမ္မတလုပ်ချင်ပါတယ် ပြောလို့မရဟု ပြုံးဖြီးဖြီးဖြင့်ပြောကြား၊ သမ္မတ မလုပ်ချင်ဘူးဟုလည်း မငြင်း

အရပ်သားအစိုးရဆီက အာဏာလုယူထားပြီး အတုအယောင် ရွေးကောက်ပွဲအပါအဝင် လက်ရှိ တိုင်းပြည်ရဲ့ ကိစ္စရပ်တိုင်းကို စိတ်တိုင်းကျ ခြယ်လှယ်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အနေနဲ့ နိုင်ငံဝန်ထမ်းဖြစ်တာကြောင့် သမ္မတ လုပ်ချင်ပါတယ်လို့ ပြောလို့မရကြောင်း ပြောဆိုပါတယ်။
Read More

မုံရွာ နမခမှ ဝမ်ပေါင်ကုမ္ပဏီသို့ ကြေးနီသယ်လာသည့် ယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ဝမ်ပေါင်ကုမ္ပဏီသို့ ကြေးနီ သယ်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area71Local People Defense Force Monywa အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

သလဲဘာပျူစခန်းကနေ ကင်းပတ်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၆ ယောက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် သလဲဘာပျူစခန်းကနေ ကင်းပတ်လာတဲ့ စစ်ကောင်စီတပ်သား တွေကို တိုက်ခိုက်ခဲ့ရာ ၆ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Ngwe Dwin Revolution Force အဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဆင်ဖြူကျွန်းမြို့ပေါ်ရှိ ဆုပ်လေဦးအထိုင်စခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်တွေ သိမ်းဆည်းနိုင်ခဲ့တဲ့ ရုပ်သံမှတ်တမ်းဖိုင် မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းထုတ်ပြန် (ရုပ်/သံ)

မကွေးတိုင်း မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ ဆင်ဖြူ ကျွန်းအနီးရှိ ဆုပ်လေဦးအထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်တွေ သိမ်းဆည်းရရှိခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းမှ ထုတ်ပြန်လိုက်ပါတယ်။
Read More

လားရှို့မြို့သို့ စစ်ကောင်စီယာဉ်တန်းများ ဝင်ရောက်လာ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့သို့ စစ်ကောင်စီယာဉ်တန်းတွေ ဒီနေ့ ဧပြီ ၁၈ ရက် မနက်ပိုင်းမှာ ဝင်ရောက်လာပြီလို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ပိန္ဒဲပင်ကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း မင်းဘူးခရိုင် စလင်းမြို့နယ် ပိန္ဒဲပင်ကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ် ကောင်စီတပ်သားတွေကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။