ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲမြို့နယ်၊ ပန်ပေါင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့  လာရောက်ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။

မနေ့က ဇူလိုင်လ ၂၇ ရက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ပြည်သူလူထုကို ဦးတည်ပြီး ဒရုန်း (၃) စီးနဲ့ ဗုံး (၃) လုံး ရည်ရွယ်ချက်ရှိရှိ လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ (၂၆) ရက်ကလည်း မိုးကုတ်မြို့အရှေ့ပိုင်း၊ ရွှေလိပ်ပြာဟိုတယ်ကို စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂) လုံးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် သေဆုံးခဲ့ပြီး အမျိုးသား (၃) ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဟိုတယ်အဆောက်အဦးတချို့ ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်အောင် စစ်ရေးသတိ အမြဲရှိဖို့ လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်ကြောင်း TNLA က အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဟားခါးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ရဲ ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

ချင်းပြည်နယ်၊ မြို့တော် ဟားခါးရှိ စစ်ကောင်စီလက်အောက်ခံ ရဲ ၁ ယောက်က လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ချောင်းဦးမြို့နယ်ကို စစ်အုပ်စု Gyrocopter ၂ စီးဖြင့် ဗုံးကြဲ၊ ပြည်သူ ၂ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ကို အကြမ်းဖက်စစ်တပ်က Gyrocopter ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ယောက် သေဆုံးပြီး ၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ နယ်မြေခံတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

ရခိုင်တိုက်ပွဲတွေမှာ ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်က ဗိုလ်မှူးကြီး ၁ ယောက် သေပြီး ဗိုလ်မှူးချုပ် ၃ ယောက်ကို AA အရှင်ဖမ်းမိ

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့အကြား ဒီဇင်ဘာလအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ဗိုလ်မှူးချုပ် ၃ ယောက်ကို AA အရှင်ဖမ်းဆီးရမိပြီး ဗိုလ်မှူးကြီးအဆင့် တပ်မမှူး ၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

သာဂရမြို့ဟောင်းက မြို့ရိုးတွေ ဖြိုချနေမှုမှာ ဗထူးတပ်မတော် ပါဝင်ပတ်သက်နေတယ်လို့ ပြောဆိုမှုတွေရှိနေ၊ စွပ်စွဲမှုတွေအပေါ် ဗထူးတပ်မတော် ငြင်းဆို

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်က နှစ် တစ်ထောင် သက်တမ်းရှိ ထားဝယ်ရှေးဟောင်းအမွေအနှစ် သာဂရမြို့ဟောင်း၊ မြို့ရိုးတွေကို စက်ယန္တရားသုံးဖြိုချနေတဲ့ အပေါ် ဝေဖန်ပြောဆိုမှုတွေ မြင့်တက်နေပါတယ်။
Read More

AA အပစ်ရပ်ထားစဉ် ရခိုင်၊ ပဲခူးနှင့် ဧရာ၀တီတိုင်းက AA တပ်ဖွဲ့ဝင်များရှိရာကို စစ်ကောင်စီ နေ့စဉ်တိုက်ခိုက်နေ၊ အပစ်ရပ်မတိုင်မီ ညောင်ကျိုးဗျူဟာစခန်းကို AA သိမ်းပိုက်နိုင်ခဲ့

အာရက္ခတပ်တော် AA အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့က တစ်လတာ အပစ်အခတ်ရပ်နားထားစဉ် အာဏာသိမ်းစစ်ကောင်စီက တစ်ဖက်သတ်ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေကြောင်း AA က အသိပေးထုတ်ပြန်ပါတယ်။
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲမှ အကြမ်းဖက်စစ်တပ် ထွက်ပြေးစဥ် ဝှက်ထားခဲ့သည့် လက်နက်ခဲယမ်းအချို့ကို ပြည်သူများ CDF-Mindat ထံ ၃ ကြိမ်မြောက် အပ်နှံ

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲကနေ အကြမ်းဖက်စစ်သားတွေ ဆုတ်ခွာထွက်ပြေးသွားစဉ် ဝှက်ထားခဲ့တဲ့ လက်နက် ၃ လက်နဲ့ ခဲယမ်းတွေကို ဒေသခံပြည်သူတွေက လာရောက်အပ်နှံခဲ့တယ်လို့ Chin Defence Force - Mindat က ဒီနေ့ ထုတ်ပြန်ပါတယ်။