မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်နဲ့ ဝမ်းတွင်းမြို့နယ်တွေမှာ စစ်ကောင်စီက ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆိုးဆိုးရွားရွား လုပ်ဆောင်နေတာကြောင့် ဒေသခံတွေ ကြောက်လန့်တကြား တိမ်းရှောင်နေရကြောင်း စစ်ရေးသတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။

ညောင်ဦးမြို့နယ်အတွင်းက ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့ကစလို့ စစ်ကောင်စီလက်ပါးစေ ထွေအုပ်ရုံးက ဦးဆောင်ကာ ပေါ်တာဆွဲဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာဖြစ်ပြီး သတ်မှတ်ထားတဲ့ လူဦးရေရရှိအောင် ရွာခံ ပျူစောထီးနဲ့ စစ်တပ်သတင်းပေးဆိုသူတွေက ကူညီပေးနေကြောင်း သိရပါတယ်။

စံပြ၊ ထရိုင်းတော၊ အထက်ညဥ့်၊ သစ်ထောင့် ကျေးရွာတွေမှာ ပေါ်တာဆွဲဖမ်းဆီးတာတွေရှိခဲ့ပြီး ကျောက်ပန်းတောင်းအခြေစိုက် စစ်တပ်ရင်းတွေဆီ ပို့ဆောင်ကြောင်း ညောင်ဦးမြို့နယ်ပကဖ တာဝန်ရှိသူ ကိုဇီးက မောင်းကို ပြောပါတယ်။

“နောက်လ (သြဂုတ်) ၁၅ရက်နေ့အထိ ဆွဲမယ်လို့ကြားတယ်။ ထွေအုပ်ရုံးကပဲ ဦးဆောင်လုပ်တာပါ။ ၂ ရက်အတွင်းကို ၁၀ ယောက်လောက် အဆွဲခံထားရတယ်။ ကျနော်တို့ညောင်ဦးမှာ ရပ်ကျေးအုပ်ကြီးတွေကတော့ မလုပ်ရဲတာများတယ်။ အသတ်ခံရတဲ့သူက အသတ်ခံရ၊ ပြေးတဲ့သူကပြေးနဲ့ တော်တော် ရှားသွားပြီ။ အခုက ရွာခံဒလန်တွေ ပျူတွေနဲ့ ထွေအုပ်ပေါင်းလုပ်တာပါ” လို့ ညောင်ဦးမြို့နယ်ပကဖ တာဝန်ရှိသူ ကိုဇီးက မောင်းကို ပြောပါတယ်။

လက်ရှိအခြေအနေအရ ညောင်ဦးမြို့ပေါ်ရပ်ကွက်တွေနဲ့ ခရီးသွားတွေလည်ပတ်ရာ ပုဂံမြို့သစ်လောက်မှာသာ စစ်ကောင်စီယန္တရား လည်ပတ်နိုင်တော့တာဖြစ်ကြောင်းနဲ့ တော်လှန်ရေးအပေါ် စိတ်ဝင်စားမှုအားနည်းနေကြကြောင်း၊ ရပ်ကျေးပြည်သူ့စစ်အဖွဲ့တွေထဲ ဝင်ရောက်ကြသူများကြောင်း သိရပါတယ်။

အထူးသဖြင့် ညောင်ဦးမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ သီရိမဂလာ၊ သာယာဝတီ၊ တိုက်ကုန်း၊  မင်္ဂလာသာစည်ရပ်ကွက်တွေမှာ ပျူစောထီးထဲဝင်ရောက်သူတွေ ပိုပြီးများလာတယ်လို့လည်း သိရပါတယ်။

“အခုက မြို့ပေါ်ကလူတွေက တော်လှန်ရေးစိတ်ဝင်စားကြတာ အားနည်းတယ်။ လူကြီးလူငယ် မဆိုင်သလို နေကြတာများတယ်။ အဲ့နေရာတွေမှာပဲ စကစယန္တရား စိုးမိုးနိုင်တော့ပါတယ်။ ညောင်ဦးနယ်ထဲ စစ်ကြောင်းထိုး မီးရှို့ခံထားရတဲ့ရွာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် မြို့ပေါ်မှာတော့ စိတ်မဝင်စားဘဲ ကိုယ့်စီးပွားရေးပဲ ကိုယ်လုပ်ကြတာ များတယ်။ ပေါ်တာဆွဲတာတွေကလည်း ရွာတွေကိုပဲ အဓိကထားဝင်ဆွဲတာပါ” လို့ ညောင်ဦးမြို့နယ်ပကဖ တာဝန်ရှိသူ ကိုဇီးက မောင်းကို ပြောပါတယ်။

