ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ပြုလုပ်ခဲ့တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိသားစုဝင် ဆိုပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ တူတော်စပ်သူ ရဲအောင်သန်းဆိုသူ တက်ရောက်ခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း(ခ) ကင်မ်အဲရစ်က လူမှုကွန်ရက်ကတဆင့် မနေ့က တရားဝင် ကန့်ကွက်ထားပါတယ်။

“အာဇာနည်ဗိမာန်မှာ — ဖိုးဖိုးနဲ့ သူနဲ့အတူ သေဆုံးခဲ့သူတွေကို ဂုဏ်ပြုပြီး အမှတ်တရထားတဲ့ ဂုဏ်သိက္ခာရှိတဲ့နေရာမှာ— မေမေ့ရဲ့ ဘယ်လိုမှနီးစပ်ခြင်း မရှိတဲ့ ဖိုးဖိုးအစ်ကိုရဲ့မြေး ရဲအောင်သန်းက ဖိုးဖိုးရဲ့ အုတ်ဂူရှေ့မှာ အရိုအသေပြုနေတာ မြင်ရပါတယ်။ တခါမှ မတွေ့ဖူးတဲ့ လုပ်ရပ်ပါပဲ။ မသိသူများအတွက် ပြောရရင်၊ ဒီမိသားစုဟာ ဖိုးဖိုးရဲ့ အမွေအနှစ်ကို မထိန်းသိမ်းသလို မေမေ ဒေါ်အောင်ဆန်းစုကြည်နဲ့လဲ နီးစပ်ခြင်း မရှိခဲ့ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်းက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

SEPT 2023 – LONDON ; Kim Arts , son of Aung SanSuu Kyi- talking about how he fears his mum could die in prison.
( Photography by Graeme Robertson / The Guardian )

ဒေါ်အောင်ဆန်းစုကြည် အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားချုပ်နှောင်ခံနေရချိန်မှာ စေတီတော်ခြေတော်ရင်းက ဂုဏ်သိက္ခာကြီးမားတဲ့ အာဇာနည်ဂူဗိမာန်မှာ သူတို့ကိုယ် သူတို့ ဖိုးဖိုးရဲ့ အမွေအနှစ်ကို စောင့်ထိန်းသူအဖြစ် ဟန်ဆောင်နေတာကို ကြည့်ရတာ စိတ်အနှောင့်အယှက်ဖြစ်စရာလို့လည်း ကိုထိန်လင်းက ထောက်ပြထားပါတယ်။

အာဇာနည်ဂူဗိမာန်ဟာ အာဇာနည်တွေကို ဂုဏ်ပြုအမှတ်တရထားတဲ့နေရာ ဖြစ်တာကြောင့် အာဇာနည်တွေကို တန်ဖိုးထားလေးစားမှုမရှိသူတွေရဲ့ နိုင်ငံရေးပြဇာတ်ခုံ မဖြစ်သင့်ဘူးလို့လည်း ကိုထိန်လင်းက ပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်တပ် လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ စစ်ဘေးရှောင်ပြည်သူ ၅ ဦးအထိ ရှိလာ

ရခိုင်ပြည်နယ်ရှိ ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် သေဆုံးသူ စစ်ဘေးရှောင်ပြည်သူ ၅ ယောက်အထိရှိလာပြီလို့ ဒေသခံတွေနဲ့ ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြမှုအရ သိရပါတယ်။
Read More

ရွေးကောက်ပွဲဝင်မယ့် ပါတီတချို့နဲ့ အပစ်ရပ်လက်နက်ကိုင်တချို့ ဖက်ဒရယ်စနစ်ဆွေးနွေးပွဲအတွက် အိန္ဒိယနိုင်ငံကို ရောက်ရှိနေဟု ဆို

စစ်ကာင်စီရဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတချို့နဲ့ အပစ်ရပ် လက်နက်ကိုင်အဖွဲ့တချို့ဟာ အိန္ဒိယနိုင်ငံကို လေ့လာရေးခရီးစဉ် တစ်ခု သွားရောက်နေတယ်လို့ စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြပါတယ်။
Read More

သီပေါရောက် စစ်ရှောင်များကို တအာင်းအမျိုးသမီးအဖွဲ့အစည်း စားနပ်ရိက္ခာ ကူညီထောက်ပံ့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ဆွတ်လန်းကျေးရွာမှာ ရောက်ရှိနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်က လိုအပ်တဲ့ စားနပ်ရိက္ခာတွေ သွားရောက် ကူညီထောက်ပံ့ပေးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်းကိစ္စကို အောက်ခြေမှာ ဥပဒေကျော်လွန် လုပ်ဆောင်မှုများ ရှိနေသည်ဟု အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်း ဝန်ခံ

အောက်ခြေမှာ ဥပဒေကို ကျော်လွန်ပြီး စစ်မှုထမ်းဆင့်ခေါ်မှုတွေရှိနေလို့  ပြဿနာအမြောက်အမြားကို ဖြေရှင်းနေရတယ်လို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။ 
Read More

သံတောင်ကြီးရှိ စစ်ကောင်စီ တိုက်ခိုက်ရေးသင်တန်းကျောင်းကို ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်း၊ သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့က စစ်ကောင်စီရဲ့ ကြည်းတပ် တိုက်ခိုက်ရေး သင်တန်းကျောင်းကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar (BWM) က သတင်းထုတ်ပြန်ပါတယ်။
Read More

မင်းတုန်းမှာ စစ်ရှောင်ပြည်သူတွေကို PDF က ကျပ်သိန်း ၁၀၀ ကျော် ထောက်ပံ့ကူညီ

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ရွာသစ်ကျေးရွာက နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေအတွက် ကျပ်သိန်း ၁၂၀ ထောက်ပံ့ကူညီခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ် ၄ က ထုတ်ပြန်ထားပါတယ်။