အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်းနဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်တွေကို နှစ်နိုင်ငံအပစ်ရပ်ဖို့ ဖုန်းခေါ်ပြီး ပြောဆိုခဲ့ရာ အပစ်ရပ်ဖို့ သဘောတူညီမှုရရှိပြီဖြစ်ကြောင်း နိုင်ငံတကာသတင်းတွေက ဆိုပါတယ်။

ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်စဲဖို့ ကြားဝင်ညှိနှိုင်းပေးနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောကြားထားပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ်၊ ထိုင်းဝန်ကြီးချုပ်တို့နဲ့ ဆွေးနွေးခဲ့ပြီးနောက် ချက်ချင်းတွေ့ဆုံကာ ဆွေးနွေးဖို့နဲ့ ငြိမ်းချမ်းရေးရယူဖို့ နှစ်နိုင်ငံစလုံး သဘောတူခဲ့တယ်လို့ ထရမ့်က ပြောပါတယ်။

အမေရိကန်ဟာ အဆိုပါနှစ်နိုင်ငံစလုံးနဲ့ ကုန်သွယ်ရေးသဘောတူညီချက်တွေ လုပ်ဆောင်ဖို့ ကြိုးပမ်းနေပေမယ့် တိုက်ပွဲတွေ ဆက်ဖြစ်နေရင် သဘောတူညီချက်တွေ ရှိမှာမဟုတ်ဘဲ ငြိမ်းချမ်းရေးရတဲ့အခါ နှစ်နိုင်ငံနဲ့ ကုန်သွယ်ရေးသဘောတူညီချက်တွေ ချုပ်ဆိုနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ထရမ့်က ပြောပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲတွေကြောင့် ထိုင်းဘက်ကအယောက် ၂၀ သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ကမ္ဘောဒီးယားဘက်ကလည်း ၁၃ ယောက်သေဆုံးကာ ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပြီး နှစ်နိုင်ငံစလုံးမှာ လူပေါင်း တစ်သိန်းကျော် စစ်ဘေးရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ နယ်စပ်မှာ တိုက်ပွဲဖြစ်တာ လေးရက်မြောက်ပြီဖြစ်တဲ့ ဇူလိုင် ၂၇ ရက် ဒီနေ့မနက်ပိုင်းမှာ ကမ္ဘောဒီးယားက ထိုင်းဘက်မှာရှိတဲ့ လူနေအိမ်ရှိတဲ့နေရာတွေကို လက်နက်ကြီး စတင်ပစ်ခတ်ခဲ့ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းရေပိုင်နက်အတွင်း ဝင်ရောက်လာသည့် မြန်မာငါးဖမ်းစက်လှေ ၂ စီးနှင့် လှေသား ၇ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းခရိုင်အနီး ထိုင်းရေပိုင်နက်ထဲကို ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ မြန်မာငါးဖမ်းစက်လှေ ၂ စီးနဲ့ လှေသား ၇ ယောက်ကို အာဏာပိုင်တွေက ဖမ်းဆီးအရေးယူထားကြောင်း ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။ 
Read More

ဗင်နီဇွဲလားနိုင်ငံဘက်က ထွက်ခွာလာတဲ့ ရုရှားအလံလွှင့် ရေနံတင်သင်္ဘောတစင်းကို အမေရိကန်ရေတပ် ဝင်ရောက်စီးနင်း

အမေရိကန်ရေတပ်က  ဗင်နီဇွဲလားနိုင်ငံဘက်က ထွက်ခွာလာတဲ့ ရေနံတင်သင်္ဘောတစင်းကို ဇန်နဝါရီ ၇ ရက်၊ ဒီကနေ့မနက်မှာ ဝင်ရောက်စီးနင်းလိုက်တယ်လို့ နိုင်ငံတကာသတင်းများမှာ ဖော်ပြနေပါတယ်။
Read More

သန္တာကျောက်တန်းများ ဝင်တိုက်ခဲ့သည့် မြန်မာစက်လှေကို ထိုင်းဘက်မှ ဘတ် ၁၂ သန်း လျော်ကြေးတောင်း

ထိုင်းနိုင်ငံ၊ ဆူရင်ကျွန်း အမျိုးသားဥယျာဉ်က သန္တာကျောက်တန်းတွေကို ဝင်တိုက်ခဲ့တဲ့ မြန်မာကုန်တင်စက်လှေ ပိုင်ရှင်ကို ထိုင်းဘက်က နစ်နာကြေးအဖြစ် ဘတ်ငွေ ၁၂ သန်း တောင်းခံထားကြောင်း Khaosod သတင်းမှာ ဖော်ပြထားပါတယ်။
Read More

နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့ခံရသူများ စုစည်းရာ ရွေးကောက်ပွဲကော်မရှင်

အကြမ်းဖက်စစ်တပ်အလိုကျ အတုအယောင် ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကော်မရှင်ထဲက ၉ ယောက်ဟာ ဥရောပသမဂ္ဂနဲ့ ကနေဒါနိုင်ငံတို့ကနေ အရေးယူဒဏ်ခတ် ပိတ်ဆို့ထားသူတွေ ဖြစ်တယ်လို့ Justice For Myanmar (JFM) က ထုတ်ပြန်ပါတယ်။
Read More

PTTEP အနေဖြင့် စစ်ကောင်စီနှင့် ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှုများကို ချက်ချင်းရပ်တန့်ဖို့ JFM တောင်းဆို

ထိုင်းနိုင်ငံ ရေနံကုမ္ပဏီ PTTEP အနေနဲ့ စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ ပတ်သက်နေမှုကို ချက်ချင်းရပ်တန့်ပေးဖို့ Justice For Myanmar (JFM) က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

အရုပ်ကောက်စက်ပိုင်ရှင်ကို အရုပ်ကောက်ပြခိုင်းရာ အရုပ်မရသည့်အတွက် လောင်းကစားဥပဒေဖြင့် အမှုဖွင့်အရေးယူ

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ချင်းမိုင်တက္ကသိုလ်ရှေ့က အရုပ်ကောက်ဆိုင်ကို ချင်းမိုင်မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ညွှန်ကြားချက်နဲ့ လောင်းကစားဆိုင် နှိမ်နင်းရေးအဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ Chiangmai News က သတင်းဖော်ပြပါတယ်။