မကွေးတိုင်း၊ ကမ္မမြို့ပေါ်ရှိ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး ၄၀ မမ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ကာ စစ်သားတွေ ခိုးယူထားတဲ့ ဆိုင်ကယ်တွေကို ပြည်သူထံ ပြန်လည်အပ်နှံပေးခဲ့တယ်လို့ RED GIANT အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၂၇ ရက် မနက်ပိုင်းက ကမ္မမြို့ပေါ်ရှိ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး ၄၀ မမ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီနောက် မြို့ပေါ်ကို တော်လှန်ရေးရဲဘော်တွေ ရှင်းလင်းရေးဝင်ရောက်ခဲ့ရာ စစ်ကောင်စီတပ်သားတွေ ခိုးယူထားတဲ့ ဆိုင်ကယ်တွေကို ပြန်လည်သိမ်းဆည်းခဲ့ပြီး ပြည်သူထံ အပ်နှံခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို RED GIANT၊ ABSDF အမှတ် (၃) စစ်ကြောင်း၊ YGF လူငယ်ပျောက်ကျားတပ်ဖွဲ့၊ PI PDF၊ အလင်းတန်းပျောက်ကျားတပ်ဖွဲ့ (မြိုင်) ၊ TWF ၊ THURAIN TR နဲ့ HUNTER PAKOKKUတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – RED GIANT

0 Shares:
You May Also Like
Read More

ကန့်ဘလူ ကျီစုရွာတွင် စစ်ရှောင်များရှိတဲ့ စာသင်ကျောင်းကို စစ်တပ် ဗုံးကြဲ၊ ၁ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျီစုကျေးရွာရှိ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ စာသင်ကျောင်းကို စစ်ကော်မရှင်က လေကြောင်းကနေ ပေါင် ၂၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့ရာ ၁ ယောက် သေဆုံးပြီး ၁၉ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကရင်နီပြည် ဝံပုလွေစစ်ကြောင်းရဲ့ အပတ်စဉ် ၁ သင်တန်းဆင်းအခမ်းအနား ကျင်းပ (ရုပ်/သံ)

ကရင်နီပြည် ဝံပုလွေစစ်ကြောင်းရဲ့ အပတ်စဉ် ၁ သင်တန်းဆင်းအခမ်းအနား ပုံရိပ်တွေကို Karenni of Wolf Column က ထုတ်ပြန်လိုက်ပါတယ်။
Read More

မြိုင်မြို့နယ် လင်းကတောရဲစခန်းအား ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ် လင်းကတောနယ်ရဲစခန်းအား ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Eagle Brigade (ANyar Eagles) အဖွဲ့ထံက သိရပါတယ်။
Read More

မကွေး-ရေနံချောင်း-နတ်မောက် လမ်းပိုင်းမှာ လူငယ်တွေ ပေါ်တာဆွဲဖို့ ကူညီနေတဲ့ ယာဉ်လိုင်းများ အား ပြည်သူတွေရဲ့ တိုင်ကြားချက်အရ စစ်ဆေးမှုပြုလုပ် (ရုပ်/သံ)

မကွေး-ရေနံချောင်း-နတ်မောက် လမ်းပိုင်းမှာ လူငယ်တွေကို ပေါ်တာဆွဲဖို့ အကြမ်းဖက်စစ်ကောင်စီအလိုကျ ကူညီနေတဲ့ ယာဉ်လိုင်းများအား ပြည်သူတွေရဲ့ တိုင်းကြားချက်အရ ရှောင်တခင်စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ TAMAR MYAY Special Column မှ ထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူတပ်မ ၁၀၁ မှ ထွက်လာသည့် စစ်ကောင်စီယာဉ်တန်းအား ၃ ရက်ဆက် ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်၊ စစ်သား ၁၀ ဦးခန့် ထိခိုက် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူတပ်မ ၁၀၁ ကနေ ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းအား ၃ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ယောက်ခန့်ထိခိုက်မှုရှိခဲ့တယ်လို့ Garuda Secret Force က ဒီနေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။)
Read More

ချောင်းမတိုက်ပွဲအတွင်း ဖမ်းမိသည့် စစ်သုံ့ပန်းများအနက် ဆေးကြောင်နေသည့် စစ်သားများ ပါဝင်လာ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာတိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေထဲမှာ ဆေးကြောင်နေတဲ့ စစ်သားတွေပါဝင်လာပြီး အဆိုပါ သုံ့ပန်းတွေကို တော်လှန်ရေးရဲဘော်တွေ ဆေးကုသပေးနေတဲ့ ရုပ်သံဖိုင်တွေကို BLDF ရဲဘော်တွေက လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။