တနင်္သာရီတိုင်း၊ ကလိန်အောင်မြို့၊ ထားဝယ်ခီးကျေးရွာအုပ်စုအတွင်းရှိ ကလိန်အောင်စစ်ကောင်စီ ခလရ (၂၈၂) တပ်ရင်းဧရိယာ ဓာတ်ငွေ့ပိုက်လိုင်း အနီး အမျိုးသား အလောင်းတစ်လောင်းကို ဇူလိုင်လ (၂၂) ရက်မှာ ဒေသခံတွေ တွေ့ရှိခဲ့ကြောင်း KNU က ထုတ်ပြန်ထားပါတယ်။

အလောင်းတွေ့ရှိတဲ့နေရာဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ(၂၈၂) တပ်ရင်း နောက်တန်းဌာနချုပ်နဲ့ မီတာ ၂၀၀၀ ခန့်သာ ဝေးတဲ့ တပ်ရင်းတာဝန်ယူထားရာ လုံခြုံရေးနေရာဖြစ်ပြီး ဖြစ်စဉ်မတိုင်ခင် ၂ ရက်ခန့်က အလောင်းတွေ့ရှိတဲ့နေရာနဲ့ မီတာ ၅၀၀ ခန့်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ အခြေပြု လှုပ်ရှားနေခဲ့တယ်လို့ ဆိုပါတယ်။

ဒါဟာ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက အပြစ်မဲ့ ပြည်သူတစ်ယောက်ကို အတင်းအဓမ္မစစ်ဆေးပြီး လူမဆန်စွာ သတ်ဖြတ်ခဲ့တာသာ ဖြစ်‌တယ်လို့လည်း KNU က ထုတ်ပြန်ထားပါတယ်။

ဒေသခံများ တွေ့ရှိသည့် အမျိုးသားအလောင်းနှင့် တွေ့ရှိသည့်နေရာပြ မြေပုံ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

ကရင်နီမှာ စစ်မှုထမ်းသင်တန်း တက်ခဲ့ရသည့် စစ်သားသစ် ၂ ယောက် အလင်းဝင်…

ကရင်နီပြည်နယ်မှာ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်နဲ့ ပဲခူးတိုင်း၊ သုံးဆယ်မြို့ တို့ကနေ စစ်မှုထမ်းသင်တန်း တက်ခဲ့ရတဲ့ စစ်သားသစ် ၂ ယောက် အလင်းဝင်ရောက်လာတယ်လို့ Karenni Army BA-5 ဆီက သိရပါတယ်။
Read More

သာယာဝတီမှာ ပျူစောထီးတွေကို ပြည်သူ့စစ်ဆိုပြီး ဝတ်စုံတွေ ထုတ်ပေးကာ လုံခြုံရေးယူခိုင်းနေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်ထဲက မြို့နယ်တွေမှာ ပြည်သူ့စစ်အမည်ခံတဲ့ လက်နက်ကိုင်ပျူစောထီးတွေကို စစ်ကောင်စီက ဝတ်စုံတွေထုတ်ပေးကာ လုံခြုံရေးယူခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
Read More

အရာတော်မှာ နယ်မြေစိုးမိုးရေး ကင်းလှည့်သည့် စစ်အုပ်စု ခြုံခိုတိုက်ခံရ၊ ၅ ဦးသေပြီး ၃ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ နယ်မြေစိုးမိုးရေးအတွက် ကင်းလှည့်လာတဲ့ ပျူစောထီးနဲ့ စစ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ယောက် သေဆုံးကာ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း အမှတ်-၁၉၊  ရောင်နီဦးတပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ခလရ -၂၅၅ တပ်ရင်းက ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားသစ် ၃ ယောက်ကို PDF စောင့်ရှောက်ထား

မကွေးတိုင်း၊ စလင်းမြို့နယ် ခလရ-၂၅၅ တပ်ရင်းက ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားသစ် ၃ ယောက်ကို ထိန်းသိမ်း စောင့်ရှောက်ထားတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ် လွတ်မြောက်နယ်မြေမှာ ရွှေဝါရောင်တော်လှန်ရေး ၁၇နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားပြုလုပ်

ထိုင်း-မြန်မာနယ်စပ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ရွှေဝါရောင်တော်လှန်ရေး ၁၇ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို စက်တင်ဘာ ၁၈ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကနီ ပအဖ ညမထွက်ရအမိန့် ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကနီမြို့မှာ လုံခြုံရေးအားနည်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ညမထွက်ရ အမိန့်ကို ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) က ထုတ်ပြန်ကြေညာလိုက်ပါတယ်။