ဒါ့အပြင် မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှာလည်း မိတ္ထီလာလေတပ်က ဦးဆောင်ပြီး ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်ဆောင်နေရာ ဝမ်းတွင်းမြို့နယ်အတွင်းက ရွှေတွင်းတူးဆည်၊ တောင်ဆည်၊ ရွာသစ်၊ ကျောင်းကုန်း၊ ခံဘဲ့၊ အိုမတွေ့၊ သဖန်း၊ စိန်ပန်းပင်၊ ပန်းကြိုင်၊ ပန်းခြံစတဲ့ ရွာတွေနဲ့ မိတ္ထီလာ-ပင်းတလဲ လမ်းပိုင်းက အရပ်သားတွေ ဖမ်းဆီးခံရကြောင်း Voice Of Wundwin အဖွဲ့က ဖော်ပြပါတယ်။

စစ်ကောင်စီ ဖမ်းဆီးခဲ့သူတွေထဲ အရပ်သား အခြေခံအလုပ်သမားအများစု ပါဝင်သလို ငွေကြေးတောင်းခံနိုင်မယ့် ကျောင်းသားလူငယ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီရဲ့ မတရားစစ်မှုထမ်းအပတ်စဥ် ၁၅ အထိရောက်ရှိနေပြီဖြစ်သလို စစ်ခေါင်းဆောင်က လူငယ်တွေကို ပြည်ပထွက်ခွင့်ပိတ်တာ၊ ခံဝန်ကတိထိုး စစ်မှုထမ်းစေတာတွေအပြင် မက်လုံးပေးခြိမ်းခြောက်တာတွေလည်း ရှိလာတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဝေါနှင့်ရွှေကျင်တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ ထိတွေ့တိုက်ပွဲ နေ့စဥ်ရှိနေပြီး နှစ်ဖက်ထိခိုက်များမှုရှိ

ပဲခူးတိုင်း၊ ဝေါမြို့နယ်နဲ့ ရွှေကျင်မြို့နယ်တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေရဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ရှိနေပြီး စစ်ကောင်စီဘက်က ၁၀ယောက်ထက်မနည်း ထိခိုက်သေဆုံးကာ တော်လှန်ရေးဘက်ကလည်း ကျဆုံးမှုတွေရှိကြောင်း တောင်ညိုစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
Read More

ရုရှားကနေ မှာယူထားတဲ့ Su-30SME အမျိုးအစား လေယာဉ် ၆ စင်းလုံး စစ်ကောင်စီထံ ပေးပို့ပြီးပြီ ဟု ဆို

စစ်ကောင်စီက မှာယူထားတဲ့ ဘက်စုံသုံး တိုက်လေယာဉ်  Su-30SME အမျိုးအစား လေယာဉ် ၆ စင်းကို ရုရှားက မြန်မာနိုင်ငံကို ပေးပို့လိုက်ပြီဖြစ်ကြောင်း ကမ္ဘာ့စစ်လက်နက်သတင်းတွေကို ဖော်ပြနေတဲ့ Army Recognition Group ကရေးသားထားပါတယ်။
Read More

ရွှေကျင် ခမရ ၅၉၈ တပ်ရင်းဌာနချုပ်သိမ်းတိုက်ပွဲမှ စစ်ဆင်ရေးမှတ်တမ်းအချို့ Cloud Wings ထုတ်ပြန်

စစ်ကောင်စီ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ-၅၉၈ တပ်ရင်းဌာနချုပ်ကို ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ပူးပေါင်းမဟာမိတ်တော်လှန်ရေးတပ်တွေက ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ PDFစစ်ရုံးချုပ်က ဒီကနေ့ သတင်းထုတ်ပြန်ပြီးဖြစ်ပါတယ်။
Read More

ရေးဘီလူးတိုက်ခိုက်မှုကြောင့် ဗိုလ်ကြီးဟောင်းနဲ့ အုပ်ကြီးအပါအဝင် ၆ယောက်နီးပါး ဆေးရုံရောက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ရေးဘီလူးတော်လှန်ရေးတပ်ဖွဲ့က မနေ့က နိုဝင်ဘာ ၂၃ ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
Read More

အထက်မင်းလှ ပကဖရဲ့ အခြေခံစစ်ပညာ အပတ်စဥ် ၅ သင်တန်းမှာ စစ်မှုထမ်းရှောင်လူငယ်တွေ ပိုမိုပါဝင်လာ

မကွေးတိုင်း၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်အခြေစိုက် အထက်မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အပတ်စဥ် ၅ စစ်သင်တန်းမှာ မင်းလှမြို့နယ်အပါအဝင် ထိစပ်နေတဲ့မြို့နယ်တွေက လူငယ်တွေ ပိုမိုပါဝင်လာတယ်လို့ အဖွဲ့ တာဝန်ရှိသူ ကိုရန်ကြီးအောင်က မောင်းကိုပြောပါတယ်။
Read More

မတ္တရာမှာ စစ်ကောင်စီတပ်ဆီ လက်လွှတ်ခဲ့ရတဲ့ စစ်တပ်စခန်းတချို့ကို MDY-PDF ပြန်လည်သိမ်းပိုက်ထား

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက တော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီးမှ ပြန်လက်လွှတ်ခဲ့ရတဲ့ တပ်စခန်းတွေကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရာ ကျေးရွာ ၃ ရွာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။