မကွေးတိုင်း၊ ပေါက်မြို့နယ် အရှေ့ဘက် စံဖဲကျေးရွာရှိ ဆေးခန်းကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင်လ ၂၆ ရက် နေ့လယ် ၃ နာရီခွဲကျော်လောက်မှာ မကွေးလေတပ်ကနေ တက်လာတဲ့ စစ်ကောင်စီ ဂျက်ဖိုက်တာတစ်စီးဟာ ထိတွေ့ပစ်ခတ်မှုမရှိဘဲ စံဖဲရွာဆေးခန်းကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ယောက် သေဆုံးကာ ၇ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“လေကြောင်းကနေ ၂ လုံး ကြဲချခဲ့တာ။ လေကြောင်းထိတာ ၉ ယောက်၊ တစ်ယောက်က နေရာတင် သေဆုံးတာ၊ စိုးရိမ်ရတဲ့ ၄ ဦးထဲက ရွာခံ ဦးအောင်ချင်းက ညနေမှာ ထပ်သေဆုံးတယ်။ နောက်ထပ် ၄ ယောက်က မစိုးရိမ်ရဘူး” လို့ ပေါက်ဒေသခံ တစ်ယောက်က မောင်းကို ပြောပါတယ်။

ထိခိုက်သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကတော့ စံဖဲရွာ၊ ဘေရွာ၊ သမာတောရွာ ဒေသခံတွေ ဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ စံဖဲရွာအရှေ့ဘက်မှာ ပိတ်မိနေတာ ၂ လဝန်းကျင် ရှိပြီဖြစ်တဲ့အတွက် လေကြောင်းကနေ ဘုန်းကြီးကျောင်း၊ ဆေးခန်းနဲ့ စာသင်ကျောင်းတွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီအင်အားက တစ်ထောင်ဝန်းကျင်လောက် ရှိတယ်။ ရှေ့တိုးမရဖြစ်နေတာ၊ အဲ့ရွာအရှေ့ဘက် ပိတ်ထားတာ ၂ လ ပြည့်တော့မယ်။ ရွာတွေကို အကြောင်းမဲ့ လေကြောင်းနဲ့ ကြဲချနေတာ၊ အဲ့မှာ ကာကွယ်ရေးတပ်ဖွဲ့တွေ ရှိနေလောက်တယ် ထင်ကြေးနဲ့ ဆေးဝးဖြတ်တောက်ဖို့ လေကြောင်းကြဲတာ” လို့ အထက်ပါ နယ်ခံက ဆက်ပြောပါတယ်။

ဇူလိုင်လ ၂၀ ရက်နေ့ကလည်း ပခုက္ကူတပ်မ (၁၀၁) ကနေ တက်လာတဲ့ စစ်ကောင်စီ စက်တပ်လေထီးဟာ ပေါက်နယ် အရှေ့ပိုင်းရှိ ရွာတစ်ရွာကို ဗုံးသီးတွေ ပစ်ချတိုက်ခိုက်ခဲ့ရာ ကျေးရွာ စာသင်ကျောင်းအနီး ကျရောက်ပေါက်ကွဲခဲ့ပါသေးတယ်။

“စစ်ကောင်စီအင်အားက တစ်ထောင်ဝန်းကျင်လောက်ရှိတယ်။ ရှေ့တိုးမရဖြစ်နေတာ အဲ့ရွာအရှေ့ဘက်ပိတ်ထားတာ ၂ လ ပြည့်တော့မယ် ၊ ရွာတွေကို အကြောင်းမဲ့လေကြောင်း နဲ့ ကြဲချနေတာ ၊ အဲ့မှာ ကာကွယ်ရေးတပ်ဖွဲ့တွေရှိနေလောက်တယ် ထင်ကြေး နဲ့ ဆေးဝါးဖြတ်တောက်ဖို့ လေကြောင်းကြဲတာ” လို့ အထက်ပါ နယ်ခံက ဆက်ပြောပါတယ်။

