စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချ ချေမှုန်းခဲ့တဲ့ မှတ်တမ်းရုပ်သံကို အမှတ် ၈၁၅ တပ်ဖွဲ့၊ အနောက်မြောက်စစ်ဒေသက ထုတ်ပြန်လိုက်ပါတယ်။

ကန့်ဒေါင့်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဇွန်လ ၃ ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က စခန်းမကျစေဖို့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနေတဲ့ကြားက ဇွန်လ ၁၉ ရက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အများအပြားသေဆုံးကာ စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ F7 (Chengdu J-7) တိုက်လေယာဉ်ကိုလည်း ပစ်ခတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Video – အမှတ် ၈၁၅ တပ်ဖွဲ့၊ အနောက်မြောက်စစ်ဒေသ

0 Shares:
You May Also Like
Read More

ပြည်သူကို ကာကွယ်ပြီး မတရားမှုကို တွန်းလှန်ရန် အာဠာဝကစစ်ကြောင်းမှ ရဲဘော်သစ်များ ဖိတ်ခေါ် (ရုပ်/သံ)

ပေါ်တာဆွဲခံရပြီး ပြည်သူကို ဖိနှိပ်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ တပ်သားအဖြစ်မခံဘဲ ပြည်သူလူထုကို ကာကွယ်ပြီး မတရားမှုကို တွန်းလှန်တိုက်ခိုက်ကြမယ့် PDF ရဲဘော်အဖြစ် အာဠာဝကစစ်ကြောင်းက ရဲဘော်သစ်တွေ ဖိတ်ခေါ်လျက်ရှိပါတယ်။ 
Read More

သရက်မြို့နယ် ဆင်ကော်ရဲစခန်းအား တော်လှန်ရေးတပ်များ ပိတ်ဆို့တိုက်ခိုက်မှု စစ်ကော်မရှင်တပ်သား ၅ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း သရက်မြို့နယ် ဆင်ကော်ရဲစခန်းကို တော်လှန်ရေးတပ်တွေ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁၄ ရက်ကြာ ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ သရက်ခရိုင် အမှတ် - ၄ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ယာဉ် ၃ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဇန်နဝါရီ ၇ ရက် မနေ့ညနေပိုင်းက အကြမ်းဖက်စစ်တပ်ရဲ့ သံပြားကာယာဉ် ၃ စီးကို ချောင်းဦးနဲ့ နတ်ရေကန်အကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Seven People Defence Force - SPDF ထံက သိရပါတယ်။
Read More

တိုက်ပွဲပြင်းထန်တဲ့ ပုလဲမြို့ပေါ်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးမှုတွေ ရှိနေပြီး အရပ်သားတွေကို တော်လှန်ရေးတပ်တွေ ဘေးလွတ်ရာ ပို့ဆောင်ပေးနေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့မှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး  စစ်ကောင်စီတပ်က မြို့မကျရေး လေကြောင်းကနေ ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
Read More

ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်မှု ၇ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ အင်အား ၈၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒီဇင်ဘာ ၁၃ ရက်က တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ရာ ၇ ယောက် သေဆုံးခဲ့တယ်လို့ Monywa Inventor အဖွဲ့ထံက သိရပါတယ်။
Read More

ဖားကန့်မြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ် (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအောက်စျေးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။