စစ်ကိုင်းတိုင်း၊ ကသာမြို့ဆိပ်ကမ်းကနေ ထွက်လာတဲ့ စစ်သင်္ဘောတွေကို လုံခြုံရေးယူပေးတဲ့ စစ်အုပ်စုက လေကြောင်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဘုရားစေတီတွေ ထိမှန်ပျက်စီးသွားသလို ဒေသခံပြည်သူတွေလည်း ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ကသာမြို့နယ် ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင်လ ၂၆ ရက် မနက်ပိုင်းမှာ စစ်သင်္ဘောတွေက ဧရာဝတီမြစ်ကြောင်းတလျှောက် ထွက်ခွာလာစဥ် အဆိုပါ မြစ်ကြောင်းတလျှောက်က ကျေးရွာတွေဘက်ကို လက်နက်ကြီးငယ်တွေနဲ့ တရစပ် ရမ်းသမ်းပစ်ခတ်ခဲ့သလို Y12 လေယာဥ်တွေနဲ့လည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီနောက် မနက် ၁၁နာရီခွဲလောက်မှာ စစ်ကောင်စီတပ်သားတွေက မိုးတားလေး – မြေနုကျေးရွာထဲကို Y12 လေယာဥ်နဲ့ ဗုံးတစ်လုံး ကြဲချခဲ့ပါတယ်။ ဒါ့အပြင် နေ့လယ် ၁၂ နာရီလောက်မှာလည်း မိုးတားလေးရွာထဲကို ဂျက်ဖိုက်တာနဲ့ ဗုံးသီး ၂ လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတစ်ယောက် ထိမှန်သေဆုံးပြီး ၃ ယောက် ဒဏ်ရာရကာ ဘုရားကုန်းရှိ စေတီပုထိုးနဲ့ အဆောက်အဦတွေ ထိမှန်ပျက်စီးသွားတယ်လို့ သိရပါတယ်။

တဆက်တည်းမှာပဲ လယ်အင်းကျေးရွာကို လေကြောင်းတိုက်ခိုက်တဲ့အတွက် အမျိုးသားတစ်ယောက် ဒဏ်ရာရရှိခဲ့သလို ရွှေကူမြို့နယ် ဘိုကုန်းကျေးရွာထဲကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့လို့ ဒေသခံတစ်ယောက် ထိမှန်သေဆုံးခဲ့ပါသေးတယ်။

“သူတို့က ထိတွေ့မှုတော့ မရှိပါဘူး။ သူတို့က ဒီသင်္ဘောလမ်းကြောင်း ရှင်းတဲ့အနေနဲ့ လေယာဥ်နဲ့ ပတ်ကြဲတဲ့သဘောပါပဲ။ ဒီအတိုင်း အရပ်သားတွေပဲ ခံရတာပေါ့။ ကသာကနေ သင်္ဘောစထွက်ပြီဆိုတာနဲ့ ကြားကရွာတွေ၊ မြစ်ကမ်းနားကရွာတွေ အကုန်လုံးကို Y12 နဲ့ရော ဂျက်ဖိုက်တာနဲ့ရော အကုန်လုံးကို ပတ်ကြဲသွားတာ” လို့ ကသာနယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အဆိုပါ စစ်သင်္ဘောတွေဟာ ဇူလိုင် ၁၇ ရက်နေ့က မန္တလေး ဂေါဝန်ဆိပ်ကမ်းကနေ ထွက်လာတဲ့ သင်္ဘောတွေဖြစ်ပြီး ဇူလိုင်လ ၂၃ ရက်နေ့မှာ ထီးချိုင့်မြို့နယ်ထဲကို ရောက်ရှိသွားပြီဖြစ်ကာ မြစ်ကမ်းဘေးတလျှောက် ကျေးရွာနေ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

မိုးတားလေး − မြေနုကျေးရွာထဲ စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုရားစေတီများ ထိမှန်ပျက်စီးသွားပုံ (ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

မတ္တရာ-ဆည်တော်လမ်းပိုင်းမှာ စစ်ကောင်စီဆီက သိမ်းဆည်းရမိတဲ့ Canter ကားကို ပိုင်ရှင်ဖြစ်သူဆီ မိုး​ကြိုးစစ်ကြောင်း၊ တိုက်နယ်-၃ ၊ ပကဖ ပြန်လည်အပ်နှံ…

ရှမ်း- မန်းစစ်ဆင်ရေးအတွင်း ​အကြမ်းဖက်စစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်ရာက သိမ်းဆည်းရရှိခဲ့တဲ့ Canter ကားကို မူရင်းပိုင်ရှင်ဖြစ်သူဆီ ပြန်လည်ပေးအပ်ခဲ့တယ်လို့ မိုးကြိုးစစ်ကြောင်း၊ တိုက်နယ် (၃) ပကဖ တာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

သီပေါမြို့က ခမရ-၅၀၃ နဲ့ ၅၀၄ တပ်စခန်းအတွင်း ဖမ်းဆီးရမိထားတဲ့ စစ်တပ်မိသားစုဝင် (၁၉၁) ယောက်ကို TNLA ပြန်လွှတ်ပေး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ အခြေစိုက်တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း (၅၀၃) နဲ့ (၅၀၄) စခန်းတို့ကို တအာင်းတပ်မတော် TNLA တိုက်ခိုက်သိမ်းပိုက်ချိန် ဖမ်းဆီးရမိထားတဲ့ တပ်မိသားစုဝင် (၁၉၁) ယောက်ကို အောက်တိုဘာလ ၁၂ ရက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်က စစ်ဆေးရေးဂိတ်ကို PDF က ဝင်ရောက်တိုက်ခိုက်

ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ် မိုင်တိုင် ၃၁၉ က စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို နွားထိုးကြီးPDF က ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ ဝါဒဖြန့်အဖွဲ့ခေါင်းဆောင် ဇော်မင်းထွန်း နှင့် ရုပ်ရှင်သရုပ်ဆောင်တချို့ကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က စည်သူဘွဲ့ပေးအပ်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူနဲ့သူ့ရဲ့အကြမ်းဖက်စစ်တပ်အတွက် ဝါဒဖြန့်နေသူ ဇော်မင်းထွန်း နဲ့ ရုပ်ရှင်သရုပ်ဆောင်တချို့ကို ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ် တွေ ပေးအပ်လိုက်တယ်လို့ သိရပါတယ်။
Read More

ရွှေဘိုတွင် ပျူစောထီးရွာကိုသွားသည့် ဒုရဲအုပ်နှင့် ရဲတပ်သား ကြားဖြတ်ပစ်ခတ်ခံရပြီး ၂ ဦးလုံး သေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပျူစောထီးရွာကို သွားတဲ့ ဒုရဲအုပ်နဲ့ ရဲတပ်သားတို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ရာ ရဲ ၂ ယောက်လုံး သေဆုံးပြီး သေနတ်၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် (၄) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လားရှိုးမြို့ပေါ်က လူနေရပ်ကွက်ပေါ်ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲလို့ ပြည်သူအချို့ ထိခိုက်သေဆုံးမှုများရှိခဲ့

MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်က လားရှိုးမြို့ကို စစ်ကောင်စီက စက်တင်ဘာ ၂၈ ရက်ညပိုင်းမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတွေ ထိခိုက်သေဆုံးမှု အချို့ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။