တောင်ကိုရီးယားမှာ စစ်ရှောင်ကူ ရန်ပုံငွေတေးဂီတဖျော်ဖြေပွဲကို LGBTQ+ တို့နဲ့အတူ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး စုစုပေါင်း ရန်ပုံငွေ (27,936,000 Won) ၊ မြန်မာငွေ ကျပ်သိန်း၉၀၀ နီးပါး ရရှိခဲ့တယ်လို့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) ထံက သိရပါတယ်။

အဆိုပါ ရန်ပုံငွေပွဲကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့မှာ ကျင်းပခဲ့တာဖြစ်ပြီး ရန်ပုံငွေဖျော်ဖြေပွဲကနေ ရရှိလာတဲ့ ငွေတွေကို စစ်ဘေးရှောင်ပြည်သူတွေရဲ့ စားဝတ်နေရေး ၊ ကျန်းမာရေးနဲ့ ပညာရေးအတွက် တစ်ကျပ်တစ်ပြားမျှ အလေအလွင့်မဖြစ်စေဘဲ ထိထိရောက်ရောက် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

“ဒီပွဲကို လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ စစ်အာဏာရှင်စနစ်နဲ့အတူ မြန်မာပြည်မှာ အမြစ်တွယ်နေတဲ့ အကျင့်ဆိုးတွေ ပြီးတော့ လူ့အဖွဲ့အစည်းမှာ တစ်ဦးနဲ့တစ်ဦး ပြစ်တင်ရှုတ်ချတာတွေကိုလည်း တပါတည်း တိုက်ဖျက်တဲ့အနေနဲ့ပါ။ ပြီးတော့ LGBT အသိုင်းအဝိုင်းကို လှောင်ပြောင်နေတာတွေကို လုံးဝလက်မခံပါဘူး။ LGBT ဆိုတာ လိင်စိတ် ခံယူမှု တစ်ခုပဲရှိတယ် ကျန်တာ ဘယ်ကိစ္စမဆို လူ့တန်ဖိုးနဲ့အညီ ပူးပေါင်းဆောင်ရွက်နိုင်တတယ်ဆိုတာကို ပြသချင်တာ။ ပြီးတော့ စစ်ဘေးရှောင်တွေကို ကူချင်တာပါ” လို့ MFDMC ရဲ့ အတွင်းရေးမှူး ကိုလင်းအိမ်က မောင်းကို ပြောပါတယ်။

ရန်ပုံငွေ စာရင်းရှင်းတမ်းတွေကိုလည်း BPLS_Korea ၊ Against The Fear (ကြောက်ခေတ်ကိုမှောက်ပစ်အဖွဲ့)၊ ဆန်အလှူဆေးအကူခရီး Page တို့ကနေ ဆက်လက်တင်ပြသွားမယ်လို့ သိရပါတယ်။

ကျင်းပပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲဟာ ရန်ပုံငွေရှာဖွေခြင်းဆိုတာထက် စစ်အာဏာရှင်စနစ်ဆိုးကြောင့် ဘေးဒုက္ခအမျိုးမျိုးကျရောက်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးစတဲ့ ကဏ္ဍအသီးသီးမှာ အခက်အခဲများစွာ ကြုံတွေ့နေရတာတွေကို LGBTQ+ တို့ရဲ့ ပါဝင်မှုအင်အားတို့နဲ့ တဖက်တလမ်းကနေ အထောက်အကူပြုနိုင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

ဒါ့အပြင် လူ့အခွင့်အရေး၊ LGBTQ+ အခွင့်အရေး၊ တန်းတူညီမျှမှုနဲ့ လွတ်လပ်မှုအတွက် ဆက်လက် တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးစိတ်ဓာတ်တွေကို ဂုဏ်ပြုရင်း လူမှုအသိုင်းအဝိုင်းတစ်ခုလုံးရဲ့ စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ဖို့ ရည်ရွယ်ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မြစ်ဆုံစီမံကိန်းအား တမံဒီဇိုင်းပြောင်းကာ မဂ္ဂါဝပ်လျှော့ချပြီး ပြန်စမည်ဟု အကြမ်းဖက် ဒုခေါင်းဆောင် စိုးဝင်း ပြော 

ဆယ်နှစ်ကျော်ကြာ ရပ်နားထားတဲ့ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို တမံဒီဇိုင်းနဲ့ အမျိုးအစား ပြောင်းလဲပြီး မဂ္ဂါဝပ်လျှော့ချကာ ပြန်လည်စတင်ဖို့ရှိတယ်လို့ အကြမ်းဖက် ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းက ပြောလိုက်ပါတယ်။ စီမံကိန်း ပြန်စနိုင်ဖို့ တရုတ်နဲ့ ဆွေးနွေးခဲ့ပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။
Read More

မိုးကုတ်မြို့ကို စစ်တပ် ပေါင် ၅၀၀ ဗုံး ကြဲချလို့ ပြည်သူ (၈) ဦး သေဆုံး၊ (၇) ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းမှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၈) ယောက် သေဆုံးပြီး (၇) ယောက် ဗုံးစထိမှန် ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးမှာ စစ်တပ်၏ စစ်ကူစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃၀ ထက်မနည်း သေဆုံး၊  တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာအနီးကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို  ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်က ၃၀ ထက်မနည်းသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့  ဒူရက စစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

မိုးဗြဲမှာ စစ်မှုထမ်းဆင်း စစ်သား ၅ ယောက် လက်နက်နဲ့တကွ KNDF ဆီ အလင်းဝင်

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်သား ၅ ယောက် လက်နက်နဲ့အတူ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) မိုးဗြဲဇုန်ဆီ အလင်းဝင် ခိုလှုံလာတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

စဉ့်ကူးမြို့နယ်အတွင်းရှိ အများပြည်သူသုံးလမ်း ၁ လမ်းအား ပြင်ဦးလွင်ခရိုင် ပကဖ ပြုပြင်ထိန်းသိမ်းပေးခဲ့… (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင်းရှိ အများပြည်သူသုံးလမ်း ၁ လမ်း ကို အမျိုးသားညီညွတ်​ရေးအစိုးရ၊ ကာကွယ်​ရေးဝန်ကြီးဌာန၊ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်​ရေးအဖွဲ့ဝင်တွေက ​အောက်တိုဘာလအတွင်း ပြုပြင်ထိန်းသိမ်းပေးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ပကဖ အဖွဲ့ဝင်​တွေအ​နေနဲ့ အကြမ်းဖက်စစ်တပ် ကို​ ချေမှုန်းတိုက်ခိုက်​နေတာသာမက လူထုအကျိုးပြုလုပ်ငန်းတွေကိုလည်း အဓိက တာဝန်တစ်ရပ်အဖြစ် ထမ်း​ဆောင်နေတယ်လို့ သိရပါတယ်။
Read More

KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ ကူဆိပ်စခန်းက စစ်သားတွေ မထောစခန်းရောက်ရှိနေပြီး တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ…

ကရင်ပြည်နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ မထောစခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်နေရာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။