အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာဗဟိုအကျဉ်းထောင်အတွင်း ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ကူကီးလူမျိုး ၆၀ ကျော်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကူကီးလူ့အခွင့်အရေးအဖွဲ့ (KOHUR) က အမျိုးသားလူ့အခွင့်အရေးကော်မရှင် (NHRC) နဲ့ မဏိပူရ်ပြည်နယ်အုပ်ချုပ်ရေးမှူး Ajay Kumar Balla တို့ကို အရေးပေါ်အယူခံဝင်ခဲ့ကြောင်း အိန္ဒိယအရှေ့မြောက်သတင်းမှာ ဇူလိုင် ၂၇ ရက်က ဖော်ပြပါတယ်။

ပြစ်ဒဏ်ရက်ပြီးဆုံးပေမယ့် ဆက်လက် အကျဉ်းခံနေရသူ ၂ ဦးကို KOHUR က မီးမောင်းထိုးပြထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ စိုးရိမ်စရာတွေအဖြစ် အယူခံအတွင်း ပြောဆိုခဲ့ပါတယ်။

NHRC ဥက္ကဋ္ဌ Justice V. Ramasubramanian နဲ့ မဏိပူရ်အုပ်ချုပ်ရေးမှူးထံ လိပ်မူထားတဲ့ သီးခြားစာချွန်လွှာထဲမှာ KOHUR က ဒီအခြေအနေကို အိန္ဒိယဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၁ (အသက်ရှင်သန်ခွင့်နဲ့ ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်) နဲ့ အိန္ဒိယက လက်မှတ်ထိုးထားတဲ့ နိုင်ငံတကာ လူ့အခွင့်အရေး သဘောတူညီချက်တွေအပေါ် “ကြီးမားတဲ့ ချိုးဖောက်မှုကြီး” အဖြစ် ဖော်ပြထားပါတယ်။

မငြိမ်မသက်ဖြစ်ပွားနေတဲ့ နယ်မြေတွေက အိန္ဒိယ ကူကီးတွေကို သူတို့ပိုမိုဘေးကင်းမယ့် ကူကီးအများစုနေထိုင်တဲ့ ခရိုင်တွေဆီ အရင်က နေရာရွှေ့ပြောင်းပေးခဲ့ဖူးတဲ့အလျောက် လက်ရှိ အကျဉ်းချခံထားရတဲ့ မြန်မာ ကူကီးတွေကိုလည်း အလားတူကာကွယ်မှုမျိုး လုပ်ဆောင်ပေးဖို့ KOHUR က အလေးပေး တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

“ဖမ်းဆီးခံထားရသူတွေဟာ နိုင်ငံခြားသားတွေဖြစ်နိုင်ပေမယ့် မဏိပူရ်မှာရှိတဲ့ ဌာနေတိုင်းရင်းသား ကူကီးတွေနဲ့ ယဉ်ကျေးမှု၊ ဘာသာစကားနဲ့ မိသားစုဆက်ဆံရေးတွေ နက်နက်ရှိုင်းရှိုင်း ဆက်နွယ်နေပါတယ်” “နိုင်ငံသားဖြစ်မှုအပေါ် အခြေခံပြီး သူတို့တွေကို နေရာရွှေ့ပြောင်းပေးဖို့ ငြင်းဆန်တာဟာ ခွဲခြားဆက်ဆံတဲ့ အပြုအမူဖြစ်ပါတယ်” လို့ KOHUR က ပြောပါတယ်။

သူတို့ရဲ့ စီရင်ချက်ထက် ကျော်လွန်ပြီး လူတွေကို ဆက်လက်ဖမ်းဆီးထားခြင်းဟာ “အာဏာရှင်ဆန်ဆန် အကျဉ်းချခြင်းနဲ့ တရားမျှတမှုမရှိခြင်း” ဖြစ်ကြောင်း၊ အာဏာပိုင်တွေအနေနဲ့ ဥပဒေအောက်မှာ တန်းတူ အကာအကွယ်ပေးရေးမူကို လိုက်နာသင့်ကြောင်း KOHUR ဥက္ကဋ္ဌ H.S. Benjamin Mate က တိုက်တွန်းခဲ့ပါသေးတယ်။

ဒါ့အပြင် (၁) သက်တမ်းကျော်လွန် ထိန်းသိမ်းခံထားရတဲ့ အကျဉ်းသားနှစ်ယောက်ကို ချက်ချင်းပြန်လွှတ်ပေးဖို့ (၂) မြန်မာနိုင်ငံသား ကူကီးတွေအားလုံးကို ဘေးကင်းလုံခြုံပြီး ကူကီးအများစုနေထိုင်တဲ့ ခရိုင်တွေဆီ အရေးပေါ် လွှဲပြောင်းပေးဖို့နဲ့ (၃) နောက်ထပ် ခွဲခြားဆက်ဆံပြီး ဖမ်းဆီးတာတွေမရှိအောင် အစိုးရရဲ့ စုံစမ်းစစ်ဆေးမှု စတင်ဖို့ KOHUR က တောင်းဆိုထားပါတယ်။

