ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မောက်မယ်မြို့နယ်က PNLA ဌာနချုပ် ဧရိယာနဲ့ နောင်ထောင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့ PNLA က သတင်းထုတ်ပြန်ထားပါတယ်။

မနေ့က ဇူလိုင်လ ၂၆ ရက် ညနေ ၃ နာရီခန့်မှာ စစ်ကောင်စီတပ်က PNLO/PNLA ဌာနချုပ်ဧရိယာနဲ့ နောင်ထောင် ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ ၂ စီးနဲ့ ပေါင် ၅၀၀ ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ဘာတိုက်ပွဲ ဘာစစ်ရေးလှုပ်ရှားမှုမှ မရှိဘဲနဲ့ တဖက်သက်နဲ့ ပြည်သူလူထုနေအိမ်တွေကို ကျနော်တို့ ဌာနချုပ်ဧရိယာကို ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်သွားပါတယ်။ အဲဒီမှာ လူထိခိုက်မှုတော့ မရှိပါဘူး။ ဒါက လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းတောင်မရှိတဲ့ ပြည်သူလူထုကို တိုက်လေယာဉ် အသုံးပြုပြီးတော့ တိုက်ခိုက်တယ်ဆိုတာက တော်တော်ကြီး အောက်တန်းကျယုတ်မာတဲ့လုပ်ရပ်ကို လုပ်တယ်လို့ပဲ ပြောချင်ပါတယ်” လို့ PNLA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ခွန်းရိန်းယံက မောင်းကို ပြောပါတယ်။

ဒါ့အပြင် လွယ်ချယ်လမ်းခွဲအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ စစ်ကောင်စီဘက်အောက်ခံ PNO ပြည်သူ့စစ်တပ်ဖွဲ့တွေကို စစ်ကောင်စီတပ်တွေကပဲ ဗုံးတလုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ဗုံးတစ်လုံးကလည်း သူတို့လူ သူတို့ ပြန်မှားကြဲသွားတယ် သိရတယ်။ စစ်ကောင်စီရဲ့ ဒီလုပ်ရပ်က ဘာကို ပြနေတာလဲဆိုတော့ ပြည်သူလူထုဆိုတာ မရှိဘူး။ စစ်အာဏာရှင်စနစ်အောက်မှာ ကျွန်ခံရင် ကျွန်ခံ၊ ကျွန်မခံဘူးဆိုရင် ရန်သူပဲ ဆိုတဲ့ ပုံစံကို သူတို့က လုပ်နေတဲ့ ပုံစံဖြစ်ပါတယ်” လို့ ခွန်းရိန်းယံက ဆိုပါတယ်။

ယခင်ကလည်း စစ်ကောင်စီတပ်တွေဟာ PNLO ဌာနချုပ်ဧရိယာနဲ့ ဧရိယာအတွင်းက ကျေးရွာတွေကို သုံးကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြည်သူနေအိမ်တွေနဲ့ ပြည်သူ့ဆေးပေးခန်းတွေ ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ဟားခါးမြို့မရဲစခန်းအတွင်း ဝင်ရောက်ခဲ့သည့် CDF-Hakha နှင့် CNA အကျဥ်းသားများ ကယ်ထုတ်ရေးမစ်ရှင် 

ချင်းပြည်နယ်၊ ဟားခါးမြို့မရဲစခန်းမှာ အကြမ်းဖက် စစ်ကော်မရှင် မတရား ဖမ်းဆီးချုပ်နှောင်ထားတဲ့ တော်လှန်ရေးရဲဘော်တွေကို သွားရောက်ကယ်ထုတ်နိုင်ခဲ့ကြောင်း Chinland Defense Force – Hakha က ဒီည ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲအတွင်း စစ်အုပ်စု ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် KNDO တပ်ပေါင်းစုမှ စစ်ကြောင်းမှူးကျဆုံး

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ထဲက တန်းရှင်းရွာမှာ စစ်ကော်မရှင်တပ်နဲ့ KNDO တပ်ပေါင်းစုတို့ ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ပစ်ခတ်ခဲ့လို့ စစ်ကြောင်းမှူးတစ်ယောက် ထိမှန်ကျဆုံးသွားတယ်လို့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူစုလူ​ဝေးမလုပ်ဖို့ မင်းတပ် ပအဖ သတိ​ပေး

မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေတဲ့ ချင်းပြည််နယ်၊ မင်းတပ်မြို့မှာ​ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့အတွက် ပွဲလမ်းသဘင်တွေ မပြုလုပ်ဖို့ ထုတ်ပြန်ထားတယ်လို့ မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းယောမန်က မောင်းကို ပြောပါတယ်။
Read More

ရေဦးကို ဝင်နေတဲ့ အကြမ်းဖက်စစ်ကြောင်းက ပြည်သူတွေကို သတ်ဖြတ်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ကျေးရွာတွေကို ကန့်ဘလူနယ်ထဲက အကြမ်းဖက်စစ်တပ်စစ်ကြောင်းတွေ နယ်မြေချဲ့ စစ်ကြောင်းထိုးလာတာဟာ ၅ရက်နီးပါးရှိနေပြီလို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

ညီနောင် ၃ ဖွဲ့ တစ်ဖက်သတ် အပစ်ရပ်ကာလ ၁ လ ထပ်မံ သက်တမ်းတိုး

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ​ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် MNDAA၊ တအာင်းတပ်မတော် TNLA နဲ့ ရက္ခိုင့်တပ်တော် AA တို့က တစ်ဖက်သတ် အပစ်ရပ်ကာလကို ၁ လ ထပ်မံသက်တမ်းတိုးကြောင်း ဒီနေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။
Read More

ရခိုင်စစ်ပွဲအတွင်းကနေ လက်နက်နဲ့အတူ ထွက်ပြေးလာတဲ့ စစ်သား ၃ ယောက်ထဲက ၂ ယောက်ကို အကြမ်းဖက်စစ်တပ် ပြန်ဖမ်းမိ

ရခိုင်ပြည်နယ် ဂွမြို့တိုက်ပွဲထဲကနေ သေနတ် ၂ လက်နဲ့အတူ ဧရာဝတီတိုင်းထဲ ထွက်ပြေးသွားတဲ့ စစ်သား ၃ ယောက်ထဲက ၂ ယောက်ကို အကြမ်းဖက်စစ်တပ်က ပြန်လည်ဖမ်းဆီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။