ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်ရှိ ချာထူချက် စျေးမှာ ပစ်ခတ်မှု ဖြစ်ပွားရာ သေနတ်သမားအပါအဝင် လူ ၆ ယောက် သေဆုံးခဲ့ပါတယ်။ သေနတ်သမားကတော့ ကိုယ်ကိုကိုယ် အဆုံးစီရင်သွားတာ ဖြစ်တယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။

ဇူလိုင် ၂၈ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ ချာထူချက်ရှိ အော်တောကော်စျေးထဲမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူတွေထဲက ၃ယောက်ဟာ လုံခြုံရေးအစောင့်တွေ ဖြစ်တယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။

သေနတ်သမားဟာ သက်ကြီးပိုင်း အမျိုးသား ၁ ယောက် ဖြစ်သလို အနက်ရောင် ရှပ်အင်္ကျီနဲ့ အသားရောင် ဘောင်းဘီကို ဝတ်ဆင်ထားကာ စစ်သုံး ကျောပိုးအိတ်လွယ်ထားတယ်လို့ မျက်မြင်တွေ ပြောဆိုထားပြီး ပစ်ခတ်မှုဖြစ်ပွားရတဲ့ အကြောင်းအရင်းကိုတော့ အတိအကျ မသိရသေးဘူးလို့ ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

သေနတ်သမားကိုတော့ ကိုယ့်ကိုကိုယ် ပစ်ခတ်ထားတဲ့ဒဏ်ရာတွေနဲ့ သေဆုံးလျက်သားရှာတွေ့ခဲ့ပြီး ထိုင်းရဲတပ်ဖွဲ့ကတော့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အသေးစိတ် ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

(ဓာတ်ပုံ Khaosod)

0 Shares:
You May Also Like
Read More

မြန်မာ့အရေးစကားဝိုင်းများတွင် ကမကထပြုပေးသူသာ ဖြစ်သည်ဟု ထိုင်းဆို

စစ်ကောင်စီနဲ့ အာဆီယံဥက္ကဋ္ဌ မလေးရှားတို့အကြား ဘန်ကောက်မှာ မကြာခင်က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ ထိုင်းရဲ့အခန်းကဏ္ဍဟာ ကမကထလုပ်ပေးသူအဖြစ် အလေးထား ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ ထိုင်းအစိုးရက သောကြာနေ့မှာ ပြောပါတယ်။
Read More

ဂျပန်လွှတ်တော်အမတ်များရုံးမှာ မြန်မာ့အရေး ဆွေးနွေးပွဲ ပြုလုပ်

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထပ်မံသိမ်းပိုက်အုပ်ချုပ်နိုင်တဲ့ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် စတဲ့မြို့တွေကို
Read More

ကုလ အထွေထွေညီလာခံ ဆက်စပ်အစည်းအဝေးမှာ တရားမျှတမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကိစ္စ တိုးမြှင့်လုပ်ဆောင်ရေးအတွက် စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရာ NUG လူ့အခွင့်အရေး ဒုဝန်ကြီး ပါဝင်ဆွေးနွေးခဲ့

၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဆက်စပ်အစည်းအဝေးမှာ တရားမျှတမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကိစ္စ တိုးမြှင့်လုပ်ဆောင်ရေးတို့အတွက် စကားဝိုင်းဆွေးနွေးပွဲတစ်ရပ်ကို စက်တင်ဘာ ၂၅ ရက် အမေရိကန်နိုင်ငံမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုး၊ ဂမ်ဘီယာတရားရေးဝန်ကြီး၊ အမေရိကန် Global Criminal Justice ကမ္ဘာလုံးဆိုင်ရာသံအမတ်ကြီးနဲ့ IIMM အကြီးအကဲတို့ တက်ရောက်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

ထိုင်းဝန်ကြီးချုပ်ဟောင်း ပေထုန်တန်ရှင်နာဝပ် ပါတီခေါင်းဆောင်အဖြစ်မှ နုတ်ထွက်

ရာထူး ရပ်ဆိုင်းခံခဲ့ရတဲ့ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်း ပေထုန်တန်ရှင်နာဝပ်က မိခင်ပါတီဖြစ်တဲ့ ဖွေထိုင်းပါတီ ခေါင်းဆောင်အဖြစ်ကနေ နုတ်ထွက်လိုက်ပြီဖြစ်တယ်လို့ ထိုင်း သတင်းဌာနတွေမှာ ဒီနေ့ သတင်း ဖော်ပြထားပါတယ်။
Read More

တာချီလိတ်မြို့ကို ဓာတ်အားပေးဝေမှု လာအိုကန့်သတ်

မြန်မာပြည်အရှေ့ပိုင်း၊ ရှမ်းပြည်နယ်စပ်၊ တာချီလိတ်မြို့ကို ဓာတ်အားပေးဝေမှု ကန့်သတ်ကြောင်း လာအိုအစိုးရက ဖေဖော်ဝါရီလ ၆ ရက်မှာ ပြောဆိုခဲ့တယ်လို့ တရုတ်သတင်း Xinhua က ဖော်ပြပါတယ်။
Read More

တရုတ်ကို မြေရှားပြန်ပို့ဖို့ KIA ခွင့်ပြု

ကမ္ဘာ့အကြီးဆုံး မြေရှားသတ္တုဇုံတွေထဲကတခုကို ထိန်းချုပ်ထားတဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) အနေနဲ့ တရုတ်နိုင်ငံကို မြေရှားသတ္တု ပြန်တင်ပို့ခွင့်ပြုခဲ့ကြောင်း ရိုက်တာသတင်းဌာနက သတင်းအရင်းအမြစ်နှစ်ခုနဲ့ ၎င်းမြင်တွေ့ခဲ့ရတဲ့ ထုတ်ပြန်ချက်တစောင်ကို ကိုးကားပြီး မတ်လ ၂၇ ရက်မှာ ဖော်ပြခဲ့ပါတယ်။