ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားတို့ နယ်စပ်ဒေသမှာ အပြန်အလှန် စွပ်စွဲမှုတွေနဲ့ နှစ်ဖက်စစ်တပ်တွေ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေဆဲဖြစ်ပြီး ၄ ရက်မြောက် မနေ့က တိုက်ပွဲမှာ ထိုင်းစစ်တပ် ပစ်ခတ်မှုကြောင့် ကမ္ဘောဒီးယားစစ်ဗိုလ်ချုပ် ၁ ယောက် သေဆုံးခဲ့တယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။

ဇူလိုင်လ ၂၄ ရက်က စတင်ခဲ့တဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ တိုက်ပွဲဟာ ​ဒီနေ့ အချိန်အထိ ဆက်လက် ဖြစ်ပွားနေပြီး နှစ်နိုင်ငံအကြား စတင်ပစ်ခတ်မှုအပေါ် နှစ်ဖက်အပြန်အလှန် စွပ်စွဲနေကြဆဲဖြစ်ပါတယ်။

မနေ့က ပစ်ခတ်မှုတွေအတွင်း ထိုင်းစစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကြောင့် ကမ္ဘောဒီးယားစစ်တပ်ရဲ့ အမှတ် ၇ စစ်တိုင်း ဗိုလ်ချုပ် Doung Somneang သေဆုံးခဲ့ပါသေးတယ်။

ထိုင်းစစ်တပ်က နယ်စပ်ဒေသတိုက်ပွဲတွေအတွင်း ကျဆုံးခဲ့တဲ့ ကမ္ဘောဒီးယားစစ်သား ၁၂ ယောက်ရဲ့ ရုပ်အလောင်းတွေကို ထိုင်းစစ်တပ်က ကမ္ဘောဒီးယားနိုင်ငံဘက် ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး လူသားချင်းစာနာမှုကို အခြေခံကာ ပြန်လည်ပေးအပ်ခဲ့တာဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့အကြား ဖြစ်ပွားနေတဲ့ နယ်စပ်ပဋိပက္ခကို ဖြေရှင်းဖို့ ဇူလိုင် ၂၈ ရက် ဒီနေ့မှာ နှစ်နိုင်ငံခေါင်းဆောင်တွေ မလေးရှားနိုင်ငံမှာ တွေ့ဆုံဆွေးနွေးမယ်လို့ နှစ်ဘက်အစိုးရက ထုတ်ပြန်ထားပါတယ်။
အမေရိကန်သမ္မတ ထရမ့်က နှစ်နိုင်ငံဝန်ကြီးချုပ်တွေကို ဖုန်းခေါ်ဆိုကာ စေ့စပ်ညှိနှိုင်းပေးခဲ့ပြီး နှစ်ဖက်စလုံးက ငြိမ်းချမ်းရေးနဲ့ အပစ်ရပ်ရေး ဆွေးနွေးမယ်လို့ သဘောတူခဲ့ပေမယ့် မြေပြင်မှာ လက်တွေ့ ဖြစ်မလာသေးဘဲ ဒီနေ့အထိ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

(ဓာတ်ပုံ Khaosod Thailand)

0 Shares:
You May Also Like
Read More

5.18 ဂွမ်ဂျူးဒီမိုကရေစီတော်လှန်‌ရေး ၄၅ နှစ်မြောက် အောက်မေ့ဘွယ်အခမ်းအနားများကို NUG ကိုယ်စားလှယ်ရုံးနှင့် မြန်မာတော်လှန်လူငယ်များ တက်ရောက်…

တောင်ကိုရီးယားနိုင်ငံရဲ့ သမိုင်းဝင်နေ့ဖြစ်တဲ့ ၁၉၈၀ ခုနှစ် မေလ ၁၈ ရက်မှာ ဂွမ်ဂျူးမြို့ကနေ စတင်ကာ နိုင်ငံအနှံ့ ပျံ့နှံခဲ့တဲ့ ဒီမိုကရေစီတော်လှန်ရေးရဲ့ အောက်မေ့ဘွယ် အခမ်းအနားတွေကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးရဲ့ ဦးဆောင်မှုနဲ့ နွေဦးတော်လှန်ရေးအဖွဲ့အစည်းတွေက ရဲဘော်တွေ ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

