အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်းနဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်တွေကို နှစ်နိုင်ငံအပစ်ရပ်ဖို့ ဖုန်းခေါ်ပြီး ပြောဆိုခဲ့ရာ အပစ်ရပ်ဖို့ သဘောတူညီမှုရရှိပြီဖြစ်ကြောင်း နိုင်ငံတကာသတင်းတွေက ဆိုပါတယ်။

ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်စဲဖို့ ကြားဝင်ညှိနှိုင်းပေးနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောကြားထားပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ်၊ ထိုင်းဝန်ကြီးချုပ်တို့နဲ့ ဆွေးနွေးခဲ့ပြီးနောက် ချက်ချင်းတွေ့ဆုံကာ ဆွေးနွေးဖို့နဲ့ ငြိမ်းချမ်းရေးရယူဖို့ နှစ်နိုင်ငံစလုံး သဘောတူခဲ့တယ်လို့ ထရမ့်က ပြောပါတယ်။

အမေရိကန်ဟာ အဆိုပါနှစ်နိုင်ငံစလုံးနဲ့ ကုန်သွယ်ရေးသဘောတူညီချက်တွေ လုပ်ဆောင်ဖို့ ကြိုးပမ်းနေပေမယ့် တိုက်ပွဲတွေ ဆက်ဖြစ်နေရင် သဘောတူညီချက်တွေ ရှိမှာမဟုတ်ဘဲ ငြိမ်းချမ်းရေးရတဲ့အခါ နှစ်နိုင်ငံနဲ့ ကုန်သွယ်ရေးသဘောတူညီချက်တွေ ချုပ်ဆိုနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ထရမ့်က ပြောပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲတွေကြောင့် ထိုင်းဘက်ကအယောက် ၂၀ သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ကမ္ဘောဒီးယားဘက်ကလည်း ၁၃ ယောက်သေဆုံးကာ ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပြီး နှစ်နိုင်ငံစလုံးမှာ လူပေါင်း တစ်သိန်းကျော် စစ်ဘေးရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ နယ်စပ်မှာ တိုက်ပွဲဖြစ်တာ လေးရက်မြောက်ပြီဖြစ်တဲ့ ဇူလိုင် ၂၇ ရက် ဒီနေ့မနက်ပိုင်းမှာ ကမ္ဘောဒီးယားက ထိုင်းဘက်မှာရှိတဲ့ လူနေအိမ်ရှိတဲ့နေရာတွေကို လက်နက်ကြီး စတင်ပစ်ခတ်ခဲ့ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

၂၀၁၁ ခုနှစ်မှာ အဖွဲ့ဝင်ဖြစ်ဖို့ လျှောက်ထားခဲ့သည့် အရှေ့တီမောနိုင်ငံ အာဆီအဖွဲ့ဝင် ဖြစ်လာမှုကို ကြိုဆိုကြောင်း NUG ထုတ်ပြန် 

အရှေ့တီမောနိုင်ငံလို့ အများက သိတဲ့ တီမောလက်စ်တေနိုင်ငံ အာဆီအဖွဲ့ဝင်နိုင်ငံ ၁၁ နိုင်ငံမြောက် ဖြစ်လာတာကို ကြိုဆိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မနေ့က ထုတ်ပြန်ပါတယ်။ 
Read More

စစ်ကောင်စီအဖွဲ့ဝင် ၁၃ ဦးနှင့် အဖွဲ့အစည်း သုံးခုကို ကနေဒါက ပိတ်ဆို့အရေးယူ

အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်ထဲက စစ်ဗိုလ်ချုပ်တွေအပါအဝင် လူပုဂ္ဂိုလ် ၁၃ ဦးနဲ့ အဖွဲ့အစည်း သုံးခုကို ကနေဒါအစိုးရက ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်တယ်လို့ ကြေညာပါတယ်။
Read More

ရခိုင်မှာ စာနာမှုစင်္ကြံတည်ဆောက်ရန် ဆွေးနွေးမှုများတွင် ကုလမပါဝင်သေးဘူးဟု ဆို

ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံတည်ဆောက်ဖို့ ဆွေးနွေးမှုတွေအတွင်း ကုလသမဂ္ဂအနေနဲ့ ပါဝင်ခြင်း မရှိခဲ့သေးကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး (UNRC) Gwyn Lewis က ဇွန်လ ၄ ရက် ဒါကာမှာ ပြုလုပ်တဲ့ စကားဝိုင်းတစ်ခုမှာ ပြောပါတယ်။ 
Read More

ထိုင်းနိုင်ငံရှိ စက္ကူအိတ်ထုတ်စက်ရုံမှ အလုပ်ထုတ်ခံရသည့် အလုပ်သမားခေါင်းဆောင်များကို ကူညီ အမှုဖွင့် တိုင်ကြားပေးခဲ့

ထိုင်းနိုင်ငံ၊ နခွန်ပထုန်ခရိုင်ရှိ Earth Environmentai Protection Technology စက္ကူအိတ်ထုတ်စက်ရုံက အလုပ်ထုတ်ခံရတဲ့ အလုပ်သမားခေါင်းဆောင်တွေကို ကူညီပြီး အမှုဖွင့်တိုင်ကြားပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

မလေးရှားရောက် ချင်းဒုက္ခသည်များ UNHCR ကို ဆန္ဒပြ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြန်မာပြည်က ရေဘေးသင့်ပြည်သူတွေကို ကုလသမဂ္ဂနဲ့ အီးယူက ကူညီမည်ဟုဆို

ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) အနေနဲ့ မြန်မာပြည်က ရေဘေးသင့်ပြည်သူ ၅သိန်းခန့်ကို တစ်လတာ အရေးပေါ်စားနပ်ရိက္ခာတွေ ထောက်ပံ့သွားမယ်လို့ သိရပါတယ်။