တနင်္သာရီတိုင်း၊ ကလိန်အောင်မြို့၊ ထားဝယ်ခီးကျေးရွာအုပ်စုအတွင်းရှိ ကလိန်အောင်စစ်ကောင်စီ ခလရ (၂၈၂) တပ်ရင်းဧရိယာ ဓာတ်ငွေ့ပိုက်လိုင်း အနီး အမျိုးသား အလောင်းတစ်လောင်းကို ဇူလိုင်လ (၂၂) ရက်မှာ ဒေသခံတွေ တွေ့ရှိခဲ့ကြောင်း KNU က ထုတ်ပြန်ထားပါတယ်။

အလောင်းတွေ့ရှိတဲ့နေရာဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ(၂၈၂) တပ်ရင်း နောက်တန်းဌာနချုပ်နဲ့ မီတာ ၂၀၀၀ ခန့်သာ ဝေးတဲ့ တပ်ရင်းတာဝန်ယူထားရာ လုံခြုံရေးနေရာဖြစ်ပြီး ဖြစ်စဉ်မတိုင်ခင် ၂ ရက်ခန့်က အလောင်းတွေ့ရှိတဲ့နေရာနဲ့ မီတာ ၅၀၀ ခန့်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ အခြေပြု လှုပ်ရှားနေခဲ့တယ်လို့ ဆိုပါတယ်။

ဒါဟာ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက အပြစ်မဲ့ ပြည်သူတစ်ယောက်ကို အတင်းအဓမ္မစစ်ဆေးပြီး လူမဆန်စွာ သတ်ဖြတ်ခဲ့တာသာ ဖြစ်‌တယ်လို့လည်း KNU က ထုတ်ပြန်ထားပါတယ်။

ဒေသခံများ တွေ့ရှိသည့် အမျိုးသားအလောင်းနှင့် တွေ့ရှိသည့်နေရာပြ မြေပုံ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

အဓမ္မပေါ်တာဆွဲခံခဲ့ရသည့် စစ်မှုထမ်းတပ်သားတစ်ဦး လက်ပစ်ဗုံးနှင့် ကျည်များ ယူဆောင်ကာ အလင်းဝင်

မန္တလေးတိုင်း တောင်သာမြို့ဂိတ်ကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားတစ်ယောက် လက်ပစ်ဗုံးနဲ့ လက်နက်ကျည်တွေ ယူဆောင် အလင်းဝင်ရောက်လာတယ်လို့ တောင်သာမြို့နယ် ပကဖ ထံက သိရပါတယ်။
Read More

ကန့်ဒေါင့်ရဲစခန်းကို စစ်ကောင်စီတပ် လေကြောင်းပစ်ကူတိုက်ခိုက်မှု အကြိမ် ၂၀၀ ကျော် ပြုလုပ်ခဲ့သည့်ကြားမှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ အမျိုးသမီး ရဲဘော်များ ပါဝင်တိုက်ခိုက်ခဲ့

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကန့်ဒေါင့်ရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ရဲ့ ဦးဆောင်မှုနဲ့ မဟာမိတ်တပ်ပေါင်းစုက ဇွန်လ ၁၉ ရက် မနက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့ပြီး PLA က အမျိုးသမီး ရဲဘော်တွေလည်း ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

အိုးဘိုထောင်တွင် ၅၀၅ (က)ဖြင့် အကျဥ်းကျနေသူ တစ်ထောင်ကျော်အနက် ၂၃၂ ဦးသာ လွတ်မြောက်ခဲ့ကြောင်း PPNM ထုတ်ပြန်

အကြမ်းဖက်စစ်ကော်မရှင်ဟာ မကြာခင် ကျင်းပမယ့် သူတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့အတွက် ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးအကျဥ်းချခံထားရသူတွေကို လွှတ်ပေးကြောင်း ကြေညာထားပေမယ့် မန္တလေး အိုးဘိုထောင်အတွင်း ပုဒ်မ ၅၀၅ (က) နဲ့ အကျဥ်းချခံထားရသူတွေထဲက ၅ပုံ ၁ပုံခန့်သာ လွတ်မြောက်လာခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။
Read More

မဲမသမာလုပ်သည်ဟုဆိုကာ ပြည်သူ့အစိုးကို အဓမ္မဖြတ်ချခဲ့သည့် စစ်တပ်က ၎င်းတို့ကိုယ်တိုင် ပြုလုပ်သော ရွေးကောက်ပွဲတွင် အငြင်းပွားဖွယ်ရာ ကြိုတင်မဲများဖြင့် စစ်တပ်ပါတီကို အသာစီးပေးနေ

မကြာမီက ကျင်းပခဲ့တဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအတု အပိုင်း(၁) မှာ ကြိုတင်မဲအငြင်းပွားမှုတချို့ ဖြစ်ပေါ်ခဲ့တယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar က ဇန်နဝါရီ ၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
Read More

ရွေးကောက်ပွဲကျင်းပပြီး အာဏာလွှဲအပ်မယ်၊ စစ်မြေပြင်မှာ အသက်နဲ့လဲ တာဝန်ထမ်းကြပါဟု ဗိုလ်လောင်းတွေကို မင်းအောင်လှိုင်ပြော

နိုင်ငံအတွက် စစ်မြေပြင်မှာ အသက်နဲ့လဲပြီး တာဝန်ထမ်းဆောင်ပေးဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ညောင်ဦးနယ် ကျေးရွာများတွင် စစ်ကြောင်းရော ပေါ်တာဆွဲမှုပါ ဆိုးရွားနေသည့်အတွက် ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေက ကျေးရွာတွေထဲ အင်အားအလုံးရင်းသုံး စစ်​ကြောင်းဝင်ရောက်​နေသလို ပေါ်တာဆွဲဖမ်းဆီးတာတွေလည်း ဆက်တိုက်လုပ်ဆောင်နေကြောင်း Yan Gyi Aung People's Defense Force တာဝန်ရှိသူက မောင်းကိုပြောပါတယ်။