အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်းနဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်တွေကို နှစ်နိုင်ငံအပစ်ရပ်ဖို့ ဖုန်းခေါ်ပြီး ပြောဆိုခဲ့ရာ အပစ်ရပ်ဖို့ သဘောတူညီမှုရရှိပြီဖြစ်ကြောင်း နိုင်ငံတကာသတင်းတွေက ဆိုပါတယ်။

ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်စဲဖို့ ကြားဝင်ညှိနှိုင်းပေးနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောကြားထားပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ်၊ ထိုင်းဝန်ကြီးချုပ်တို့နဲ့ ဆွေးနွေးခဲ့ပြီးနောက် ချက်ချင်းတွေ့ဆုံကာ ဆွေးနွေးဖို့နဲ့ ငြိမ်းချမ်းရေးရယူဖို့ နှစ်နိုင်ငံစလုံး သဘောတူခဲ့တယ်လို့ ထရမ့်က ပြောပါတယ်။

အမေရိကန်ဟာ အဆိုပါနှစ်နိုင်ငံစလုံးနဲ့ ကုန်သွယ်ရေးသဘောတူညီချက်တွေ လုပ်ဆောင်ဖို့ ကြိုးပမ်းနေပေမယ့် တိုက်ပွဲတွေ ဆက်ဖြစ်နေရင် သဘောတူညီချက်တွေ ရှိမှာမဟုတ်ဘဲ ငြိမ်းချမ်းရေးရတဲ့အခါ နှစ်နိုင်ငံနဲ့ ကုန်သွယ်ရေးသဘောတူညီချက်တွေ ချုပ်ဆိုနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ထရမ့်က ပြောပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲတွေကြောင့် ထိုင်းဘက်ကအယောက် ၂၀ သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ကမ္ဘောဒီးယားဘက်ကလည်း ၁၃ ယောက်သေဆုံးကာ ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပြီး နှစ်နိုင်ငံစလုံးမှာ လူပေါင်း တစ်သိန်းကျော် စစ်ဘေးရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ နယ်စပ်မှာ တိုက်ပွဲဖြစ်တာ လေးရက်မြောက်ပြီဖြစ်တဲ့ ဇူလိုင် ၂၇ ရက် ဒီနေ့မနက်ပိုင်းမှာ ကမ္ဘောဒီးယားက ထိုင်းဘက်မှာရှိတဲ့ လူနေအိမ်ရှိတဲ့နေရာတွေကို လက်နက်ကြီး စတင်ပစ်ခတ်ခဲ့ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းအစိုးရက ရွေ့ပြောင်းမြန်မာအလုပ်သမားများအတွက် နေထိုင်လုပ်ကိုင်ခွင့်ကာလ ၆လ ထပ်တိုးဟုဆို

“အရင်ကတော့ ၈လပိုင်းထိ ယာယီသက်တမ်းတိုးပေးတယ်။ အခုက ၈လပိုင်းကျော်တော့ ထပ်ပြီး ယာယီ သက်တမ်းတိုးပေးတာပေါ့နော်။ အမှန်က အခုလက်ရှိ သက်တမ်းတောင် မကုန်သေးပါဘူး။ ရှေ့လဆိုရင် CI ထုတ်ပေးမယ့် စခန်းတွေ လာဖွင့်မယ်လို့ ကြေညာထားတယ်။ ဒါပေမယ့် လူသစ်တွေ အတွက်ပဲဖြစ်ပါမယ်။ အဲဒီစခန်းမှာ လူအဟောင်းတွေကို သက်တမ်းတိုးပေးမပေးကတော့ သေချာမသိရသေးပါဘူး။ ဒါပေမယ့် ထိုင်းဘက်ကနေတော့ သူတို့ မလုပ်ပေးလည်း နေထိုင်အလုပ်လုပ်ခွင့်ရအောင် ယာယီ လုပ်ထားပေးတဲ့ သဘောပေါ့ ” လို့ FED အလုပ်သမားရေးဌာနက ဦးမင်းဦးက မောင်းကို ပြောပါတယ်။
Read More

