PEOPLE’S LIBERATION FORCE ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲနဲ့ သစ္စာရေသောက်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂၂ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအခမ်းအနားကို တက်ရောက်ခဲ့တဲ့ မဟာမိတ်အဖွဲ့အသီးသီးက တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ရှိကြောင်းနဲ့ ခက်ခဲတဲ့ကာလမှာ အတူရပ်တည်ပြီး အားပေးထောက်ခံမှုတွေအတွက် ကျေးဇူးတင်ရှိကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့က ဆိုပါတယ်။

ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့က ရဲဘော်တွေဟာ ပြည်သူလူထုရဲ့ လုံခြုံရေးနဲ့ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် အသက်စွန့်ပြီး တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြုကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပြည်သူလူထုလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်လိုသူတွေနဲ့ စစ်ကောင်စီရဲ့ မတရားစစ်မှုထမ်းဥပ‌ဒေနဲ့ဖိနှိပ်မှုကနေ လွတ်မြောက်လိုသူတွေကိုလည်း ဆက်လက်ဖိတ်ခေါ်နေတာကြောင့် ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ရဲ့ Facebook page ( https://www.facebook.com/share/1Dxj2CnzNJ/ ) ကို ဆက်သွယ်ဖို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ ကြဲချတဲ့ ဗုံးသီးတွေ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲပြီး အိပ်ပျော်နေတဲ့ မိသားစုဝင် ၃ယောက် သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီက ၄ရက်မြောက်အဖြစ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား မိသားစုဝင် ၃ယောက် ထပ်မံသေဆုံးခဲ့ကြောင်း နွားထိုးကြီးမြို့နယ် ပကဖတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဘုရားသုံးဆူမှာ အသက် ၈နှစ်အရွယ် ကလေးအပါအဝင် မိသားစုလိုက် ၃လောင်းပြိုင် အသတ်ခံရ

ကရင်ပြည်နယ်၊ ကြာအင်းမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့က မိသားစုလိုက် ၃လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ကသာမြို့နယ် ညောင်ခြေထောက်ရွာ လေကြောင်းတိုက်ခိုက်ခံရပြီး ၁၀ နှစ် ကလေးငယ်အပါ ၅ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ညောင်ခြေထောက်ရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ၁၀ နှစ်အရွယ် ကလေးငယ်အပါအဝင် ၅ ယောက် သေဆုံးခဲ့ပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်၊ စစ်သား ၃ ဦး သေပြီး တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် သေဆုံးမှုရှိခဲ့တယ်လို့ Thunderbird People’s Defense Force - မိုးကြိုးငှက်အဖွဲ့ - စစ်ကိုင်းက အောက်တိုဘာ ၁၃ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

Chinland Defense Force – Kalay Kabaw Gangaw ၏ အပတ်စဉ် ( ၈ ) အခြေခံစစ်သင်တန်းဆင်းပွဲ…

Chinland Defense Force - Kalay Kabaw Gangaw (CDF - KKG) တပ်ရင်း (၃) က လေ့ကျင့်သင်ကြားပေးခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ( ၈ ) သင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ် ၂၈ ရက် မနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

နောင်ချို၊ ဂန့်ကော်ရွာတိုက်ပွဲအတွင်း စစ်တပ်က ဒရုန်းနဲ့ ကြဲချတိုက်ခိုက်လို့ ဘုန်းကြီးကျောင်း ပျက်စီး

TNLA ကထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် နောင်ချိုမြို့နယ်၊ ဂန့်ကော်ကျေးရွာက အရပ်သားပစ်မှတ်တွေကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ကြောင်း TNLA က အသိပေးထုတ်ပြန်ပါတယ်။