ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားတို့ နယ်စပ်ဒေသမှာ အပြန်အလှန် စွပ်စွဲမှုတွေနဲ့ နှစ်ဖက်စစ်တပ်တွေ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေဆဲဖြစ်ပြီး ၄ ရက်မြောက် မနေ့က တိုက်ပွဲမှာ ထိုင်းစစ်တပ် ပစ်ခတ်မှုကြောင့် ကမ္ဘောဒီးယားစစ်ဗိုလ်ချုပ် ၁ ယောက် သေဆုံးခဲ့တယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။

ဇူလိုင်လ ၂၄ ရက်က စတင်ခဲ့တဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ တိုက်ပွဲဟာ ​ဒီနေ့ အချိန်အထိ ဆက်လက် ဖြစ်ပွားနေပြီး နှစ်နိုင်ငံအကြား စတင်ပစ်ခတ်မှုအပေါ် နှစ်ဖက်အပြန်အလှန် စွပ်စွဲနေကြဆဲဖြစ်ပါတယ်။

မနေ့က ပစ်ခတ်မှုတွေအတွင်း ထိုင်းစစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကြောင့် ကမ္ဘောဒီးယားစစ်တပ်ရဲ့ အမှတ် ၇ စစ်တိုင်း ဗိုလ်ချုပ် Doung Somneang သေဆုံးခဲ့ပါသေးတယ်။

ထိုင်းစစ်တပ်က နယ်စပ်ဒေသတိုက်ပွဲတွေအတွင်း ကျဆုံးခဲ့တဲ့ ကမ္ဘောဒီးယားစစ်သား ၁၂ ယောက်ရဲ့ ရုပ်အလောင်းတွေကို ထိုင်းစစ်တပ်က ကမ္ဘောဒီးယားနိုင်ငံဘက် ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး လူသားချင်းစာနာမှုကို အခြေခံကာ ပြန်လည်ပေးအပ်ခဲ့တာဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့အကြား ဖြစ်ပွားနေတဲ့ နယ်စပ်ပဋိပက္ခကို ဖြေရှင်းဖို့ ဇူလိုင် ၂၈ ရက် ဒီနေ့မှာ နှစ်နိုင်ငံခေါင်းဆောင်တွေ မလေးရှားနိုင်ငံမှာ တွေ့ဆုံဆွေးနွေးမယ်လို့ နှစ်ဘက်အစိုးရက ထုတ်ပြန်ထားပါတယ်။
အမေရိကန်သမ္မတ ထရမ့်က နှစ်နိုင်ငံဝန်ကြီးချုပ်တွေကို ဖုန်းခေါ်ဆိုကာ စေ့စပ်ညှိနှိုင်းပေးခဲ့ပြီး နှစ်ဖက်စလုံးက ငြိမ်းချမ်းရေးနဲ့ အပစ်ရပ်ရေး ဆွေးနွေးမယ်လို့ သဘောတူခဲ့ပေမယ့် မြေပြင်မှာ လက်တွေ့ ဖြစ်မလာသေးဘဲ ဒီနေ့အထိ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

(ဓာတ်ပုံ Khaosod Thailand)

0 Shares:
You May Also Like
Read More

မြဝတီမှာ လူကုန်ကူးခံရသူ ၁၁၀ ယောက်ကို ကယ်ပေးဖို့ အရပ်ဘက်အဖွဲ့တွေ ထိုင်းဝန်ကြီးချုပ်ကို အကူအညီတောင်း

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ထိုင်းလွှတ်တော်အတွင်း မြန်မာ့အရေး ဘာတွေဆွေးနွေးခဲ့လဲ

ထိုင်းလွှတ်တော် အမျိုးသားလုံခြုံရေးနှင့် နယ်စပ်ရေးရာကော်မတီက ဦးဆောင်ပြီး "တည်တံ့သောငြိမ်းချမ်း ရေးနှင့် လုံခြုံရေးမြှင့်တင်ခြင်း – ထိုင်းနှင့်အာဆီယံတို့၏ နယ်နိမိတ်တည်ငြိမ်မှုနှင့် ဒီမိုကရေစီသို့ ဦးတည်သည့်လမ်းကြောင်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကို မတ်လ ၂၂ ရက်နဲ့ ၂၃ ရက်တို့မှာ ကျင်းပခဲ့ပါတယ်။
Read More

သတ္တုလုပ်ငန်းကြောင့် ညစ်ညမ်းလာသည့် မြစ်ရေကို သန့်စင်ရန် ထိုင်းအစိုးရဆည်ဆောက်ဖို့ပြင်

ရှမ်းပြည်နယ် အရှေ့ပိုင်းက သတ္တုတူးဖော်ရေးလုပ်ငန်းတွေကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်းက မြစ်တွေထဲ ပျော်ဝင်နေတဲ့ အန္တရာယ်ရှိပစ္စည်းတွေကို စစ်ထုတ်ဖို့အတွက် ထိုင်းအစိုးရအနေနဲ့ ရေတားဆည်တွေ တည်ဆောက်ဖို့ ပြင်ဆင်နေကြောင်း ထိုင်းဒုဝန်ကြီးချုပ် Phumtham Wechayachai က မေလ ၂၁ ရက်မှာ ပြောပါတယ်။
Read More

ထိုင်းနိုင်ငံ၊ ရတ်ချာဘူရီတွင် တရားမဝင် မြန်မာလုပ်သားများ တင်ဆောင်လာသည့်ကား တိမ်းမှောက်ပြီး ၉ ဦး သေဆုံး

ထိုင်းနိုင်ငံ၊  ရတ်ချာဘူရီ Pak Tho ခရိုင်မှာ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို တင်ဆောင်လာတဲ့ ကားတစ်စီး မတော်တဆ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ မြန်မာလုပ်သား ၉ ယောက် သေဆုံးခဲ့ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Read More

အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်၏ ကလေးစစ်သားအသုံးပြုမှု မြင့်တက်လာကြောင်း HRW ထုတ်ပြန်

ကလေးစစ်သားအသုံးပြုမှု ကာလရှည်နာမည်ဆိုးရှိခဲ့တဲ့ မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ကလေးစစ်သား စုဆောင်း အသုံးပြုမှု ပိုများလာတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ဇွန်လ ၂၀ ရက်မှာ ပြောပါတယ်။ 
Read More

အာဆီယံပူးပေါင်းအဖွဲ့ ငြိမ်းချမ်းရေးအတွက် လာမယ့်အပတ် မြန်မာပြည်လာမည်

အာဆီယံဥက္ကဋ္ဌ မလေးရှားက ဦးဆောင်ပြီး အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေ ပါဝင်တဲ့ အာဆီယံပူးပေါင်းကိုယ်စားလှယ်အဖွဲ့တခုဟာ ငြိမ်းချမ်းရေးနဲ့ လူမျိုးစုလူနည်းစုတွေအပေါ် ကျူးလွန်တဲ့ ရက်စက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လာမယ့်သီတင်းပတ်ထဲ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အဘရာဟင်က ပြောပါတယ်။