ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၅၉၀ တပ်ရင်း ရှေ့တန်းစစ်ကြောင်း ရုံးစိုက်ရာစခန်းကို တိုက်ခိုက်သိမ်းပိုက်မှုမှာ စစ်ကောင်စီအလောင်း ၄ လောင်းနဲ့ လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရရှိခဲ့တယ်လို့ ပဲခူးခရိုင် တပ်ရင်း (၂) – P23702 ရဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက် ညပိုင်းကစလို့ ကျောက်ကြီးမြို့နယ်၊ ရင်းတိုက်ကုန်းကျေးရွာမှာရှိတဲ့ ခမရ ၅၉၀ တပ်ရင်းရဲ့ ရှေ့တန်းစခန်းကို KNLA နဲ့ PDF တပ်ရင်း ၂ခုက ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အထက်ပါ စခန်းကုန်းကို တော်လှန်ရေးတပ်တွေက အချိန် ၆နာရီကျော်ကြာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး နောက်တစ်နေ့မနက် အစောပိုင်းမှာပဲ စစ်ကောင်စီတပ်သားတွေ ထိခိုက်ဒဏ်ရာကိုယ်စီနဲ့ ထွက်ပြေးကုန်တာကြောင့် ရွာရော စခန်းပါ ထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့ ပဲခူးခရိုင်တပ်ရင်း (၂) – P23702 က ထုတ်ပြန်ပါတယ်။

ဒီစခန်းသိမ်းတိုက်ပွဲကို စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေး၊ ဗျူဟာ ၂၅ ကွပ်ကဲမှုအောက်က ရိုးမ (၂) အထူးကွန်မန်ဒိုတပ်ရင်းနဲ့အတူ ပဲခူးခရိုင် တပ်ရင်း (၂) – P23702 နဲ့ KNLA တပ်ရင်း (၉) ပူးပေါင်းအဖွဲ့တို့က ဖော်ဆောင်ခဲ့တာလို့ သိရပါတယ်။

“အဲ့စခန်းက ကျောက်ကြီး-နတ်သံကွင်း လမ်းကြောမှာပါပဲ။ လမ်းဘေးတော့ မကျဘူး။ သွားရတယ်။ စစ်ကောင်စီအင်အားက ၅၀နဲ့ ၆၀လောက်ရှိပါတယ်။ မိုးတွင်းဆိုတော့ ရွှံ့တွေ ဗွက်တွေထဲ ခက်ခက်ခဲခဲ တိုက်ခဲ့ရတယ်။ ဒါပေမယ့် စနစ်တကျ ဗျူဟာဆွဲပြီး တိုက်ခဲ့တာပါ။ ညကနေ တိုက်တာ မနက် ၆နာရီလောက်ကျ သူတို့တွေ ဗျူဟာထိုင်တဲ့ နတ်သံကွင်းကို ပြန်ဆုတ်သွားလို့ ရွာရောစခန်းပါ ထိန်းချုပ်နိုင်ခဲ့တာပါ။” လို့ ပဲခူးခရိုင်တပ်ရင်း(၂) – P23702 ရဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

တိုက်ပွဲအပြီး စစ်ကောင်စီအလောင်း ၄လောင်းနဲ့အတူ ၈၁ မမ (၁) လက်၊ ၆၀ မမ (၁) လက်၊ ၆၀ ကွန်မန်ဒို (၁)လက်၊ RPG (၁) လက် MA11 (၆) လက်၊ MA3 (၁) လက်၊ ဆက်သွယ်ရေးစက် (၁) လုံး၊ ဂျန်မာ (၂) လုံး၊ မီးစက် (၂ ) လုံး ၊ ၈၁သီး (၃) လုံး၊ ၆၀ သီး (၁၄) လုံး၊ RPG သီး (၂) လုံး၊ ခမောက် (၆) လုံး၊ ၁၈ မိုင်း (၁၀) လုံး၊ ၁၄ မိုင်း (၂၀) လုံး နဲ့ ကျည်မျိုးစုံ (၄၀၀၀) အပါအဝင် စစ်အသုံးအဆောင်နဲ့ ဆက်စပ်ပစ္စည်းအများအပြားကို တော်လှန်ရေးတပ်တွေက သိမ်းဆည်းရရှိခဲ့ပါတယ်။

ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်လည်း ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရခဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။

“ကျနော်တို့ လိုချင်တဲ့ ရည်မှန်းချက်ရော လက်နက်တွေရော ရခဲ့ပေမယ့် ပေးဆပ်လိုက်ရတဲ့ ရဲဘော်တွေအတွက်တော့ အထူးကိုဝမ်းနည်းရပါတယ်။ သူတို့အတွက် ဒီတော်လှန်ရေးပြီးဆုံးတဲ့အထိ တိုက်ပွဲဝင်သွားမယ့်စိတ် ရှိပါတယ်” လို့ ပဲခူးခရိုင်တပ်ရင်း (၂) – P23702 ရဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အဲ့ဒီနေ့ တစ်ရက်တည်းမှာပဲ ကျောက်ကြီးမြို့နယ်၊ လက်ပတ်ကျေးရွာ စစ်ကောင်စီအထိုင်စခန်းကို KNLA နဲ့ PDF တပ်ရင်းတွေက ဝင်ရောက်တိုက်ခိုက်ရာမှာ အလားတူ အောင်ပွဲ ရရှိခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

အရပ်သား ၆ ယောက် သေဆုံးခဲ့တဲ့ မိုးကုတ်မြို့က စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ကို NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်အသေးစိတ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကြောရေးတွင် မသေရုံတမယ် ရိုက်နှက်ခံရပြီး ပြန်လွတ်လာသည့် တော်လှန်လူငယ်တစ်ဦး

အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာလူငယ် အတော်များများဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေထဲကို အသီးသီး ဝင်ရောက်သွားခဲ့ကြပါတယ်။
Read More

ဖယ်ခုံမြို့နယ်၊ လအိကျေးရွာတောင်ထိပ်မှာ တည်ထားတဲ့ တောင်ပေါ်ဘုရားက ဗုဒ္ဓ​ရုပ်ပွားတော်တွေ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခံထားရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က လအိကျေးရွာ တောင်ပေါ်မှာတည်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခံထားရတဲ့အတွက် ပြည်သူတွေကြား ထိတ်လန့်မှု ဝေဖန်မှုတွေဖြစ်နေကြတယ်လို့ ဒေသခံတွေဆီက တဆင့် သိရပါတယ်။
Read More

ညောင်ဦးမြို့နယ် ပကဖ ရဲ့ လက်နက် တပ်ဆင်ခြင်းနဲ့ သင်တန်းဆင်းပွဲ အခမ်းအနား (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို လက်နက် တပ်ဆင်ခြင်းနဲ့ သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကို ပုဂံပြည်ဘီလူးတပ် (ညောင်ဦး ပကဖ) က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဖားကန့်နယ်ထဲမှာ ၂ လအတွင်း စစ်ကောင်စီတပ်သားတွေ ရဲ့ လက်ချက်ကြောင့် အရပ်သားသေဆုံးသူ ၃၉ ဦးအထိ ရှိလာ…

“ ဒီနေ့ လမ်းဆုံမှာ ပစ်ခတ်ခံရတယ်အသံကြားမှ သွားကြည့်တော့ ဆေးသမားတစ်ယောက်ကလှဲနေပြီးပေါ့ သေဆုံးပြီးတော့လှဲနေပြီးပစ်သွားတဲ့ကျည်ခွံလည်းတွေ့တယ်ဘယ်လိုပုံစံဖြစ်သွားလဲဆိုတော့မသဲကွဲလိုက်ကြဘူး လမ်းဘေးက ဆေးသမားတွေကိုအခုပစ်တာ စုစုပေါင်းဆိုရင် ၁၀ ယောက်လောက်ရှိပြီး ဘယ်သူပစ်လဲဆိုတာအခုချိန်ထိမသိသေးဘူး ” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဘီးလင်းအနီးက ကျေးရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၊ လူနေအိမ် ၁၇ လုံး ပျက်စီး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တဂေးလောင်းကျေးရွာနဲ့ ဘုန်းကြီးကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။