မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ ဘုန်းကြီးကျောင်းကို အကြမ်းဘက် စစ်အုပ်စုက ဒရုန်းနဲ့ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

ဇူလိုင်လ ၂၆ ရက် မနက် ၁၀ နာရီလောက်မှာ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ မျက်ရှုရွာ ဘုန်းကြီးကျောင်းကို စစ်အုပ်စုက ထိတွေ့ပစ်ခတ်မှုတွေ မရှိဘဲ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင်ပြည်သူ ၆ ယောက် သေဆုံးပြီး ၇ ယောက်ထက် မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“ထိတွေ့မှုမရှိဘဲနဲ့ စစ်ရှောင်တွေရှိတဲ့နေရာကို သူတို့က ရွေးပြီးတော့ ချနေကြတာပဲ။ ၅ ယောက်ကတော့ ပွဲချင်းပြီးသေတယ်။ တစ်ယောက်ကတော့ ဆေးရုံရောက်မှသေတာ၊ ဒဏ်ရာရတဲ့သူက ၇ ယောက်လောက် ရှိတယ်လို့ကြားတယ်။ အဲ့ထဲက ၂ ယောက်က ဆေးရုံတင်ထားရတယ်” လို့ နွားထိုးကြီးနယ်ခံ တစ်ယောက်က မောင်းကို ပြောပါတယ်။

အဆိုပါ မျက်ရှုရွာဘုန်းကြီးကျောင်းမှာ ကျေးရွာ ၃ ရွာဝန်းကျင်က ဒေသခံတွေ လာရောက်စစ်ရှောင်နေတာ လပိုင်းခန့်ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒီနေ့မနက်မှာလည်း စစ်ကောင်စီတပ်သားတွေက မျက်ရှုရွာ အနီးဝန်းကျင် ရွာတွေကို စစ်ကြောင်းထိုးလာတဲ့အတွက် တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

“လေယာဥ်တွေက စစ်ရှောင်တွေလည်း မချန်ဘူး။ ဘုန်းကြီးကျောင်းလည်း တည့်တည်ကြီး ချတာပဲ။ ဘုန်းကြီးကျောင်းမှာ ဘာမှမရှိဘဲနဲ့ ချတာပဲ။ စာသင်ကျောင်းတွေလည်း ချထားတာပဲ။ ပြည်သူတွေ နေထိုင်တဲ့ရွာတွေပေါ်လည်း ကြဲတာပဲ။ ပြည်သူတွေက လေကြောင်းဒဏ်ကို အလူးအလိမ့် ခံစားနေကြရတယ်” လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ လေယာဥ်ကွင်းတွေကို အများဆုံးပစ်မှတ်ထား တိုက်ခိုက်စေလိုကြောင်း၊ တာဝန်ရှိသူတွေအနေနဲ့ တိုက်ခိုက်နေတဲ့ ရဲဘော်တွေကို လက်နက်ခဲယမ်းတွေ ချပေးစေလိုကြောင်းလည်း သူက ဖြည့်စွက်ပြောခဲ့ပါသေးတယ်။

ဇူလိုင်လ ၂၃ ရက်နေ့ကလည်း နွားထိုးကြီးမြို့နယ် တောင်ဘက်ခြမ်းက ရှေးဟောင်း စေတီပုထိုးတွေကို Gyrocopter ၂ စီးနဲ့ လာရောက်ပစ်ခတ်ခဲ့လို့ စေတီပုထိုးများစွာ ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ခြင်မှ ကူးစက်နိုင်သည့် ရောဂါများကို ကာကွယ်ရန် မြို့နယ် (၁၂) ခုမှ စစ်ရှောင်များနှင့် ဒေသခံများအတွက် ခြင်ထောင်များ AA ထောက်ပံ့၊ စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် ပျက်စီးနေသည့် အဆောက်အဦးများတွင် ခြုံနွယ်များ ပေါများလာပြီး ခြင်များ ပိုမိုပေါက်ဖွားလာဟု ဆို

ရခိုင်ပြည်နယ်အတွင်း မြို့နယ် (၁၂) မြို့နယ်မှာ ခြင်ကတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကို ကာကွယ်ဖို့ စစ်ဘေးရှောင်တွေနဲ့ ဒေသခံပြည်သူတွေကို ခြင်ထောင်တွေ ထောက်ပံ့ပေးခဲ့တယ်လို့ အာရက္ခတပ်တော် (AA) ရဲ့လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

တိုင်းရင်းသားလက်နက်ကိုင်များ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ တောင်းဆိုဖို့ မင်းအောင်လှိုင် ပြော

တိုင်းရင်းသားလက်နက်ကိုင်တပ်‌ဖွဲ့ EAOs တွေအနေနဲ့ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ တောင်းဆိုသင့်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
Read More

စက်တင်ဘာ လဝက်အတွင်း KNU တပ်မဟာ (၅) နယ်မြေမှာ တိုက်ပွဲပေါင်း ၆၀ ကျော်ဖြစ်ပွါးပြီး စစ်ကောင်စီတပ်သား ၁၈ ယောက်သေ

KNU တပ်မဟာ (၅) ထိန်းချုပ်ရာ ဖာပွန်ခရိုင်မှာ စက်တင်ဘာလဝက်အတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲပေါင်း ၆၃ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU က အသိပေး ထုတ်ပြန်ပါတယ်။
Read More

ကရင်တစ်မျိုးသားလုံးအတွက် သာမက တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေလွတ်မြောက်ဖို့ တိုက်ပွဲဝင်နေတာလို့ သူရဘွဲ့ရ ဗိုလ်ဒါဘော ပြော

စစ်အာဏာရှင် အမြစ်ဖြတ် တော်လှန်ရေးလုပ်နေတာဟာ ကရင်တစ်မျိုးသားလုံးအတွက်တင်မဟုတ်ဘဲ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေလွတ်မြောက်ဖို့ တိုက်ပွဲဝင်နေတာဖြစ်တယ်လို့ ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောကိုကို (ခေါ်) စောဒါဘောက ပြောဆိုလိုက်ပါတယ်။
Read More

ကျောက်ကြီးနှင့် မူးမြို့နယ်မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား (၃) ဦး သေဆုံးပြီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နဲ့ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၃) ယောက် သေဆုံးခဲ့ပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်(၈)လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါခရိုင်အတွင်း စစ်အုပ်စုက လေးရက်ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်နေပြီး ထိခိုက်ပျက်စီးမှုများ ရှိနေ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်မှာ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ တရစပ်လု​ပ်​ဆောင်နေတဲ့အတွက် ဆိုးဆိုးရွားရွား ထိခိုက်မှုမရှိအောင် အရပ်သားတွေအနေနဲ့ ဗုံးခိုကျင်းတွေတူးပြီး၊ သတိပြုနေထိုင်ကြဖို့ လိုအပ်တယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုရောင်နီက မောင်းကို ပြောပါတယ်။