အမေရိကန် အာမခံကုမ္ပဏီ Chubb မြန်မာကနေ ထွက်ခွာတော့မည်

အမေရိကန်အခြေစိုက် ကမ္ဘာ့ထိပ်တန်းအာမခံလုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ Chubb Life Insurance အာမခံကုမ္ပဏီဟာ မြန်မာနိုင်ငံရှိ ၎င်းတို့ရဲ့ လုပ်ငန်းတွေကို အပြီးတိုင်ပိတ်သိမ်းပြီး ထွက်ခွာရန် စီစဉ်နေပြီလို့ သိရပါတယ်။ ၁၇၉၂ ခုနှစ်ကတည်းက နိုင်ငံပေါင်း ၅၄ နိုင်ငံမှာ ဝန်ထမ်းအင်အား သုံးသောင်းကျော်နဲ့ လည်ပတ်နေတဲ့ Chubb ဟာ ၂၀၁၉ ခုနှစ် ဧပြီလအတွင်းက မြန်မာနိုင်ငံမှာ အသက်အာမခံလုပ်ငန်း လုပ်ကိုင်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။
Read More

နယ်စပ်ကို အလုံးစုံထိန်းချုပ်ထားသည့် AA နှင့် ဆက်သွယ်ဆက်ဆံနေမှုအပေါ် စစ်ကောင်စီကန့်ကွက်ချက် ဘင်္ဂလားဒေ့ရှ် ပယ်ချ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်ခုလုံးကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော်-AA နှင့် ဆက်သွယ်ဆက်ဆံနေမှုအပေါ် ကန့်ကွက်သည့် စစ်ကောင်စီ၏ ကန့်ကွက်ချက်ကို ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေးအကြံပေး Khalilur Rahman က ပယ်ချလိုက်ပါတယ်။
Read More

အသတ်ခံရသည့် ဘီလာရုစ်မော်ဒယ် ထိုင်းကနေ အတင်းခေါ်သွားခံရခြင်းမဟုတ်၊ ထိုင်းရဲ့ လုပ်ပိုင်ခွင့်မဟုတ် ဟု ထိုင်းအာဏာပိုင် ပြောဆို

ဘန်ကောက်ကို အလုပ်ကိစ္စနဲ့ ရောက်လာတဲ့ ဘီလာရုစ်နိုင်ငံသူ မော်ဒယ်တယောက်ဟာ မြန်မာပြည်ကို အတင်းအကျပ် ခေါ်သွားခံခဲ့ရပြီး ငွေလိမ်ဂိုဏ်းတွေက သတ်ဖြတ်ကာ ကိုယ်အင်္ဂါတွေ မှောင်ခိုရောင်းချခံခဲ့ရတယ်ဆိုတဲ့ သတင်းဖော်ပြချက်တွေဟာ မဟုတ်မမှန်ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးဘက်က ငြင်းဆန်ထားပါတယ်။
Read More

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ နယ်စပ်မှာ လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပြီး တိုက်ပွဲဖြစ်ပွားနေ

ထိုင်း-ကမ္ဘောဒီးယား နှစ်ဖက်တပ်တွေဟာ ဇူလိုင်လ ၂၄ ရက်မနက်ပိုင်းမှာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လေကြောင်းနဲ့ လက်နက်ကြီးတွေပါ အသုံးပြုတိုက်ခိုက်နေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Read More

နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့ခံရသူများ စုစည်းရာ ရွေးကောက်ပွဲကော်မရှင်

အကြမ်းဖက်စစ်တပ်အလိုကျ အတုအယောင် ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကော်မရှင်ထဲက ၉ ယောက်ဟာ ဥရောပသမဂ္ဂနဲ့ ကနေဒါနိုင်ငံတို့ကနေ အရေးယူဒဏ်ခတ် ပိတ်ဆို့ထားသူတွေ ဖြစ်တယ်လို့ Justice For Myanmar (JFM) က ထုတ်ပြန်ပါတယ်။