စစ်ကိုင်းငလျင်ကြီး ၄ လပြည့်ချိန်မှာ မန္တလေးမြို့ကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၄.၇ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ ငလျင်လှုပ်ရှားသွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၂၈ ရက် ဒီနေ့ မနက် ၀၀ နာရီ ၀၁ မိနစ်အချိန်ခန့်မှာ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၄.၇ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

“ညသန်းခေါင်ကို အိပ်ပျော်နေရာကနေ လမ်းမပေါ် ပြေးထွက်ရတာဗျ၊ လမ်းမပေါ်ကို လူတွေ အပြည့် ဖြစ်သွားတာ၊ ညတောင် ဆက်ပြီး ကောင်းကောင်း မအိပ်နိုင်တော့ဘူး” လို့ မန္တလေးမြို့ခံ တစ်ယောက်က ပြောပါတယ်။ 

အဆိုပါ ငလျင်နဲ့ စစ်ကိုင်းငလျင်ကြီးရဲ့ နောက်ဆက်တွဲငလျင်တွေကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ လျော့နည်းစေဖို့အတွက် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန် တွေနဲ့အညီ နေထိုင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဇူလိုင်လ ၂၇ ရက် မနေ့က နေ့လယ် ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်မှာလည်း မန္တလေးတိုင်း၊ စဉ့်ကူးမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၄.၅ အဆင့် အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

စင်ပေါ်တွင် ညစ်ညမ်းစကားပြောဆိုသူအပါ ၁၃ယောက် အုပ်စုနှင့် ပွဲစီစဥ်သူ ၃ ယောက်ကို အရေးယူထားကြောင်း စစ်ကော်မရှင် ထုတ်ပြန်

နိုဝင်ဘာလအစက ရန်ကုန်မြို့ Overflow Music Festival ဖျော်ဖြေပွဲမှာ စင်ပေါ်ကနေ လိင်ကိစ္စ ညစ်ညမ်းစကားတွေပြောပြီး ကွန်ဒုံးတွေ ကြဲချခဲ့တဲ့ အဆိုတော် Wink အပါအဝင် အမျိုးသား ၁၃ ယောက်နဲ့ ပွဲစီစဥ်သူ ၃ယောက်ကို ဖမ်းဆီးအရေးယူထားကြောင်း အာဏာသိမ်းစစ်ကော်မရှင်ရဲ့ ရဲတပ်ဖွဲ့က မနေ့က နိုဝင်ဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

မွန်တော်လှန်ရေးတပ်များ ပါဝင်သည့် ရာမညပူးတွဲစစ်ကြောင်း ရုတ်သိမ်းထား

မွန်လက်ကိုင်တော်လှန်ရေး ၄ဖွဲ့ပူးပေါင်းပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်သွားမယ်လို့ ကြေညာခဲ့တဲ့ ရာမညပူးတွဲစစ်ကြောင်းဟာ ၄လ သက်တမ်းကုန်ပြီးတဲ့နောက် ပူးတွဲစစ်ကြောင်းကို ခေတ္တ ရုတ်သိမ်းထားတယ်လို့ မွန်တော်လှန်ရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။ 
Read More

နွားထိုးကြီးတွင် သီတာယုမွန်ဦးဆောင်သည့် စစ်ကြောင်းက စစ်ရှောင်မိသားစုဝင် ၅ယောက်ကို လက်ပြန်ကြိုးတုပ်၊ ပါးစပ်အဝတ်ဆို့ သတ်ခဲ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ ပျူစောထီး သီတာယုမွန် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကြောင်းက မြို့အနောက်ဘက်ခြမ်း သူစိုးကျေးရွာကို ဝင်ရောက်ရင်း စစ်ရှောင်မိသားစုဝင် ၅ယောက်ကို ရက်ရက်စက်စက် ကြိုးတုပ် သတ်ဖြတ်ထားခဲ့တယ်လို့ ဒေသခံတွေက မောင်းကိုပြောပါတယ်။
Read More

ပခုက္ကူတပ်မ ၁၀၁ ကို လက်နက်ကြီး ပစ်ခတ်မှုအတွင်း တော်လှန်ရေးရဲဘော်များ ပိတ်ဆို့တိုက်ခိုက်ခံရပြီး ၁ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တပ်မ ၁၀၁ ကို ၆၀ မမ လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ချိန် စစ်ကောင်စီတပ်ရဲ့ မြေပြင်ဝေဟင်ပိတ်ဆို့ခံရပြီး ‌ရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Burma Revolution Rangers အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဆည်တော်ကြီး ဓာတ်အားပေးစက်ရုံကို အကြမ်းဖက်စစ်တပ် Y 12 လေယာဥ်၊ အသေခံဒရုန်းများနှင့် အကြောင်းမဲ့ တိုက်ခိုက်ခဲ့

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီး ဓာတ်အားပေးစက်ရုံကို အကြမ်းဖက် စစ်ကောင်မရှင်က Y 12 လေယာဥ်၊ ကာမီကာဇေဒရုန်းတွေကို အသုံးပြုပြီး အကြောင်းမဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင် အပါအဝင် စစ်ဗိုလ်ချုပ်တွေ၊ စစ်တပ်နဲ့ ပတ်သက်တဲ့ လူပုဂ္ဂိုလ် ၁၀၆ ဦးနှင့် အဖွဲ့အစည်း ၂၂ ခုကို EU ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု ထပ်မံသက်တမ်းတိုး

အကြမ်းဖက်သတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီနဲ့ ပတ်သက်ဆက်စပ်သူ ၁၀၆ ယောက်နဲ့ အဖွဲ့အစည်း ၂၂ ခုကို ဒဏ်ခတ်ပိတ်ဆို့ထားတာတွေ သက်တမ်းတိုးကြောင်း ဥရောပသမဂ္ဂ EU က ထုတ်ပြန်ပါတယ်။