ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ချောင်းဂေါင်းအုပ်စုကနေ ဓားစာခံတွေဖမ်းပြီး ထွက်လာတဲ့ စစ်အုပ်စုကို ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၅) ထံက သိရပါတယ်။

ဆယ်ရွာက ဒေသခံတွေကို ဖမ်းဆီးလာတဲ့ စစ်ကောင်စီအင်အား ၇၀ ဝန်းကျင်ဟာ ဇူလိုင် ၂၄ရက် နေ့လယ် ၃နာရီကျော်လောက် ပဲခူးရိုးမထဲရှိ မြို့ချောင်း-စိန်ကန့်လန့်ရိုးမဖြတ်လမ်း ၄၈ ပေါက် ဖုတ်တက်ကြီးအနီး ကားလမ်းအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

ဒီလို ကြားဖြတ်တိုက်ခိုက်မှုကြောင့် အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ ခန့်ကြာ ဖြစ်ပွားကာ စစ်ကောင်စီဘက်က ၁၅ ယောက်သေဆုံး၊ ၃ယောက် ထိမှန်ဒဏ်ရာရခဲ့သလို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်လာတဲ့ ဒေသခံ ၇ယောက်လည်း ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။
“ကလေးငယ်တွေအပါအဝင် အမျိုးသမီးနဲ့ အမျိုးသား ၄၀ လောက်ကို ဖမ်းတယ်။ ၂၃ရက်နေ့မှာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ ပြန်လွှတ်ပေးတယ်။ ၂၄ရက်နေ့ကျ ဘန့်ဘွေးကုန်းရွာက စခ စခန်းဆီ အမျိုးသားတွေ ဖမ်းခေါ်လာတယ်သတင်းရလို့ စောင့်တိုက်တာ။ ဘန့်ဘွေးကုန်းက စခ စခန်းကို မသာ ၁၅လောင်းနဲ့ ဒဏ်ရာရ ၃ကောင် သယ်လာတယ်လို့ ကြားသိရတယ်” လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၅) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အထိနာသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဘန့်ဘွေးကုန်းရွာထဲကို ဖရိုဖရဲ ဆုတ်ခွာထွက်‌ပြေးသွားပြီး တိုက်ပွဲဖြစ်ပွားရာနေရာကို တော်လှန်ရေးရဲဘော်တွေ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ အသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဆက်လက်ပြီး တိုက်ပွဲတွေဖြစ်ပွားလာနိုင်သလို စစ်ကောင်စီတပ်သားတွေက လူသားဒိုင်းအဖြစ် ပေါ်တာဆွဲခြင်း၊ မော်တော်ယာဉ်တွေကို ချောဆွဲခြင်းတွေ ပြုလုပ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ ရိုးမအတွင်း သွားလာလှုပ်ရှားမှု မပြုလုပ်ကြဖို့လည်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ (၅) က အသိပေးထုတ်ပြန်ထားပါတယ်။

ပုံစာ – စစ်အုပ်စု ကျန်ခဲ့သည့် အသုံးအဆောင်အချို့နှင့် တိုက်ပွဲဖော်ဆောင်နေသည့် တော်လှန်ရေးရဲဘော်အချို့
0 Shares:
You May Also Like
Read More

ရေးမြို့နယ် ချောင်းတောင်ဂိတ်က စစ်သားတွေ ခရီးသွားတွေကို ထောင်ချောက်ဆင် ဖမ်းဆီးငွေညှစ်နေ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ချောင်း​တောင်ဂိတ်မှာ တာဝန်ကျနေတဲ့ အကြမ်းဖက်စစ်သားတွေက ခရီးသွားတွေကို မသင်္ကာလို့ဆိုပြီး ရှာဖွေစစ်ဆေးမှုတွေ လုပ်လေ့ရှိပါတယ်။ အဲ့လိုစစ်ဆေးရာမှာ ဆေးပြားတွေ အသင့်ဆောင်ထားကာ ခရီးသွားပြည်သူတွေဆီမှာ ရှာတွေ့တယ်ဆိုပြီး ထောင်ချောက်ဆင် ဖမ်းဆီးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။
Read More

ရခိုင်တိုက်ပွဲတွေမှာ ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်က ဗိုလ်မှူးကြီး ၁ ယောက် သေပြီး ဗိုလ်မှူးချုပ် ၃ ယောက်ကို AA အရှင်ဖမ်းမိ

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့အကြား ဒီဇင်ဘာလအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ဗိုလ်မှူးချုပ် ၃ ယောက်ကို AA အရှင်ဖမ်းဆီးရမိပြီး ဗိုလ်မှူးကြီးအဆင့် တပ်မမှူး ၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

Sky Villa ကွန်ဒိုမှ ရုပ်အလောင်း ၁၀ လောင်း ထပ်မံတွေ့ရှိ

အင်အားပြင်း ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ Sky Villa ကွန်ဒိုအဆောက်အဦးကနေ စုစုပေါင်း ရုပ်အလောင်း (၁၀)လောင်းကို ဒီနေ့ ဧပြီလ ၇ ရက်နေ့မှာ ထပ်မံရှာဖွေတွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ညီနောင်မဟာမိတ် (၃)ဖွဲ့ တစ်ဖက်သတ် အပစ်ရပ်ထားပေမယ့် အပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်မှုများ၊ စစ်အင်အားဖြည့်တင်းမှုများ ပြုလုပ်နေ

ငလျင်ဒဏ်သင့် ပြည်သူတွေကို စာနာထောက်ထားတဲ့အနေနဲ့ ညီနောင်မဟာမိတ် (၃)ဖွဲ့က တစ်လတာ တစ်ဖက်သတ် အပစ်ရပ်ကြောင်း ကြေညာထားပေမယ့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်မှုတွေနဲ့ စစ်အင်အားဖြည့်တင်းမှုတွေ ပြုလုပ်နေတယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ၏ ဘလယ်ဒိုတပ်စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဆီက သိမ်းဆည်းရမိထားသည့် ၁၂၀ မမ ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့…

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းက စစ်ကောင်စီ ဘလယ်ဒိုတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာမှာ ဒရုန်းတွေ အသုံးပြုပြီး သိမ်းဆည်းရမိထားတဲ့ စစ်ကောင်စီတပ်ရဲ့ ၁၂၀ မမ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Federal Wings (FW) ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

တာဝန်မှ ရုတ်သိမ်းခံရခြင်းကို လူမှုကွန်ရက်တွင် သတင်းတက်လာမှ သိရပြီး ဒါဟာ တပ်တွင်း အာဏာသိမ်းမှု ဖြစ်သည်ဟု ဒေါက်တာ သီရိမွန်ချမ်း ပြော

မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ MSDF ရဲ့ နိုင်ငံရေးစစ်ရေး ဦးဆောင်ကော်မတီ ဥက္ကဌဖြစ်သူ ဒေါက်တာသီရိမွန်ချမ်းကို တာဝန်ကနေ ထုတ်ပယ်လိုက်ကြောင်း ဒီနေ့ ဇူလိုင်လ ၁၀ ရက် မနက်ပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။