ဇူလိုင်လ ၂၀ ရက်နေ့ကလည်း ပခုက္ကူ တပ်မ (၁၀၁) ကနေတက်လာတဲ့ စစ်တပ်လေထီးဟာ ပေါက်နယ်အရှေ့ပိုင်းရှိကျေးရွာတစ်ရွာကိုဗုံးသီးများကြဲချတိုက်ခိုက်ခဲ့ရာကျေးရွာစာသင်ကျောင်းအနီးကျရောက်ပေါက်ကွဲသွားခဲ့ပါသေးတယ်။

စံဖဲကျေးရွာဆေးခန်းကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်ခဲ့ပုံ (ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

မွန်ပြည်သူတွေအားလုံး တော်လှန်ရေးမှာ ပါဝင်ကြဖို့ မွန်တော်လှန်ရေးအဖွဲ့များ တောင်းဆို

ဒီနေ့ ဖေဖော်ဝါရီလ ၁၃ ရက်မှာ ကျရောက်တဲ့ မွန်အမျိုးသားနေ့မှာ မွန်ပြည်သူတွေအားလုံး တော်လှန်ရေးထဲ အမျိုးသားရေးတာဝန်သိစိတ်နဲ့ ကိုယ်စီပါဝင်ကြဖို့  မွန်တော်လှန်ရေးအဖွဲ့တွေက အသီးသီးထုတ်ပြန်လာပါတယ်။
Read More

Airbus to Airstrike လှုပ်ရှားမှုကိုစတင်၊ မြေပြင်ရော အွန်လိုင်းကနေပါ လုပ်ဆောင်မှာဖြစ်လို့ ပြည်သူတစ်ရပ်လုံးပါ၀င်ပေးဖို့ တောင်းဆို

စစ်ကောင်စီကို ထောက်ပံ့ကူညီနေတဲ့ AVIC ကနေ Airbus ရဲ့ရင်းနှီးမြှုပ်နှံမှုတွေ ဖယ်ရှားဖို့ တော်လှန်ပြည်သူတွေပါ၀င်တဲ့ ဖိအားပေးတောင်းဆိုမယ့် လှုပ်ရှားမှု တစ်ရပ်ကို အောက်တိုဘာလ ၂၅ ရက်နေ့ကစတင်လိုက် ပြီဖြစ်ပါတယ်။
Read More

ULA/AA ၏ နိုင်ငံရေးမှူး ဦးဦးလှစော ကွယ်လွန်

၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/ ရက္ခိုင့်တပ်တော် AA ရဲ့ နိုင်ငံရေးမှူးအဖြစ် တာဝန်ယူထားတဲ့ ဦးဦးလှစောဟာ မနေ့က ညပိုင်းမှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။
Read More

ကျိုက်ထိုမှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေး(၁) ယောက်အပါ ဒေသခံ ၃ ယောက် ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေး(၁) ယောက်နဲ့ ဒေသခံ အမျိုးသမီး ၂ ယောက် ဒဏ်ရာရသွားတယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ချောက်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က ​CRA တော်လှန်ရေးတပ်ဖွဲ့ စခန်း၂ခုနဲ့ နေအိမ်တွေကိုမီးရှို့ဖျက်ဆီး ဆိပ်ဖြူမှာ စစ်တပ်အထိုင်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ချောက်နဲ့ ဆိပ်ဖြူမြို့နယ်တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေအကြား ထိတွေ့တိုက်ခိုက်တွေမှုဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိကြောင်း သိရပါတယ်။
Read More

မီးဖြတ်ခံရတာ ၁လနီးပါးရှိလာပြီဖြစ်တဲ့ ဖားကန့်မြို့…

ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်ထားတာ ၁လနီးပါးအထိ ကြာမြင့်လာတာကြောင့် နေရေးထိုင်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။