တော်လှန်ရေးထောက်ပံ့တယ်ဆိုပြီး အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးထား

စစ်ကောင်စီဟာ အင်ဒိုနီးရှားလူငယ်တစ်ယောက်ကို တော်လှန်ရေးအဖွဲ့တွေ ထောက်ပံ့တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးထားတာကြောင့် အင်ဒိုနီးရှားအမတ်တွေအကြား စိုးရိမ်မှုမြင့်တက်ကာ သံတမန်ရေးအရ ချက်ချင်းအရေးယူဖို့ တောင်းဆိုထားကြပါတယ်။
Read More

အာဆီယံ အလှည့်ကျဥက္ကဋ္ဌရဲ့ တာဝန်တစ်ရပ်အ‌နေနဲ့ မြန်မာနဲ့ ဆက်လက်ထိတွေ့ဆက်ဆံသွားမယ်လို့ ဖိလစ်ပိုင်သမ္မတပြော …

လာမည့် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် ဖိလစ်ပိုင်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအကြပ်အတည်းအတွက် ငြိမ်းချမ်းပြီး ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်တခုကို ရှာဖွေနိုင်ရေး အားထုတ်မှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ပြောပါတယ်။ သမ္မတမားကို့စ်က မြန်မာ့အခြေအနေကို "အာဆီယံရဲ့ မပျောက်နိုင်သေးတဲ့ ဒဏ်ရာတရပ်" အဖြစ် ထောက်ပြပြောဆိုခဲ့ပြီး အာဆီယံအဖွဲ့အနေနဲ့ ဒီကိစ္စကို အနီးကပ် အာရုံစိုက်နေရမည်ဖြစ်ကြောင်း၊ အခြေခံချဉ်းကပ်မှုက ထိတွေ့ဆက်ဆံရေးသာ ဖြစ်သင့်ကြောင်း အလေးထားပြောကြားခဲ့တယ်လို့ မလေးရှားသတင်းဌာန Bernama က အောက်တိုဘာ ၃၀ ရက်မှာ ဖော်ပြပါတယ်။
Read More

မြန်မာ့ပဋိပက္ခတွင် အပစ်အခတ်ရပ်စဲပြီး စစ်ဒဏ်သင့်ဒေသများတွင် ငြိမ်းချမ်းရေးရရန် ပုပ်ရဟန်းမင်းကြီး တောင်းဆို

အာဏာသိမ်းပြီးနောက် ဖြစ်ပွားနေတဲ့ မြန်မာပြည်ရဲ့ လက်နက်ကိုင်ပဋိပက္ခတွေ အပစ်အခတ်ရပ်စဲသွားပြီး ကမ္ဘာပေါ်က စစ်ဒဏ်သင့်နေရာတွေမှာ ငြိမ်းချမ်းရေးရရှိဖို့ ပုပ်ရဟန်းမင်းကြီးက အောက်တိုဘာလ ၁၉ ရက်မှာ တိုက်တွန်းတောင်းဆိုလိုက်ကြောင်း Vatican News မှာ ဖော်ပြထားပါတယ်။
Read More

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂအထွေထွေညီလာခံ သဘာပတိဖြစ်သူနဲ့ တွေ့ဆုံခဲ့

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက (၇၉) ကြိမ်မြောက်ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိအဖြစ် ဆောင်ရွက်မယ့် Philemon Yang နဲ့ စက်တင်ဘာ ၁၆ ရက် မနေ့က တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

ပြင်သစ်သမ္မတမှ ဒေါ်အောင်ဆန်းစုကြည်ထံ ပုဂ္ဂိုလ်ရေးစာ ပေးပို့ပြီး ကျန်းမာရေးအတွက် စိုးရိမ်ကြောင်းပြော၊ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ကျဥ်းအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆို

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံး လွတ်မြောက်ရေးအတွက် အမြဲတောင်းဆို အားပေးနေတဲ့ ပြင်သစ်သမ္မတ၊ ပြင်သစ်အစိုးရနဲ့ ပြင်သစ်ပြည်သူတွေကို ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်းလင်းက ပြောပါတယ်။