NHRC ကတော့ ဒီအပေါ် တရားဝင် ထုတ်ပြန်တာမျိုးမရှိသေးပေမယ့် ဒီကိစ္စကို အရေးတကြီး ပြန်လည်သုံးသပ်နေနိုင်ကြောင်း သူ့ရဲ့ အတွင်းသတင်းရင်းမြစ်တွေက ပြောဆိုတယ်လို့ India Today NE သတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ဥပဒေကျွမ်းကျင်သူတွေနဲ့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်သူတွေကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ အကာအကွယ်တွေနဲ့ နိုင်ငံတကာလက်ခံထားတဲ့ ဖမ်းဆီးထိန်းသိမ်းရေးစံနှုန်းတွေကို လိုက်နာအောင် ဖိအားပေးလျက်ရှိတယ်လို့ သိရပါတယ်။

မူရင်းသတင်း – Kuki rights body seeks urgent release of Myanmar nationals held in Manipur jail

0 Shares:
You May Also Like
Read More

အီတလီလွှတ်တော်မှာ ကိုထိန်လင်းက မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် မြန်မာ့ဒီမိုကရေစီအရေး ကူညီရန် ပြောဆိုခဲ့

အီတလီနိုင်ငံအမျိုးသားလွှတ်တော်မှာ ကိုထိန်လင်း(ခေါ်) ကင်မ်အဲရစ်က မိခင်ဖြစ်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ မြန်မာ့ဒီမိုုကရေစီအရေးအတွက် သွားရောက်ပြောဆိုခဲ့တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။
Read More

အာဆီယံ၏ မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်မဖော်သည့် မြန်မာစစ်အုပ်စုအား အာဆီယံ အစည်းအဝေးများ တက်ရောက်ခွင့် ဆက်လက်ပိတ်ပင်

မြန်မာ့နိုင်ငံအရေးအတွက် အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကြမ်းဖက်မြန်မာစစ်တပ်က အကောင်အထည်မဖော်တာကြောင့် အာဆီယံအစည်းအဝေးတွေကို မြန်မာစစ်ခေါင်းဆောင်တွေ တက်ရောက်ခွင့် ဆက်ပိတ်ထားမယ်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးက ထုတ်ပြန်လိုက်ပါတယ်။
Read More

အာဂျင်တီးနား တရားရုံး ဖမ်းဝရမ်းထုတ်ထားသည့် မင်းအောင်လှိုင် ရုရှားသွားမည်

အာဂျင်တီးနား တရာရုံးကနေ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံကို သွားရောက်မယ်လို့  စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်ရှိ ထိုင်းအစိုးရပိုင်မြေများကို မြန်မာနိုင်ငံသားများအပေါ် ပစ်မှတ်ထားကာ အွန်လိုင်းမှ ရောင်းချမှုများ ပြုလုပ်နေ

မြန်မာနိုင်ငံရှိ ငွေကြေးတတ်နိုင်သူတွေကို ပစ်မှတ်ထားပြီး ထိုင်း- မြန်မာနယ်စပ်တလျှောက် ငြိမ်းချမ်းတဲ့ နေစရာနေရာအဖြစ် ထိုင်းအစိုးရပိုင်မြေတွေကို အွန်လိုင်းကနေ ရောင်းဝယ်နေမှုတွေ ရှိတယ်လို့ ထိုင်းသတင်းဌာန The Nation က သတင်းဖော်ပြထားပါတယ်။
Read More

ထိုင်းမှာ တရားမဝင်နေထိုင်တဲ့ မြန်မာ ၉ ယောက် ကျည်တောင့် ၃၀၀၀ ခန့်နဲ့အတူ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအတွင်း တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ မြန်မာ ၉ ယောက်ကို ဖမ်းဆီးခဲ့ပြီး သူတို့ရဲ့ နေအိမ်ကနေ ကျည်ဆန် ၃၀၀၀ နီးပါး ရှာဖွေတွေ့ရှိခဲ့ကြောင်း ထိုင်းရဲတွေက ဒီဇင်ဘာ ၃ ရက်မှာ ပြောပါတယ်။
Read More

နယူးယောက်မြို့ရှိ ကုလသမဂ္ဂအထွေထွေအဖွဲ့ချုပ်ရုံးရှေ့မှ ၃၇ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ်အကြို ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂအထွေထွေအဖွဲ့ချုပ်ရုံး (UN Secretariat) ရှေ့မှာ အမေရိကန်ရောက် မြန်မာလူမျိုးတွေက ၃၇ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ်အကြို ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်လူထုသပိတ်က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။