အကြမ်းဖက်စစ်ကောင်စီဟာ စစ်ရေးအရ ရှုံးနိမ့်မှုတွေကို တန်ပြန်ဖို့အတွက် ရက်စက်ကြမ်းကြုတ်စွာ စစ်သားစုဆောင်းနေပြီး လူငယ် ၇၀၀၀၀ နီးပါးကို စစ်သားသစ်စုဆောင်းထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားလိုက်ပါတယ်။

ဒီနေ့ ထုတ်လွှင့်ခဲ့တဲ့ “ပြည်သူလူထုနှင့် နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း(Press Briefing) အစီအစဉ် – ၁၄/၂၀၂၅” မှာ အခုလို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

“အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီဟာ စစ်ရေးအရ ရှုံးနိမ့်မှုတွေကို တန်ပြန်ဖို့အတွက် အတင်းအဓမ္မ စစ်သားစုဆောင်းမှုတွေကို ရက်စက်ကြမ်းကြုတ်စွာ လုပ်ဆောင်နေရာ နောက်ဆုံးရရှိထားတဲ့ အချက်အလက်တွေအရ လူငယ် ၇၀၀၀၀ နီးပါးကို အတင်းအဓမ္မ ဖမ်းဆီးစုဆောင်းပြီး စစ်သင်တန်း အဖြစ်ပေးကာ စစ်မြေပြင်တွေကို စေလွှတ်အသုံးချလျက် ရှိနေပါတယ်။” လို့ ပြောဆိုထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ နည်းလမ်းမျိုးစုံ အသုံးပြုပြီး အာဏာရှင်လက်ပါးစေ အကြမ်းဖက်စစ်တပ်ကို အင်အားဖြည့်တင်းနေတယ်လို့ ဦးနေဘုန်းလတ်က ဆိုပါတယ်။
“လိုအပ်တဲ့အရေအတွက် မပြည့်မီပါက ဗဟိုအဖွဲ့က သတ်မှတ်ပေးထားတဲ့ နည်းလမ်းတစ်မျိုးမျိုးနဲ့ ရွေးချယ်နိုင်ကြောင်း မိသားစုအတွင်း စစ်မှုထမ်းသူ ရှိနေလင့်ကစား ကျန်အကျုံးဝင်သူတွေကိုလည်း ခေါ်ယူမှာ ဖြစ်ကြောင်း၊ စစ်မှုထမ်းဖို့ ပျက်ကွက်ပါက မိသားစုဝင်တွေကိုပါ အရေးယူမှာဖြစ်ကြောင်း စစ်မှုထမ်းပြီးသူတွေအပါအဝင် ဘယ်သူ့ကိုမဆို အရေးပေါ်အခြေအနေ အကြောင်းပြချက်နဲ့ ဆင့်ခေါ်နိုင်ကြောင်း၊ ပြည်ပထွက်ခွင့်ကိုလည်း တားမြစ်နိုင်ကြောင်း၊ စစ်သင်တန်းပြီးပါက စစ်ကောင်စီ စေလွှတ်မယ့် နေရာတွေကို သွားရမှာဖြစ်ကြောင်း စတဲ့ အချက်တွေနဲ့ ထင်ရာစိုင်းပြီး နိုင်ငံသားတွေအပေါ် ရက်စက်တဲ့ နည်းလမ်းနဲ့ အာဏာရှင်လက်ပါးစေ အကြမ်းဖက်စစ်တပ်ကို အင်အားဖြည့်တင်းလျက်ရှိပါတယ်။” လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရက ဆိုပါတယ်။

မြေပြင်မှာ အလင်းဝင်လာတဲ့ စစ်သားတွေရဲ့ ထွက်ဆိုချက်အရ အကြမ်းဖက်စစ်ကောင်စီဟာ စစ်မှုထမ်းတပ်သားသစ်တွေကို တိုက်ပွဲတွေမှာ ရှေ့ထွက် အသေခံစစ်သားတွေအဖြစ် ရက်စက်စွာ အသုံးပြုနေသလို မူးယစ်ဆေးဝါးတွေကိုပါ အမိန့်ပေး သုံးစွဲစေပြီး စစ်တိုက်ခိုင်းတာတွေလည်း ရှိနေတယ်လို့ ဦးနေဘုန်းလတ်က ပြောဆိုထားပါတယ်။

