ပဲခူးတိုင်းအတွင်း စစ်တောင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်မြင့်တက်လာတာကြောင့် စစ်တောင်းမြစ်ဘေးတလျှောက်ရှိ မြို့နယ်၊ ကျေးရွာတွေမှာ ရေကြီးမှုတွေ ဖြစ်ပွားနေပြီး လူသေဆုံးမှုတွေလည်း ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်တောင်းမြစ်ဘေးတလျှောက်က မြို့နယ်တွေဖြစ်တဲ့ တောင်ငူ၊ ရွှေကျင်နဲ့ မဒေါက်မြို့နယ်မှာ ရေကြီးနေပြီး ရေဘေးရှောင်ပြည်သူတွေလည်း ထောင်နဲ့ချီနေပြီလို့ သိရပါတယ်။

“ရေတွေက ဝုန်းဒိုင်းကြီးတက်လာတာတော့ မဟုတ်ဘူး၊ ၁ရက်ကို နည်းနည်း.. နည်းနည်းနဲ့ တဖြည်းဖြည်းချင်း တက်လာတာ ၁ ပတ်လောက် ရှိနေပြီ။ မိုးကလည်း မပြတ်ဘူးလေ တောက်လျှောက်ရွာနေတာ။ စစ်တောင်းမြစ်ရေက လျှံနေပြီ” လို့ တောင်ငူဒေသခံတစ်ယောက်က မောင်းကို ပြောပါတယ်။

လက်ရှိအခြေအနေမှာ လူသေဆုံးမှုတွေ ရှိနေပေမယ့် မနှစ်ကလောက်အထိတော့ အရမ်းစိုးရိမ်ရတဲ့ အခြေအနေကို မရောက်လာသေးဘူးလို့ ဆိုပါတယ်။

စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၂ ပေခန့်၊ မဒေါက်မြို့နယ်မှာ စိုးရိမ်ရေမှတ်အထက် ၅ ပေခွဲခန့် ကျော်လွန်နေကြောင်း၊ နောက်ထပ်ပြီးလည်း စိုးရိမ်ရေအမှတ်ဟာ တဖြည်းဖြည်း မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားပါတယ်။

လက်ရှိမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကလော၊ အင်းလေး၊ ညောင်ရွှေ၊ ပင်လောင်း၊ အုတ်တွင်း၊ ထန်းတပင်၊ ဖြူး၊ မုန်း၊ ရွှေကျင်၊ ညောင်လေးပင်၊ သထုံ၊ မြဝတီ၊ ဘားအံ စတဲ့ မြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

CDF ကန်ပက်လက် စစ်ဦးစီးချုပ်၏ မင်္ဂလာဆောင်ကို စစ်တပ် ဗုံးကြဲ၊ ၄ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

ချင်းညီနောင်အဖွဲ့ဝင် CDF-Kanpetlet ထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့မှာ CDF ကန်ပက်လက် စစ်ဦးစီးချုပ်ရဲ့ မင်္ဂလာဆောင်ကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်လို့ ၄ ယောက်  သေဆုံးပြီး ၁၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ နယ်မြေခံတွေဆီက သိရပါတယ် ။
Read More

ချင်းပြည်နယ်ကို ထိုးစစ်ဆင်လာတဲ့ တိုက်ပွဲများအတွင်း စစ်သား ၄၀ ခန့် သေဆုံး စစ်တပ်တပ်က ဖမ်းဆီးထားတဲ့ ပြည်သူ ၁၄ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ချင်းညီနောင်ထုတ်ပြန်

အကြမ်းစစ်တပ်က ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်းကို ထိုးစစ်ဆင်လာတဲ့ တိုက်ပွဲများအတွင်း စစ်သား ၄၀ ခန့် သေဆုံးခဲ့ပြီး၊ စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတဲ့ ပြည်သူ ၁၄ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ ချင်းညီနောင်ကနေ သတင်းထုတ်ပြန်လာပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့ကစတင်ကာ တီးတိန်မြို့အတွင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မှရှင်တပ်တွေနဲ့ တော်လှန်ရေးတပ်တို့ အောက်တိုဘာလ ၃၀ ရက်နေ့မှာ တီးတိန်-ကလေးလမ်း ဒိမ်လို လမ်းခွဲအနီးမှာ အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းလှတွင် တရားမဝင် ရွေးကောက်ပွဲအတွက် မဲစာရင်းများကို ကာကွယ်ရေးတပ်ဖွဲ့ မီးရှို့ဖျက်ဆီး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဆင်တဲကုန်းအုပ်စု၊ ဆင်တဲကုန်းရွာက လူငယ်အားမာန်စာကြည့်တိုက်မှာ ထားရှိထားတဲ့ စစ်ကော်မရှင် တရားမဝင်ရွေးကောက်ပွဲအတွက် မဲစာရင်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ မြေအောက်ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မြေနိမ့်ပိုင်း မြစ်ကမ်းပါး​ဘေးနား​နေ ပြည်သူများကို PDF များမှ ရေကြီးမှု သတိပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့

တိုင်ဖွန်းမုန်တိုင်းအဆင့်ကနေ ​လျော့ကျလာတဲ့ အပူပိုင်းမုန်တိုင်း ဝီဖာ​ကြောင့် မြန်မာနိုင်ငံတွင်း ရုတ်တရက်​ရေကြီးခြင်း ​ဘေးအန္တရာယ်တွေ ကြုံ​တွေ့လာရနိုင်တဲ့ မြေနိမ့်ပိုင်း မြစ်ကမ်းပါး​ဘေးနား​နေ ပြည်သူတွေကို သတိပေးလက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ထီဘောဂေါ် စစ်ဘေးရှောင်စခန်းမှာ မိဘမဲ့ကလေးတွေအတွက် စားနပ်ရိက္ခာ လိုအပ်ချက်တွေရှိနေ

ကရင်ပြည်နယ်၊ ဝေါလေကျေးရွာအနီးမှာရှိတဲ့ ထီဘောဂေါ်စစ်ဘေးရှောင်စခန်းက မိဘမဲ့ကလေးငယ်တွေအတွက် စားနပ်ရိက္ခာ အခက်အခဲတွေရှိနေကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူတွေဆီက သိရပါတယ်။ ကရင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မိဘမဲ့ဖြစ်နေကြရပြီး စစ်ဘေးရှောင်ရင်း မူလတန်းပညာသင်ကြားနေရတဲ့ ဒီကလေးငယ်တွေဟာ ရေဘေးဒဏ်တွေကိုပါ ထပ်မံခံစားနေရတာ ဖြစ်ပါတယ်။
Read More

ဆေးဝါးကုသရေး ခက်ခဲသည့်နေရာများမှ ပြည်သူလူထုကို တပ်ကုန်းမြို့နယ် PDF ဆေးဝါးကုသမှုပေးနေ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အလယ်ပိုင်းတိုင်းစစ်ဌာနခွဲ၊ နေပြည်တော် တပ်ရင်း ၈၀၃ - တပ်ကုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ဆေးဝါးကုသရေး ခက်ခဲတဲ့နေရာတွေမှာ ပြည်သူလူထုကို ဆေးဝါးကုသမှုပေးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။