စစ်ခေါင်းဆောင်တွေဟာ ကိုယ်ကျိုးစီးပွားနဲ့ အာဏာတည်မြဲရေးအတွက် ပြည်သူတွေရဲ့ အသက်ကို နည်းလမ်းမျိုးစုံနဲ့ ထိုးကျွေးအသုံးချနေတာကြောင့် မလွှဲမရှောင်သာ စစ်မှုထမ်းသင်တန်း တက်ရောက်ခဲ့ရတဲ့ လူငယ်တွေအနေနဲ့ အခွင့်သာချိန်မှာ တော်လှန်ရေးအင်အားစုတွေဆီ ပြည်သူ့ရင်ခွင် ခိုလှုံလာဖို့ NUG အစိုးရက တိုက်တွန်းထားပါတယ်။
0 Shares:
You May Also Like
Read More

နောင်ချို စည်ပင်ရုံးနဲ့ ထွေအုပ်ရုံးအနီးကို စစ်တပ် လေယာဉ်ဗုံးကြဲ၊ ပြည်သူ ၁ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ် စည်ပင်ရုံးနဲ့ အထွေထွေအုပ်ချုပ်ရေးရုံးအနီးကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲရာ ပြည်သူ ၁ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

သထုံထောင်မှ အချုပ်သားအချို့ ထွက်ပြေးရာ ၃ ဦး ပြန်အဖမ်းခံရ

မွန်ပြည်နယ်၊ သထုံအကျဉ်းထောင်မှာ အချုပ်သားတချို့ ထွက်ပြေးရော ၃ ယောက်ကို ချက်ချင်း ပြန်လည် ဖမ်းမိခဲ့တယ်လို့ သထုံအကျဉ်းထောင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။ 
Read More

ရန်ကုန်တိုင်းစစ်ဌာနလက်အောက် ပထမဆုံး ဖွဲ့စည်းခဲ့သည့် တပ်ရင်း ၅၁၀၁ ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့်ပြီ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန​ရဲ့ လမ်းညွှန်မှုအောက်မှာ ဖွဲ့စည်းထားပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ရန်ကုန်တိုင်းစစ်ဌာန​ရဲ့ ပထမဆုံးတပ်ရင်း ဖြစ်တဲ့ ရန်ကုန်တပ်ရင်း ၅၁၀၁ ဖွဲ့စည်းတည်ထောင်တာ ၂ နှစ်ပြည့်ပြီဖြစ်တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

အင်လျားကန်ဘောင်ပေါ် လူငယ် ၂၀ လောက်ကို စစ်တပ် အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေး

ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ အင်လျားကန်ဘောင်က လူငယ် ၂၀လောက်ကို အာဏာသိမ်းစစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးဖို့ စစ်ဆေးခဲ့တယ်လို့ Rangoon Scout Network က ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုတွင် စပါးရိတ်စက်များ လာလုသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၄ဦးသေ၊ ပစ္စည်းများအား ပိုင်ရှင်ထံ ပကဖများ ပြန်အပ်နိုင်ခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ အရပ်သားတောင်သူတွေ​ဆီက စပါးရိတ်စက်တွေ လုယူသယ်ဆောင်နေတဲ့ စစ်အုပ်စုနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်သားနဲ့ပျူစောထီး ၄ယောက်သေဆုံးကာ စပါးရိတ်စက် ၁စီးကို တောင်သူတွေထံ ပြန်ပေးနိုင်ခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကျောက်ကြီးမှာ နောက်တန်းပြန်ဆင်းတဲ့ အင်အားရာချီ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး အယောက် ၃၀ ကျော် သေ

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အင်အားရာနဲ့ချီတဲ့ နောက်တန်းပြန်ဆင်း စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်သား ၅၀ ကျော် ထိခိုက်မှုနဲ့ သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ရိုးမ (၂) စစ်ကြောင်း အထူးကွန်မန်ဒိုတပ်ရင်းက ထုတ်ပြန်ပါတယ်။